Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

【Zoom ကို ကောင်းကောင်းသုံးတတ်ပြီလား】

February 24, 2023 180 views
【Zoom ကို ကောင်းကောင်းသုံးတတ်ပြီလား】

【Zoom ကို ကောင်းကောင်းသုံးတတ်ပြီလား】
အခုအချိန်လို ကူးစက်မြန်ရောဂါကြီးတစ်ခုက တစ်ကမ္ဘာလုံးကို ကိုင်လှုပ်တဲ့အခါမှာတော့ အရင်ကပုံမှန်မလုပ်ခဲ့ပေမယ့် အခုအချိန်မှာ ပုံမှန်လိုလုပ်နေရတာတွေအများကြီးပေါ်လာပါတယ်။ ဒီအထဲမှာမှ လုပ်ငန်းခွင်သမားတွေနဲ့ ကျောင်းသားတွေအတွက် အိမ်ကနေတစ်ဆင့် လေ့လာသင်ယူမှုလုပ်ရတာ၊ အလုပ်လုပ်ရတာတွေက ပုံမှန်လိုဖြစ်နေပါပြီ။ ဒီအတွက်တော့ ကျွန်တော်တို့ ရဲ့ အလုပ်ခွင်အတွက်နဲ့ သင်ယူမှုမှာ နည်းပညာကိုကောင်းစွာ အသုံးချနိုင်ဖို့ လိုအပ်လာပါတယ်။ Viber, Facebook တို့ ပဲ သုံးတတ်တာကနေ အခုဆိုရင် ဒီထက်ကျယ်ပြန့်တဲ့ အသုံးချ Software တွေကို သုံးတတ်အောင်ပြင်ဆင်ထားဖို့လိုပါတယ်။
တစ်ရက်တော့ Online သင်တန်းတက်နေတဲ့ညီငယ်တစ်ယောက်ကို Zoom Cloud Meeting အကြောင်း ရှင်းပြရင်း Zoom meeting နဲ့ပတ်သက်ပြီးတိုင်ပတ်နေတဲ့ လူငယ်များကို မျှဝေချင်စိတ်ဖြစ်လာပါတယ်။ တစ်ချို့သော သူများအတွက်တော့ သိနှင့်ပြီးသားဖြစ်နေပေမယ့် သိပ်မသုံးတတ်သေးတဲ့သူများအတွက်တော့ သေချာသုံးတတ်အောင် လက်လှမ်းမှီသလောက် Research လုပ် ရေးသားဖော်ပြလိုက်ပါတယ်။
1️⃣ Zoom ဆိုတာ
••••••••••
✅ ဖုန်း၊ ကွန်ပျူတာနဲ့ တစ်ခြားသော Online ဆက်သွယ်ရေးပစ္စည်းတွေကတစ်ဆင့် Video, Audio, Message များနဲ့ ဆက်သွယ်နိုင်ပြီး စာရွက်စာတမ်းများ၊ အချက်အလက်များကို တစ်ချိန်တည်းမှာ လုံခြုံစိတ်ချစွာ မျှဝေနိုင်တဲ့ Software တစ်ခုဖြစ်ပါတယ်။
✅ စီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများအတွက် လူတစ်ဦးနဲ့တစ်ဦး၊ အဖွဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ Online ကတစ်ဆင့် တိုက်ရိုက်ဆွေးနွေးခြင်း၊ အချက်အလက်မျှဝေခြင်းမှာ အဆင်ပြေစေနိုင်ဖို့အတွက် Zoom ကို သုံးကြပါတယ်။
✅ အမေရိကန်နိုင်ငံ အခြေစိုက် နည်းပညာကုမ္ပဏီတစ်ခုဖြစ်ပြီး California ပြည်နယ်၊ San Jose မြို့မှာ ရုံးချုပ်တည်ရှိပါတယ်။ အခုဆိုရင်တစ်ကမ္ဘာလုံးမှာ Zoom အသုံးပြုသူများစွာ ရှိပြီး မြန်မာနိုင်ငံမှာလည်း ကုမ္ပဏီတွေရဲ့ Online Meeting တွေ၊ သင်တန်းကျောင်းတွေရဲ့ Online Teaching တွေမှာ တွင်ကျယ်စွာအသုံးပြုနေကြပြီဖြစ်ပါတယ်။
2️⃣ ဘယ်လိုသုံးရမလဲ❓
••••••••••••
Zoom App ကို အသုံးပြုနိုင်ဖို့တော့ Zoom Profile တစ်ခုရှိဖို့လိုပါတယ်။
✅ Gmail Account (သို့) Facebook အကောင့်တစ်ခုသာရှိရင် Sign in with Google (သို့) Sign in with Facebook လုပ်လိုက်ရုံနဲ့ Zoom Profile တစ်ခုက အလွယ်တကူရနိုင်ပါတယ်။
အသုံးပြုတဲ့နေရာမှာ Host လုပ်မယ့်သူ (Meeting ကို ဦးဆောင်မယ့်သူ)နဲ့ Join မယ့်သူတွေအတွက်တော့ ကွဲလွဲမှုရှိပါတယ်။
✅ Host လုပ်မယ့်သူအနေနဲ့ New meeting (သို့) Meeting ဆိုတဲ့နေရာကို နှိပ်ပြီး ပါဝင်ချိတ်ဆက်မယ့် (Join မယ့်)သူများအတွက် Invitation Link (သို့) Meeting ID နဲ့ Pass-code ပေးပို့ပြီး ဖိတ်ခေါ်ရမှာဖြစ်ပါတယ်။ ပေးပို့တဲ့အချက်အလက်တွေကို တစ်ဖက်ကရရှိပြီး Meeting ကို လာရောက် ချိတ်ဆက်တဲ့အခါမှာလည်း Admit လုပ်ပေးဖို့ (လက်ခံပေးဖို့လိုပါတယ်)။
✅ Join တဲ့သူအနေနဲ့ကတော့ ကိုယ့်ကို လာရောက်ဖိတ်ခေါ်ထားတဲ့ Invitation link ကို နှိပ်ပြီး တိုက်ရိုက်ဝင်ရောက်နိုင်သလို Meeting ID နဲ့ Pass-code တွေထည့်ပြီးဝင်ရောက် ချိတ်ဆက်ပေးဖို့လိုပါတယ်။
✅ Meeting အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ၊ အချက်အလက်တွေကိုတော့ Host လုပ်သူက Share Screen နဲ့ တိုက်ရိုက်မျှဝေနိုင်ပြီး Join သူတွေအနေနဲ့ Screen Share လုပ်ဖို့အတွက်ကိုတော့ Host လုပ်သူအနေနဲ့ Share Scene icon လေးမှာ သွားရောက် Setting ချိန်ပေးဖို့လိုပါတယ်။ ကျန်ရှိတဲ့ Video, Audio နဲ့ပတ်သက်တဲ့ Setting တွေ၊ စိတ်တိုင်းကျ Manual လုပ်နိုင်တဲ့အရာတွေများစွာရှိသေးတာမို့ Online Meeting မလုပ်ခင် ကိုယ့်ဘာသာ သူငယ်ချင်းများနဲ့စမ်းကြည့်ဖို့ တိုက်တွန်းပါတယ်။ ဒါဆိုရင် တကယ့် Meeting ကျတော့ အခက်မတွေ့တော့ဘူးပေါ့ဗျာ…
3️⃣ အားသာချက် Vs အားနည်းချက်
••••••••••••••••
Zoom App မှာ တော့ အားသားချက်တွေများစွာရှိသလို တစ်ချို့သော အားနည်းချက်တွေလည်းတွေ့ရပါတယ်။
✅ Zoom App ကို Mobile Phone မှာရော ၊ ကွန်ပျူတာရောမှာ အဆင်ပြေပြေနဲ့သုံးနိုင်ပါတယ်။ အသုံးပြုရလည်းလွယ်ကူပါတယ်။
✅ အင်တာနက်လိုင်း အတော်အတန်နဲ့ဆိုလည်း ကောင်းကောင်းသုံးနိုင်တော့ လိုင်းသိပ်မမိတဲ့ တောရွာမျိုးတောင် သုံးနိုင်မယ်လို့ထင်ပါတယ်။
✅ အခမဲ့အသုံးပြုနိုင်ပြီး လူတစ်ရာအထိ ဝင်ရောက်ချိတ်ဆက်ပြီး Meeting လုပ်နိုင်မှာဖြစ်ပါတယ်။ အခကြေးငွေပေးပြီး ဝန်ဆောင်မှုကို ရယူမယ်ဆိုရင်တော့ ဒီထက်များတဲ့လူတွေကို လက်ခံနိုင်မှာဖြစ်သလို ပိုမိုမြှင့်မားတဲ့ ဝန်ဆောင်မှုကိုလည်း ရရှိမှာဖြစ်ပါတယ်။
မင်မင်တို့ Team အတွက်တော့ ထိရောက်မှုရှိတာကိုလည်း လက်တွေ့ခံစားရပါတယ်။
✅ အသံပိုင်းရော၊ မြင်နေရတဲ့ Video Quality ပိုင်းမှာတော့ အင်တာနက်လိုင်းအပေါ်မူတည်ပြီး အဆင်မပြေမှုလေးတွေရှိနိုင်တာကိုတော့ တစ်ခါတစ်ရံတွေ့ရပါတယ်။
••••••••••••••••
ယခုတင်ပြပေးထားသော သင်ခန်းစာသည်
#Live_the_Dream_Facebook_Page မှ ပြန်လည်ကူးယူဖော်ပြသည်။

Credit…..Original Writer

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts