Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

World Wide Web (WWW)

March 9, 2023 121 views
World Wide Web (WWW)

World Wide Web (WWW)

ယနေ့အချိန်မှာတော့ Web လို့အတိုကောက်ခေါ်တဲ့ World Wide Web နည်းပညာသည် အင်တာနက်လမ်းမကြီးပေါ်တွင် အချက်အလက်များကိုအဓိကအားဖြင့် သယ်ယူပို့ဆောင်ပေးနေသော နည်းပညာထဲတွင် အဓိကအကျဆုံးအစိတ်အပိုင်းအဖြစ် ပါဝင်လာခဲ့ပြီဖြစ်ပါတယ်။ Web နည်းပညာတွင် အဓိကအစိတ်အပိုင်း သုံးခုပါဝင်ပါတယ်။

1- Hypertext Document

ယနေ့အချိန်မှာ Web Document လို့ပိုပြီးအခေါ်များတဲ့ Hypertext Document များသည် စာနဲ့ရေးသားဖော်ပြထားတဲ့ အချက်အလက်တွေအပြင် စာရင်းဇယားပုံစံ Table နဲ့ဖော်ပြထား တဲ့အချက်အလက်၊ ရုပ်ပုံ (Image) တွေနဲ့ အချက်အလက်တွေဖြည်သွင်းလို့ရတဲ့ Form တွေ ပါဝင်နိုင်တဲ့ Document များဖြစ်ပါတယ်။

ဒီ Document တွေကို Hyperlink ခေါ် အညွှန်းတွေနဲ့ချိတ်ဆက်ထားပြီးတော့ Document တစ်ခုကနေပြီးတော့ တခြားတစ်ခုကိုလွယ်ကူစွာပြောင်းလဲကြည့်ရှုနိုင်ပါတယ်။

2-Web Server

Web Server ဆိုတာ Web Document တွေကို ကွန်ပျူတာတစ်လုံးထဲမှာစုသိမ်းထားပြီး လိုအပ်တဲ့အခါမှာ အလွယ်တကူ ခေါ်ယူကြည့်ရှုနိုင်အောင် စီမံပေးထားတဲ့ စနစ်တစ်ခုဖြစ်ပါတယ်။

Document တွေကိုစုစည်းပြီး သိမ်းထားတဲ့ပုံဟာ အခန်းတွေအများကြီးပါတဲ့ တိုက်တစ်လုံးနဲ့တူပါတယ်။ Web Document တွေဟာ တိုက်ကြီးထဲမှာရှိတဲ့ အခန်းပေါင်းများစွာထဲမှာ သိမ်းဆည်းထားပါတယ်။ တိုက်မှာလဲလိပ်စာရှိသလို အခန်းတွေတိုင်းမှာလဲ အခန်းနံပါတ်ရှိပါတယ်။

Web နည်းပညာမှာတော့ တိုက်လိပ်စာကို Domain Name လို့ခေါ်ပြီးတော့ အခန်းနံပါတ်တွေကို URI (Uniform Resource Identifier) လို့ခေါ်ပါတယ်။ Domain Name နဲ့ Uniform Resource Identifier အပြည့်အစုံပါဝင်တဲ့ လိပ်စာကိုတော့ URL (Uniform Resource Locator ) လို့ခေါ်ပါတယ်။

3-Web Browser

Web Browser ကတော့ Web Document တွေကို အသုံးပြုသူကြည့်ရှုနိုင်အောင် ဖော်ပြပေးတဲ့ Software တစ်ခုဖြစ်ပါတယ်။ Mosic လို့အမည်ရတဲ့ ပထမဆုံး Web Browser ကတော့ခုချိန်မှာမရှိတော့ပါဘူး။ ဒါပေမယ့်လူသုံးအများဆုံး Browser တွေထဲကမှ Microsoft Internet Explorer နဲ့ Mozilla Firefox တို့ဟာ Mosic ကနေဆင်းသက်လာခြင်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လူသုံးများနေတဲ့ Web Browser (၅) မျိုးရှိပါတယ်။ Microsoft Edge , Mozilla Firefox , Google Chrome , Apple Safari နဲ့ Brave တို့ပဲဖြစ်ပါတယ်။ Mobile Phone နဲ့ Tablet တွေကနေလဲ အင်တာနက်ကိုသုံးလာကြတဲ့အတွက် Andorid Browser , Google Chrome နဲ့ Mobile Safari စတဲ့ Mobile Browser တွေကိုလဲ အသုံးများလာကြပါတယ်။

Web Browser တစ်ခုရဲ့ အခြေခံ လုပ်ငန်းကတော့ အသုံးပြုသူပေးလိုက်တဲ့ URL လိပ်စာအတိုင်း Internet ပေါ်မှာသွားရှာပြီး Server မှပြန်ပေးလိုက်တာကို အသုံးပြုသူက ကြည့်ရှုနိုင်အောင်ဖော်ပြပေးခြင်းဖြစ်ပါတယ်။

Credit Original 
Content Group 
Myanmar Pyi

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts