Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

💻 ဒီလိုဖြေရှင်းလိုက်ပါ (A+ Tips)

March 6, 2023 104 views
💻 ဒီလိုဖြေရှင်းလိုက်ပါ (A+ Tips)

💻 ဒီလိုဖြေရှင်းလိုက်ပါ (A+ Tips)

Computer မှာ ရက်စွဲမှားနေလို့ ပြင်လဲ၊ နောက်တစ်ကြိမ် 
computer ဖွင့်တိုင်း ရက်စွဲလွဲနေတာမျိုး ကြုံ ဖူးကြပါလိမ့်မယ်။

💯 ရက်စွဲဟာ အရေးကြီးပါတယ်
ရက်စွဲမှားနေတဲ့ အခါမျိုးမှာ တချို့ program တွေနဲ့ လုပ်ဆောင်ချက်တွေဟာ ကမောက်ကမ ဖြစ်တက်ကြပါတယ်။ ဒါကြောင့် ဘယ်မှာပဲဖြစ်ဖြစ် ရက်စွဲ မှန်နေဖို့ အရေးကြီးပါတယ်။

ကဲ. ဘယ်လိုဖြေရှင်းမလဲဆိုတော့..

▶ ကွန်ပျူတာ Case ရဲ့ ဘေးအဖုံးကို ဖွင့်၊
▶ Motherboard ပေါ်မှာ ပုံမှာ ပြထားတဲ့အတိုင်း 
တွေ့ရတဲ့ CMOS battery လေးကို လဲပေးလိုက်ရုံပါပဲ။ 
▶ လဲပြီးရင်တော့ Date/Time ကို မှန်အောင် 
ချိန်ပေးလိုက်ပါ၊ အဆင်ပြေသွားပါလိမ့်မည်။
[ Time Zone ရွေးရင် GMT+ 6:30 Yangon ] ကို ရွေးပါ။

✔ CMOS battery လေး ဝယ်ရင် သတိပြုရမှာက
✔ CR 2032 ဆိုတဲ့ အမျိုးအစားဖြစ်ပါတယ်။ တကယ်တော့ နာရီဓာတ်ခဲအနေနဲ့လည်း သုံးပါတယ်။
နာရီဆိုင်တွေမှာလဲ ရပါတယ်။ အရည်အသွေး ကောင်းတာ သုံးပါ။

✅ မမေ့နဲ့နော်၊ CR 2032 2⃣0⃣3⃣2⃣

အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

လေးစားစွာဖြင့်
Kyaw Kyaw
#UniSUN

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts