Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား

March 1, 2023 365 views
မြေကိုအရပ်ကတိစာချုပ်နဲ. အရောင်းအဝယ်တွေလုပ်တာ ဥပဒေအရတရားဝင်ပါသလား

ကျွန်တော်တို့နယ်တွေမှာ အိမ်ဝိုင်းဖြစ်စေ ၊ မြေကိုဖြစ်စေ အရပ်ကတိစာချုပ်နဲ့ အရောင်းအဝယ်တွေ လုပ် လေ့လုပ်ထရှိပါတယ် ။ ဒီစာချုပ်တွေက ဥပဒေအရ တရားဝင်ပါသလား ။ ပိုင်ဆိုင်မှုအငြင်းပွားတာတွေရှိရင် တရားရုံးမှာ သက်သေခံအဖြစ် တင်ပြလို့ရပါသလား ။ တရားဝင်အောင် ဘယ်လိုလုပ်ရမလဲ ။

 နယ်တွေမှာ အိမ်ဝိုင်းဖြစ်စေ၊ မြေကိုဖြစ်စေ အရပ်ကတိတွေနဲ့အရောင်းအဝယ်ပြုလုပ်လေ့ရှိပါတယ်။ အဲဒါဆိုရင် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်ကွက်လူကြီးစသည်အားဖြင့် အနီးအနားက လူတွေကို သက်သေခေါ်ထားပြီး အရပ်စာချုပ်တွေနဲ့ချုပ်ပြီးလက်ရောက်ယူထားလို့ရှိရင် တရားဝင်ပါတယ်။ တရားဝင်တယ်ဆိုပေမဲ့ ဒီပစ္စည်း ကိိုပိုင်ဆိုင်ခွင့် လက်ရောက်ထားသော်လည်းဘဲ ပစ္စည်းပိုင်ဆိုင်မှုအတွက် ဆိုရင်တော့ သက်ဆိုင်ရာ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနဲ့စာရင်းအင်းဦးစီဌာနကို သွားပြီးတော့ အဲဒီမြေနဲ့ပတ်သက်ပြီး ဒီဝိုင်းမြေထွေက ပုံစံ ( ၁၀၅ ) ( ၁၀၆ ) မြေစာရင်းရုံးမှာ မှတ်ပုံတင်ခွင့်ရှိသလားဆိုတာ သွားမေးရပါမယ်။ မေးလို့သူတို့ကနေပြီးတော့ ပုံစံ ( ၁၀၅ ) ( ၁၀၆ ) ကူးခွင့်ရှိတယ်၊ မှတ်ပုံတင်ခွင့်လဲရှိတယ် ဆိုလို့ရှိရင်တော့ အဲဒီအတိုင်း မှတ်ပုံတင် ထား မယ်ဆိုရင်တော့ တရားဝင်တဲ့ အရောင်းအဝယ်ဖြစ်ပြီးတော့ အဲဒီစာချုပ်စာတမ်းတွေကလည်း တရားရုံး တွေမှာ သက်သေခံတင်ပြလို့ရပါတယ်။

 

အဲဒီစာချုပ်တွေနဲ့ပတ်သက်ပြီးတော့ အကယ်၍ အရပ်စာချုပ်ပဲဖြစ်တယ်ဆိုရင်တော့ ပစ္စည်းလွှဲပြောင်းခြင်း ဥပဒေ ပုဒ်မ ၅၃ ( က ) အရ သူ့ရဲ့လက်ဝယ်မှာပ စ္စည်းရှိနေခြင်းကြောင့် အကယ်၍ အမွေဆိုင်တွေ အရှုပ်အရှင်း တွေ အငြင်းပွားပြီးတော့ ပိုင်ဆိုင်မှုအငြင်းပွားလာတယ်ဆိုရင်တော့ တဖက်က သူ့ကို တရားစွဲလာတယ်ဆိုရင် ပစ္စည်းလွှဲပြောင်းဆိုင်ရာ ဥပဒေပုဒ်မ ( ၅၃ ) ( က ) အရ သူ့လက်ဝယ်မှာ ထားခွင့်ရှိတယ်ဆိုပြီးတော့ ခုခံကာ ကွယ်ပိုင်ခွင့် အခုလိုအခွင့်အရေးရှိပါတယ်။

နောက်တစ်ခါ အရပ်စာချုပ်ဆိုတော့ တံဆိပ်ခေါင်းပြဿနာရှိပါတယ်။ အဲဒီတော့ တံဆိပ်ခေါင်းတွေ တရားဝင် အောင်ဘယ်လိုလုပ်ရမလဲဆိုရင် အဲ့ဒါကို ရုံးတော်ကိုသက်သေခံတင်လိုက်မယ်ဆိုရင် တံဆိပ်ခေါင်းဥပဒေပုဒ် ( ၃၃ ) ၁ အရ ဒီတံဆိပ်ခေါင်းကိုသိမ်းကျုံးပြီးတော့ လိုအပ်တဲ့တံဆိပ်ခေါင်းနဲ့ဒဏ်ငွေကိုပေးဆောင်ပြီးတော့မှ ပေးဆာင်ဖို့အတွက်သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနတွေကို ကော်လ္လိတော်အရာရှိခန့်ပြီး သက်ဆိုင်ရာ ကိုအကြောင်းကြားပါတယ်။မြို့နယ်အခွန်ဦးစီးမှူးတွေကလည်း သူတို့ဆီရောက်လာတဲ့ စာချုပ်စာတမ်းတွေကို ကြည့်ရှုပြီးလိုအပ်တဲ့တံဆိပ်ခေါင်းနဲ့ (၁၀) ဆဒဏ်ငွေရိုက်ပါတယ် ။ ရိုက်ပြီးတော့မှ တရားရုံးတွေကိုပြန်ပြီး ပို့ပါတယ်။ ပို့တဲ့အခါကျလို့ရှိရင်အဲ့ဒီစာချုပ်စာတမ်းတွေက တရားဝင်တဲ့အတွက်ကြောင့် တရားမအမှုတွေမှာ သက်သေခံအဖြစ်တင်သွင်းလို့ရပါတယ်ဆိုတဲ့အကြောင်းကို ဖြေကြားလိုက်ပါတယ်။

Credit : DVD Law Lab

Related Posts