Cut, Copy, Paste တို့ရဲ့ဖခင် Larry Tesler ကွယ်လွန်

Cut, Copy, Paste တို့ရဲ့ဖခင် Larry Tesler ကွယ်လွန်
- - - - -
သင်သာ ကွန်ပျူတာနဲ့စဉ်ဆက်မပြတ်ထိတွေ့နေရတဲ့သူဆိုရင် Cut (Ctrl + X) / Copy (Ctrl + C) / Paste (Ctrl + V) ဆိုတဲ့ command သုံးခုကို မသိပဲနေမှာမဟုတ်ပါဘူး။
ယနေ့မှာတော့ အဆိုပါ အသုံးဝင်လှတဲ့ command တွေကိုစတင်ဖန်တီးခဲ့တဲ့ programming ဖခင် Larry Tesler ဟာ အသက် ၇၄ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပြီဖြစ်ပါတယ်။
Larry Tesler ကို 1945 မှာ The Bronx, New York မှာမွေးဖွားခဲ့ပြီး နည်းပညာရပ်ဝန်းဖြစ်တဲ့ Silicon Valley ကို 1960 အစောပိုင်းကာလတွေမှာ ရောက်ရှိခဲ့တာဖြစ်ကာ Xerox, Apple, Amazon နဲ့ Yahoo တို့လို ကုမ္ပဏီကြီးတွေမှာလည်း ပါဝင်လုပ်ကိုင်ခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း Feb 17, 2020 ကမှကွယ်လွန်သွားခြင်းဖြစ်ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၄ နှစ်ရှိပြီဖြစ်ပါတယ်။
Photo: @Gizmodo
Credit…Original Author
Credit..photo
လေးစားစွာဖြင့်
NayLinHtet (အိုင်တီလမ်းညွှန်)
ပြန်လည်ကူးယူဖော်ပြပါသည်။