ဘိလပ်မြေ ခဲနေရင် သုံးလို့ရသေးလား.......
February 23, 2023
332 views
_63f6fad934097.webp)
ဘိလပ်မြေသည် စွတ်စို သည့်လေနှင့် ထိတွေ့ပါက လေထဲမှ ရေခိုးရေငွေ့ကို စုတ်ယူပြီးခဲသွားတတ်သောကြောင့် သိုလှောင်ရာတွင် အထူးဂရုစိုက်ထားရှိရပါမည်။ ဘိလပ်မြေကို မသုံးဘဲ ကြာရှည်လှောင်ထားခြင်း မပြုရပါ။
ဘိလပ်မြေကို ပထမဦးစွာ ရောက်သော အိတ်များကိုသာ ပထမဆုံးသုံးသည့်စနစ်ဖြင့် ထုတ်ယူ အသုံးပြုရပါမယ်။
ယေဘုယျအားဖြင့် ခဲစပြုနေသော ဘိလပ်မြေ များကို ချေကြည့်သည့်အခါ လွယ်ကူစွာ ကြေခြင်းမရှိလျှင် ယင်းဘိလပ်မြေ ကို သံကူကွန်ကရစ်လုပ်ငန်းတွင် လုံးဝ အသုံးမပြုရပါ။
(🚫ခဲပြီးသော ဘိလပ်မြေများကို ပြန်ထောင်း၍ သုံးခြင်း လုံးဝ မပြုလုပ်ရပါ။
Credit to original uploader