Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Window ကျရခြင်း အကြောင်းအရင်း

February 23, 2023 644 views
Window ကျရခြင်း အကြောင်းအရင်း

Window ကျရခြင်း အကြောင်းအရင်း
------'-----'------'------
တခါတလေ လာပီး  မေးကြတဲ့ ဝင်းဒိုးမလာတော့ ဘာမှလဲ မတက်တော့ဘူးး ဆိုတဲ့မေးခွန်းလေးတွေ အတွက် မျှဝေလိုက်ပါတယ်....အဓိကပြောချက်တာက စက်ကြောင့်မဟုတ်ပါ..လက်ကြောင့်ကလိပါများရင်လဲ Window ကျတတ်သလို 😋Official Antivirus Software ထည့်မထားပဲ သုံးနေရင်လဲ Window ကျတတ်ပါတယ်ခင်ဗျားးး☺️☺️☺️

Windows ပြုတ်လို့ ပြန်တင်ရတယ်ဆိုတာ 😊

ဘာကြောင့် Windows ပြန်တင်ရတာလဲ? Windows ပြုတ်သွားတယ်ဆိုတဲ့ စကားကိုကြားဖူးကြလားတော့မသိဘူး။ 
ကျနော်ကတော့ Windows ပြုတ်တယ်ဆိုတဲ့ စကားလုံးကို
သိပ်မရှင်းဘူးဗျ။ Service သမားသက်တမ်း 2 နှစ်အတွင်း
Windows ပြုတ်တယ်ဆိုတာကို ကြားဖူးရုံသာ ကြားဖူးပြီး
ဘယ်လိုပြုတ်တယ်ဆို မမြင်ဖူး၊ မတွေ့ဖူးပါဘူး။ ကိုယ်တွေလို
ကြားဖူးရုံသာကြားဖူးတဲ့သူတွေအတွက် Windows ပြန်တင်
ရတဲ့ အကြောင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

1. Windows ပြုတ်တယ်ဆိုတာ Windows OS ကြီး
တစ်ခုလုံး အစအနမကျန် ပြုတ်ထွက်သွားတာ မဟုတ်ပါဘူး။
Windows Activate မဖြစ်လို့လည်း Windows အသစ်
ပြန်ရမှာမဟုတ်ပါဘူး။ဘာကြောင့်Windows ပြန်တင်ရတာလဲ?
အောက်ပါအကြောင်းတွေကြောင့် Windows ပြုတ်တယ်လို့
ခေါ်ဆိုနိုင်ပြီး Windows OS အသစ်ပြန်တင်ရနိုင်ပါတယ်။

2. Virus တွေကြောင့် Windows မတက်နိုင်ဖြစ်သွားပြီး
ဘာမှလုပ်လို့မရ၊သုံးလို့မရ၊ပြင်လို့လည်းမရတော့တဲ့အခါမျိုးမှာ
Windows ပြန်တင်ရတတ်ပါတယ်။

3. စက်နဲ့မကိုက်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုကို ဇွတ်အတင်းထည့်မိ
လိုက်တဲ့အခါမျိုးမှာ Boot မတက်၊ Automatic Repair
ဖြစ်သွားတတ်ပြီး Rebuild Boot, Fix MBR အစရှိတဲ့
Advanced Options ထဲက CmdCommandတွေနဲ့
ဝင်ပြင်တာတောင် ပြင်လို့မရတော့အထိ Error တက်သွားတဲ့
အခါမျိုးမှာ Windows အသစ်ပြန်တင်ရတတ်ပါတယ်။

4. စက်ကိုသုံးနေရင်းတန်းလန်းကြီး အသုံးပြုနေသေးတဲ့
ဆော့ဖ်ဝဲလ်တွေကို မပိတ်ပဲ ချက်ချင်ကြီး Shutdown ချ
လိုက်မိတဲ့အခါ၊ Desktop တွေဆိုရင် UPS Battery
အားမရှိလို့ သို့မဟုတ် UPS မခံထားတဲ့ စက်တွေမှာ မီးပျက်
သွားလို့ ချက်ချင်းကြီး Shutdown ကျသွားတဲ့အခါမျိုးမှာ
အပေါ်အချက်တစ်ခုလိုပါပဲ။ Automatic Repair
ဖြစ်သွားတတ်ပြီး Rebuild Boot, Fix MBR အစရှိတဲ့
Advanced Options ထဲက CmdCommandတွေနဲ့
ဝင်ပြင်တာတောင် ပြင်လို့မရတော့အထိ Error တက်သွားတဲ့
အခါမျိုးမှာ Windows အသစ်ပြန်တင်ရတတ်ပါတယ်။

5. အရမ်းကိုမှ Date အောက်နေတဲ့ Windows ကို
သုံးနေရလို့ လုက်ငန်းလိုအပ်ချက်အရ Update ဖြစ်တဲ့ 
Windows ပြောင်းချင်တဲ့အခါ Windows Update
လုပ် သို့မဟုတ် တိုက်ရိုက်တင်ပြီး အသုံးပြုရပါမယ်။

6. လက်ကိုအငြိမ်ထားပြီး အသုံးမပြုပဲ ဟိုကလိဒီကလိနဲ့
အရေးကြီးတဲ့ System File တွေကို လျှောက်ဖျက်မိ၊ 
မှားဖျက်မိလိုက်ရင်လည်း Windows အသစ်ပြန်တင်ရ
တတ်ပါတယ်။ Batch File တွေရေးပြီး လက်တည့်စမ်းတဲ့
အခါမျိုးမှာလည်း Windows ပျက်သွားတတ်ပါတယ်။

7. Windows စတင်တဲ့အခါ Windows တင်တဲ့
ခွေ သို့မဟုတ် ISO File က Windows OS ကြီး
အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်တဲ့အထိ File တွေ
မစုံတဲ့ ခွေ  ISO File နဲ့ တင်မလိုက်ရင်လည်း အသစ်
ပြန်တင်ရတတ်ပါတယ်။ အပေါ်ကအကြောင်းအရာတွေက
စဉ်းစားမိသလောက်သာ ထည့်ရေးထားပါတယ်။ တစ်ခြား
အကြောင်းတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ဘာတွေ
ကျန်သေးလဲ? ဘာတွေကြောင့် Windows ပြုတ်သွားပြီ
Windows အသစ်ပြန်တင်ရတာလဲ? ကိုယ်သိသလောက်
သူများကို ပြန်လည်ဝေမျှတဲ့အနေဖြင့် ဖြေခဲ့ကြပါဦးနော်။ 
#Credit to Windows 10 Myanmar

Credit..photo

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts