Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မိမိရုံးဌာနကို နေချင့်စဖွယ် ပြင်ဆင်မယ်

February 23, 2023 119 views
မိမိရုံးဌာနကို နေချင့်စဖွယ် ပြင်ဆင်မယ်

အလုပ်နေရာ ဌာနဟာ အတွေးသစ်၊ အမြင်သစ်တွေ မွေးဖွားရာဖြစ်သလို မိမိလုပ်ငန်းအတွက် အမြတ်အစွန်းများစွာ ရရှိအောင် ဆောင်ရွက်ပေးနေတဲ့ ဝန်ထမ်းပေါင်းများစွာ အလုပ်လုပ်ကိုင်ရာ နေရာတစ်ခုဆိုရင်လည်း မမှားပါဘူး။ 

အလုပ်နေရာဟာ လုပ်ငန်းတွေအလိုက် သပ်သပ်ရပ်ရပ်နဲ့ Facility အပြည့် ရှိနေမယ်ဆိုရင် ဝန်ထမ်းတွေ အလုပ်လုပ်ရာမှာ ပိုပြီးအားရှိစေသလို အလုပ်ပိုတွင်စေမှာ အမှန်ပါပဲ။ ဒါဆိုရင် ကိုယ့်ရုံးခန်းလေးကို နေချင့်စဖွယ်၊ အလုပ်လုပ်ချင်စဖွယ် ဖြစ်အောင် ဘယ်လိုပြောင်းလဲ ပြင်ဆင်သင့်လဲ?၊ အောက်မှာ ကြည့်လိုက်ရအောင်နော်။ 

၁။ Reception Counter 

Reception Counter ဟာ ရုံးခန်းတစ်ခုရဲ့ အသက်လို့ ဆိုနိုင်ပါတယ်။ ကုမ္ပဏီရဲ့ စီးပွားရေး အခြေအနေ၊ စည်းမျည်းစည်းကမ်း အများစုကို Reception Counter မှာ အများအားဖြင့် မြင်တွေ့နိုင်ပါတယ်။ Reception အတွက် အရောင်အနေနဲ့ သန့်ရှင်းသပ်ရပ်တဲ့ အဖြူရောင်၊ High class ဆန်တဲ့ အညိုရောင်၊  ဒါမှမဟုတ် ကိုယ့်ကုမ္ပဏီရဲ့ Brand အရောင်အတိုင်း ခြယ်သနိုင်ပါတယ်။ Reception Counter ဟာ ပစ္စည်း၊ စာရွက်စာတမ်းတွေနဲ့ ရှုပ်ပွမနေသင့်ပါဘူး။ 

၂။ Office staff room

ရုံးဝန်ထမ်းတွေ အလုပ်လုပ်မယ့် ရုံးခန်းဟာ ပြင်ပဆူညံသံတွေကို ဥပေက္ခာ ပြုနိုင်လောက်အောင် အသံလုံဖို့ လိုပါတယ်။ ဌာနအလိုက် အာရုံစူးစိုက် လုပ်ဆောင်ကြရမယ့် အလုပ်တွေ ရှိတာကြောင့်  တိတ်ဆိတ်ငြိမ်သက်တဲ့ ရုံးခန်းဝန်းကျင်ကို ဖန်တီးသင့်ပါတယ်။ ရုံးခန်း Wall colour အနေနဲ့ကတော့ တီထွင်ဖန်တီးနိုင်စွမ်းကို အထောက်အကူပြုစေတဲ့ အပြာနဲ့ အစိမ်းရောင်၊ အသေးစိတ်အချက်အလက်များကို အာရုံစူးစိုက်နိုင်တဲ့ အနီရောင် စသဖြင့် အရောင်အမျိုးမျိုး ရွေးချယ်နိုင်ပေမယ့် အတွေးအမြင်တွေကို ပြတ်သားရှင်းလင်းစေမယ့် အဖြူရောင်ကတော့ အသင့်တော်ဆုံးပါပဲ။


၃။CEO Room

ကုမ္ပဏီရဲ့ ရာထူးကြီးပိုင်းတွေ အလုပ်လုပ်ကြတဲ့ CEO room ကို ပြင်ဆင်မယ်ဆိုရင်တော့ အများအားဖြင့် စားပွဲခုံနဲ့ ထိုင်ခုံကို အခန်းထောင့်ကပ်ခြင်းထက် အခန်းအလည် ဝင်ပေါက်နဲ့ မျက်နှာချင်းဆိုင်မှာ ထားသင့်ပါတယ်။ CEO ရဲ့ အခန်းဟာ impression ကောင်းကောင်းရှိဖို့ လိုတာကြောင့် အခန်းအလင်းရောင် မှိန်မနေသင့်သလို decoration အနေနဲ့ အပင်ငယ်လေး တစ်ခု၊ ပန်းချီကားလေး တစ်ချပ် ထည့်သွင်းပြီးလည်း ပြင်ဆင်သင့်ပါတယ်။ 

၄။ အပင်ငယ်လေးများ ထည့်သွင်းပါ

အခုနောက်ပိုင်း Decoration အနေနဲ့ အဖြူရောင် Wallpaper နဲ့အတူ ပနံသင့်တဲ့ အရွက်စိမ်းစိမ်း အပင်ငယ်လေးတွေလည်း နေရာယူလာပါပြီ။ ရုံးရဲ့ ထောင့်စွန်းတွေမှာ၊ ပြတင်းပေါက် ဘောင်တွေမှာ အရွက်စိမ်းစိမ်းနဲ့ အပင်ငယ်လေးတွေ စိုက်ပျိုးထားခြင်းဟာ အခန်းတွင်း လေထုကိုလည်း သန်းရှင်းစေသလို ဝန်ထမ်းတွေအတွက်လည်း Feeling Fresh ဖြစ်နေစေမှာ အမှန်ပါပဲနော်။ 

Credit to original uploader

Related Posts