Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Hard Disk ၊ Memory Stick တွေအပြည့်မပါရခြင်းအကြောင်း.

March 3, 2023 94 views
Hard Disk ၊ Memory Stick တွေအပြည့်မပါရခြင်းအကြောင်း.

#wincts
#wincts_14Knowledge

Hard Disk ၊ Memory Stick တွေအပြည့်မပါရခြင်းအကြောင်း......
ဝယ်လိုက်တော့ Hard Disk က 250 GB ။ Properties မှာ ဝင်စစ်ကြည့်တော့ 233 GB ထက်နည်းနေတာမျိုး ကြုံဖူးမယ်ထင်ပါတယ်။ 4GB Memory Stick လည်း ပြန်စစ်ကြည့်ရင် 4GB အပြည့်မရှိပါဘူး။ အဲဒါဘာကြောင့်ဘာလဲ။

ဟုတ်ကဲ့။ အဓိက ပြဿနာက အဖွဲ့နှစ်ဖွဲ့ကွဲနေတာဗျ။ ISO အဖွဲ့အစည်းက 1KB ကို 1000 Bytes လို့ လက်ခံတယ်။ Hardware ထုတ်တဲ့ Microsoft ကျတော့ 1024 Bytes လို့ ယူတယ်။ ဟုတ်။ 1KB ကို ISO က ၁၀ ကို ၃ ထပ်တင်ပေမယ့် အမေရိကန် Microsoft ကတော့ ကွန်ပြူတာ နည်းပညာ အရ ၂ ကို ၁၀ ထပ်တင်ပါတယ်။

တန်ဖိုးချင်းက သိပ်မကွာဘူးလေ။ ၂၄ ပဲကွာသွားပါတယ်။ သူ့မှာ ယူတဲ့အချိန် အဆ တစ်ခု ရှိပါတယ်။ Microsoft ကတော့ Base 2 လို့ခေါ်တဲ့ Binary သင်္ချာနဲ့ တွက်ယူခြင်း ဖြစ်ပါတယ်။ ISO မှာ K ကို Kilo လို့ ခေါ်ပေမယ့် Microsoft က Kibi လို့ခေါ်တယ်။ ၁၀ အခြေခံနဲ့၊ ၂ အခြေခံ ကွဲသွားတာ ပေါ့။

ဘယ်ဟာ အမှန်လဲ

ဟုတ်ကဲ့ နှစ်ခုလုံး မှန်ပါတယ်။ ကျနော်တို့ Microsoft ပစ္စည်းတွေ သုံးနေသရွှေ့ 4GB ဝယ်ရင် 4GB အပြည့်မြင်ချင်မှ မြင်ရမှာပါ။ 500 GB ဆိုရင် လည်း မပြည့်ပါဘူး။ ဥပမာ ၁၀ ကို ၂၄ ထပ်တင်ရင် Binary Usage မှာကျ ၂ ကို အထပ် ၈၀ တင်ပါတယ်။

ဒီတော့ Apple ပစ္စည်းသုံးတဲ့အခါ စစ်ကြည့်ရင် 65,536 byte file ကို အနီးစပ်ဆုံး အနေနဲ့ 66 KB လို့ယူပေးပေမယ့် Microsoft Windows မှာကျ ထထပ်တောာင် လျော့ပြီး ဖော်ပြပါအုံးမယ်။ Networking content မှာလည်း Mac တွေမှာလို Kilo နဲ့ဖော်ပြမှုများပြီး Microsoft ရဲ့ RAM ဖော်ပြမှု အပိုင်းမှာကျ Kibi (KiB) နဲ့ သွားပါတယ်။

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts