Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Sunshade(အမိုး) များ အကျိုးကျေးဇူး

February 21, 2023 261 views
Sunshade(အမိုး) များ အကျိုးကျေးဇူး

Sunshade (ဆန်းရှိတ်) အမိုးများအကြောင်း

 မိတ်ဆက် 

ဆန်းရှိတ်တွေကို အခန်းတွင်းအတွက် နေ၊ မိုး၊ လေဒဏ်ကာပေးဖို့အတွက်နဲ့ အခန်းတွင်း နေထိုင်သူတွေအတွက် အလုံးစုံသော သက်သောင့်သက်သာဖြစ်မှု တိုးပွားစေဖို့အတွက် တိုးမြှင့်အသုံးပြုလာနေကြပါတယ်။



အဆောက်အအုံတွေအတွက် ဆန်းရှိတ်တွေအကြောင်း ပြောရမယ်ဆိုရင် တိုက်ရိုက်နေ၊ လေ၊ မိုးဒဏ်မှ ပြတင်းပေါက်ကို ကူညီကာမိုးပေးဖို့ ပြတင်းပေါက်တွေကို တွဲကပ်ထားတဲ့ သတ္တုအမိုးအကာတွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ 

ဆန်းရှိတ်များ၏ အကျိုးကျေးဇူးများ



၁။ HVAC systems (Heating, Ventilation, Airconditioning systems) (အခန်းတွင်း လေထု၏ အပူချိန်၊ စိုထိုင်းဆနှင့် သန့်စင်မှုတို့အား ထိန်းသိမ်းပေးသော အပူပေးစနစ်၊ လေဝင်လေထွက်ကောင်းစေသောစနစ်နှင့် အဲကွန်းအသုံးပြုခြင်း (လေသန့်စင်ခြင်း) စနစ်) တွေကနေ စွမ်းအင်သုံးစွဲမှုကို လျှော့ချပေးရန် နေရောင်ခြည်အပူရရှိမှုအား လျော့ပါးသက်သာစေသည် 

၂။ အဆောက်အအုံအား မျက်စိပသာဒပိုမိုတင့်တယ်စေသည် 

၃။ နေထိုင်သူများအတွက် ပို၍သက်သောင့်သက်သာရှိသော အခန်းတွင်းပတ်ဝန်းကျင်ကို ဖန်တီးပေးသည် 

၄။ စူးရှတောက်ပသောအလင်းကို လျှော့ချပေးသည် 

၅။ အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်တန်းများရန်မှ ကာကွယ်ပေးသည် 

နိဂုံး 

အခုဆိုရင်တော့ ဆန်းရှိတ်တွေရဲ့ အကျိုးကျေးဇူးတွေကို ရှင်းရှင်းလင်းလင်းနားလည်သွားကြပြီလို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ ဒီအကျိုးကျေးဇူးတွေကို သေချာသဘော‌ပေါက်နားလည်ဖို့အတွက်ဆိုရင်တော့ အဆောက်အအုံနဲ့ ကိုက်ညီတဲ့ ဆန်းရှိတ်ဒီဇိုင်းကို တပ်ဆင်ဖို့ လိုပါတယ်။ 

စိတ်ချယုံကြည်ရတဲ့ ဆန်းရှိတ်ပြုလုပ်တပ်ဆင်ပေးသူကတော့ သင့်အဆောက်အအုံအတွက် အရည်အသွေးပိုင်းဆိုင်ရာရော အမြင်တင့်တယ်မှုမျက်စိပသာဒပိုင်းဆိုင်ရာအတွက်ပါ လိုအပ်ချက်တွေနဲ့ ကိုက်ညီတဲ့ အကောင်းဆုံးသော ဆန်းရှိတ်တွေကို အထူးစီမံဆောင်ရွက်ပေးနိုင်ပါလိမ့်မယ်။

Credit to original uploader

Related Posts