Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) ခု 🖐

March 1, 2023 110 views
ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) ခု 🖐

ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) ခု 🖐
==================

မင်္ဂလာပါခင်ဗျာ။ မိတ်ဆွေအနေနဲ့ လက်ရှိမှာ ကွန်ပျုတာ အသုံးပြုနေရတယ်ဆိုရင် ဒီစာလေးကိုဖတ်ဖို့တိုက်တွန်းလိုက်ပါတယ်။

ဒီနေ့ ဝေမျှ ပေးသွားမယ့် အကြောင်းအရာလေးကတော့ "ပိုက်ဆံ မကုန်ဘဲ ကွန်ပျုတာကို မြန်ဆန်စေမည့် နည်းလမ်း (၅) သွယ်ကို ဝေမျှပေးသွားမှာ ဖြစ်ပါတယ်။ နည်းလေးတွေ အများကြီး ရှိပါတဲ့အထဲမှ တိုတိုနဲ့ ထိထိ ဖြစ်အောင် (၅) ချက်ထဲနဲ့ အတိုချုပ် ရေးပေးလိုက်ပါတယ်။

(၁) မလိုအပ်တဲ့ Software များ ဖျက်ပါ။
တချို့ ကွန်ပျုတာတွေတော်တော်များများမှာ မြင်ဖူးတယ်။ ဘာကြောင့်လည်း မသိ၊ မသုံးတဲ့ Software တွေကို တစ်ခုလည်းမဟုတ်၊ နှစ်ခုလည်း မဟုတ် သွင်းထားလိုက်ကြတာများ မြင်မကောင်းဘူး။ အလကားရလို့များ သွင်းထားတားလား မသိ။

ကွန်ပျုတာဝယ်ပြီဆိုထဲက ကိုယ်သုံးမယ့် Software ရှိပြီ။ ဆိုလိုတာကတော့ မိတ်ဆွေက Graphic Designer ဆိုရင် Graphic နဲ့ဆိုင်တဲ့ Software တွေ သွင်းထားပေါ့။ ခုက အဲ့လိုမဟုတ်ဘူး။ ရှိရှိသမျှ Software တွေသွင်းထားလိုက်တာ Desktop တစ်ခုလုံးလည်း ပြည့်နေပြီ။ ဒီလို သွင်းထားခြင်းအားဖြင့် ဘာတွေ ဖြစ်လာနိင်လဲ?

1️⃣  မလိုအပ်ဘဲ Hard Disk Space တွေ ပြည့်လာတယ်။

2️⃣  ကိုယ်သွင်းထားတဲ့ Software တွေက Startup Program ထဲမှာပါနေရင် Windows တက်တဲ့ အချိန်ပိုကြာစေပါတယ်။

3️⃣  အရေးကြီးဆုံးတစ်ချက်ဗျာ။ ကိုယ်က သွင်းလိုက်တာဘဲ။ Spyware လိုဟာမျိုးဖြစ်နေမယ်။ ပါလာမယ်ဆိုရင် Security အရ ကြည့်မယ်ဆိုရင် တော်တော်ကြောက်စရာ ကောင်းတယ်ဗျ။ 
ဒါ့ကြောင့် မလိုအပ်တဲ့ Software တွေ မသွင်းပါနဲ့လို့ ပြောတာ။ အကယ်လို့များ သွင်းထားရင် ဖျတ်လိုက်ပါ။ Software တွေ Uninstall လုပ်ပုံလုပ်နည်း အဆင်ဆင့်ကို ဖော်ပြလိုက်ပါတယ်။

✅ Start ကိုနှိပ်ပါ။ ပြီးရင် Control Panel ထဲကိုသွားပါ။

✅ Add or Remove Program /(or) Programs and Featuresကို ၂ချက် နှိပ်ပေးပါ။

✅ ပြီးရင်တော့ မိတ်ဆွေ ဖျတ်ချင်တဲ့ Software ပေါ်မှာ Right Click နှိပ်ပြီး ဖျတ်နိင်ပါပြီ။

💠 💠 💠 💠 💠

3️⃣ Disk Cleanup ပုံမှန်လုပ်ပါ။

ကျနော်အမြင်တော့ တစ်လတစ်ခါလုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် မလိုအပ်တဲ့ Hard Disk ရဲ့နောက်ကွယ်မှာ Run နေတဲ့ Temporary နဲ့ Unused ဖိုင်တွေကို ရှင်ပေးပါတယ်။ ကဲ ဘယ်လိုလုပ်မလဲ ကြည့်ရအောင်ပါ။

✅ Start ကိုနှိပ်ပါ။ All Programs, Accessories, System Tools ပြီးရင်တော့ Disk Cleanup ကိုနှိပ်ပါ။ OK နှိပ်ပြီးရင် Delete ပေါ်လာပါလိ့်မ်မယ်။ ဘာမှ မပျက်ပါဘူး။ နှိပ်လို့ရပါတယ်။ သူဖျတ်တယ်ဆိုတာက နောက်ကွယ်မှာ Run နေတဲ့ Temp ဖိုင်တွေကို ဖျတ်ပေးတာပါ။

💠 💠 💠 💠 💠

4️⃣ Defragment လုပ်ပါ။

မိတ်ဆွေ စာအုပ်ရောင်းတဲ့ ဆိုင်သွားဖူးတယ်မလား? စာအုပ်စင်တွေမှာ စာအုပ်ကို သူ့နေရာနဲ့ သူစီထားရင် ရှာဖတ်ပိုလွယ်တယ်လေ။ အဲ့လို မဟုတ်ဘဲ။ စာအုပ်တွေကို ပုံသာထားရင် ဖတ်ချင်တဲ့ စာအုပ်ကို ရှာနေရတာနဲ့ စာဖတ်ချင်တဲ့ စိတ်ပျောက်မယ်ထင်တယ်။ ဒီလိုဘဲ ကွန်ပျုတာမှာ ဖိုင်တစ်ခုခု လိုလာတဲ့အခါ အလွယ်တကူ ဖိုင်တွေကို စီထားတဲ့ သဘောပါဘဲ။ ဘယ်လိုလုပ်ရမလဲဆိုတာကို တဆင့်ချင်းစီ ပြပေးပါ့မယ်။

✅ Start > Control Panel > Defragment and Optimize Driver ထဲသွားပါ။ C: Partition ကို Select ပေးပါ။ Analyze လုပ်ပါ။ 0% မဟုတ်ဘဲ 1% 2% ဖြစ်နေရင်တော့ Optimize (or) Defragment လုပ်ဖို့ လိုအပ်ပါတယ်။

💠 💠 💠 💠 💠

5️⃣ Hard Drive Error ရှိ မရှိ စစ်ဆေးပါ။

Hard Disk မှာလည်း Error ရှိနေပြန်ရင်လည်း သုံးရတာ နှေးတက်ပါတယ်။ ဒါ့ကြောင့် စစ်ဆေးဖို့ လိုအပ် ပါတယ်။ အောက်မှာ တဆင့်ချင်းပြောပြပေးထားပါတယ်။ My Computer ကို ဖွင့်ပါ။ C: Partition ပေါ်တွင် Right Click နှိပ်ပါ။ Properties ထဲသွားပါ။ Tools ထဲကို ဆက်သွားပါ။ ပြီးရင်တော့ Check ကိုနှိပ်ပါ။ Scan လုပ်လေးပါ။ Error ရှိရင် သူပြောပေးပါလိ့မ်မယ်။

💠 💠 💠 💠 💠

6️⃣ C: Partition ကို Free Space များများထားပါ။

ဟ ဘာဆိုင်လို့ ထားရမှာတုန်း။ ကိုယ်တွေ့ပါ။ ကျနော် Services လုပ်တုန်းက Customer တစ်ယောက်ရဲ့ Computer ထဲက C: Partition က နီနေပါတယ်။ Computer က သုံးလို့ မရအောင် တော်တော်လေးနေတာပါ။ အကောင်းဆုံးကတော့ Data တွေဆိုရင် D Partition ထဲမှာ သိမ်းထားစေချင်ပါတယ်။

C: Partition ထဲမှာတော့ မသိမ်းဘူး။ Desktop ပေါ်မှာတော့ သိမ်းတယ်ဆိုရင်လည်း အတူတူပါဘဲ။ Desktop, Download, Documents, Music, Videos စတာတွေ အကုန်လုံးသည် C: Partition အောက်မှာပဲရှိကြပါတယ်။ ဒါကြောင့် သိမ်းချင်ရင် D: Partition ထဲမှာဘဲ သိမ်းကြပါ။

မူရင်းရေးသားသူများကို Credit ပေးပါသည်။

Related Posts