Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

လင်မယားအဖြစ်ပြန်လည်ပေါင်းသင်းလိုမှု

March 7, 2023 263 views
လင်မယားအဖြစ်ပြန်လည်ပေါင်းသင်းလိုမှု

ကျနော်တို့အိမ်ထောင်ကျတာ၃နှစ်ကျော်ပါပီ.ကလေးတစ်ယောက်ရှိပါတယ်.ကျနော်တို့လင်မယားအနေနဲ့ဆိုစကားတောင်မများဖူးပါဘူး.အခုသူမိဘတွေကသူ့အဖွားနေမကောင်းလို့ပါဆိုပီးခေါ်လို့ကျနော်ဆီကနေခွင့်တောင်းပြီး သူ့အိမ်ပြန်သွားတာ
ပြန်ခေါ်လို့မလာတော့ဘူး
ဥပဒေအရခေါ်ခွင့်ရှိပါသလား ဆရာ။

လင်မယားအဖြစ်ပြန်လည်ပေါင်းသင်းစေမှု
(၁)လင်ဖြစ်စေ၊မယားဖြစ်စေ၊မိမိနှင့်ပေါင်းသင်းနေထိုင်စဉ် အကြောင်းမဲ့ နေအိမ်မှထွက်ခွါသွားလျှင် လင်မယားအဖြစ် ပြန်လညပေါင်းသင်းလိုမှုဖြင့် တရားစွဲဆိုနိုင်သည်။ 
(၂)လင်သည် မယားခေါ်လိုမှုနှင့် စွဲဆိုနိုင်သလို မယားသည်လည်း လင်ခေါ်ယူလိုမှုနှင့် စွဲဆိုနိုင်သည်။ 
(၃)တရားပြိုင်နေထိုင်ရာဒေသ လုပ်ကိုင်ရာဒေသ တရားစွဲဆိုရန် အကြောင်းပေါ်ပေါက်သည့် တရားရုံးတွင်တရားစွဲဆိုရမည်။ 
(၄)လင်ကမယားကို ပြန်လည်ပေါင်းသင်းစေလိုမှု စွဲဆိုရာတွင် လင်နှင့်မယားတို့သည် သက်ဆိုင်သည့်ဥပဒေအရ တရားဝင် လင်မယားဟုတ်မဟုတ် ပြန်ပေါင်းသင်းလိုသူက အပြစ်ကင်းမကင်း တရားပြိုင်က အကြောင်းမဲ့ ခွဲခွါနေခြင်း ဟုတ်မဟုတ် အဓိကထား တင်ပြရမည်။ 
(၅)လင်မယား ပြန်လည်ပေါင်းသင်းသည့် ဒီဂရီကျစေကာမူ တရားရှုံးဖြစ်သူက ပြန်လည်ပေါင်းသင်းရန်မလိုလားလျှင် ဒီကရီ အတည်ပြုရန်မလွယ်ချေ။ 
(၆)မယားခေါ်လိုမှုကို မယားအပေါ် စွဲဆိုရန်ဖြစ်ပြီး ယောက္ခမအပေါ် စွဲရန်မဟုတ်ချေ။ (မောင်တင်အုန်းနှင့်မအေးစန်းပါ၃ ၁၉၈၅ မတစ ၃၆)
(၇)မယားသည် ခိုင်လုံသောအကြောင်းပြချက်ရှိလျှင် ငြင်းဆိုနိူင်သည်။ 
(၈)ခရစ်ယာန်ဘာသာဝင် လင်ကဖြစ်စေ မယားကဖြစ်စေ ပြန်လည်ပေါင်းသင်းစေလိုမှုကို ခရိုင်တရားရုံး (သို့) တရားလွှတ်တော်သို့ လျှောက်ထားရမည်။ 
(မြန်မာနိုင်ငံ လင်မယားကွာရှင်းရေးအက်ဥပဒေပုဒ်မ ၃၂)

Related Posts