Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Adapter ပြုပြင်နည်းအကြောင်း

February 23, 2023 359 views
Adapter ပြုပြင်နည်းအကြောင်း

Adapter ပြုပြင်နည်းအကြောင်း
*************************
ယခုမှစတင်ပြုပြင်သူများကိုရည်ရွယ်ပါသည်
****************************
External Adapter ပြုပြင်ရ သည်မှာ
internal type power supply ပြုပြင်ရသည်
ထက်ပိုမိုလွယ်ကူသည်။

၎င်းတွင်
Output volt တစ်မျိုးသာပါဝင်သည်။အနည်း
ဆုံး 2A မှ 5A အထိရှိသော 12V မှ 24V ထိထွက်သည့် Adapter အမျိုးအစားများကို
တွင်ကျယ်စွာအသုံးပြုကြသည်

(အခြားသော အနဲဆုံး 5v မှ 63v ထိသုံး Adapter များလည်းရှိသေးသည်)

ယခုအခါ Power Supply များကို Adapter သီးသန့်(သို့မဟုတ်) Main Board နှင့်တွဲ၍၎င်း power supply အပိုင်းများကိုတည်ဆောက်ကြသည်။

Adapter နှင့်တည်ဆောက်ထား က
အပြစ်ရှာရန်လွယ်ကူသည်

အဘယ်ကြောင့်ဆိုသော်အခြားဗို့အားပေးပိုင်းများမရှိသဖြင့် PSU (power supply unit) အပြစ်
ဖြစ်ပြီဆိုလျှင်အခြား External DC
Power Supply တစ်ခုနှင့်အစားထိုး
ပြီးစမ်းသပ်မောင်းနှင်နိုင်သည်။

ပြစ်ချက်အနေဖြင့် No Power,
Lower power,Power blink တို့ဖြစ်သည်။
Adapter ကောင်းမကောင်းကိုကားမီး
လုံးနှင့် (12v မီးလုံး/24v မီးလုံး) load ဆွဲစမ်းသပ်၍ကောင်းစွာထွန်း
လင်းလျှင် Adapter ကောင်းသည်။

မီးလုံးမှိတ်တုတ်မှိတ်တုတ်ဖြစ် ခြင်း
အလင်းမှိန်သွားခြင်းတို့ဖြစ်လျှင် မကောင်း၊

Adapter နှင့်မဟုတ်ဘဲ internal ထဲတွင်ထည့်သွင်းတည်ဆောက်ထားလျှင်တော့ပြစ်ချက်ရှာ ဖွေရန်အတွေ့အကြုံလိုအပ်သည်။
(အခြားသော short သို့ Leakeage ရှာရန်)

သို့သော်လဲလက်တွေ့တွင် Main Board နှင့်တည်ဆောက်သော powerပိုင်းများတွင်လည်း primary နှင့်secondary ပိုင်းရှိ capacitor လေးများကိုဗိုက်ကလေးများပူ၍ဆူထွက်သည့်ပြစ်ချက်ကိုတွေ့ရများပေသည်။

များသောအားဖြင့် primary side တွင် 47uf / 100uf 50V နှင့် secondary side တွင် 1000uf / 2200uf 25V လေးများအဖြစ်များသည်။

ADP ကောင်းမကောင်းစမ်းသပ်ရာတွင် Load မီးသီးကို 15/20 မီးနစ် ကြားကြာအောင်မောင်းထားမှသာ
ကောင်းမကောင်းခွဲခြားနိုင်မည်ဖြစ်သည်။

Adapter များကို Output ဗို့အနေဖြင့်12v,14v,
18 ဗို့ Ampers အနေဖြင့်2A မှ 5A ကြား အသုံးများကြသည်

Min Board ထဲရောက်မှ 5v,3.3v,2.5V
များကို Reg: များနှင့်ရယူပြီး Main Board နှင့် သက်ဆိုင်ရာ controller Board များကိုမောင်းနှင်ပါသည်

Adapter ကောင်းမကောင်းကိုဦးစွာ
Adapter ကို AC ပေးသွင်းသည့်အခါ
Adapter ပေါ်ရှိ LED မီးလင်းမလင်း
ကြည့်ရှူ၍အလွယ်သိနိုင်သည်။

ပိုမိုသေချာစေရန် Multimeter နှင်Output
volt များကိုတိုင်းတာကြည့်နိုင်သည်

တခါတရံ Filter Capacitor. မကောင်းသဖြင့် LED ကောင်းကောင်းလင်းနေသော်
လည်း Output volt များလျော့နဲကျဆင်း
နေတက်သည်။

အကယ်၍များ ADP မှာအပြစ်
ရှိနေခဲ့လျှင် ADP ကိုပေးသော power ကြိုးကိုဖြုတ်လိုက်သည့် အခါ ADP ပေါ်တွင်ပြထားသော LED မီးလုံးသည်မှိတ်တုက်မှိတ်
တုတ်ဖြစ်ပြီးသို့မဟုတ်စက္ကန့်အနည်းငယ်ကြာမှမီးမှိတ်သွားလျှင်ADPထဲ၌အပြစ်ရှိနေပြီဖြစ်သည်။

ထိုအခါ
မော်တော်ကား မီးသီးနှင့် ADP
အထွက် + - ကြိုး ဆက်သွယ်ပြီးစမ်းသပ်
ရန်လိုအပ်သည်။
မော်တော်ကားမီးချက်ချင်းမှိန်သွားသည်ကို
တွေ့ရလျှင် ADP မှာအပြစ်ရှိပြီဟု
ကောက်ချက်ချနိုင်မည်။

Filter Capacitor ကောင်းမကောင်းကို
ESR မီတာနှင့်သော်၎င်း
အမြင်အား ဖြင့်သော်၎င်းစစ်ဆေးနိုင်သည်။

ထိုအခါ သင့်အနေဖြင့်ရွေးချယ်စရာနှစ် မျိုးရှိသည်။

တစ်မျိုးမှာအခြား ADP နှင့်အသုံးပြုရန်နှင့်
၎င်းADPကိုပြုပြင်သုံးရန်ပိုင်ရှင်နှင့်သဘောတူညီမှုယူရမည်

အကြောင်းမှာADPသည်များသောအားဖြင့်အခွံကိုခွဲ၍ပြင်ရသည်ကများသည်။

ADP ကိုပြုပြင်
ရာတွင်လည်းFilterCapacitorကဖြစ်နိုင်သော်လဲ
အခြားသောပံ့ပိုးပစ္စည်းများကြောင့်လဲထိုသို့ဖြစ်တက်သေးသည်။

ထို့ပြင်တခါတရံလုံးလုံး
Power မလာသည့် ADP များသည်
အတွင်းပိုင်း၌လောင်ကြွမ်းပျက်စီး
သည့်ပစ္စည်းများသဖြင့်အသစ်ဝယ်ယူသည်ကပြုပြင်သည်ထက်ပို၍တွက်ချေကိုက်သေးသည်။
#Credit 
#aungtunelectronic

Credit.

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts