Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကန်ထရိုက်တိုက်ဆောက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုရာမှာ ဘယ်အချက်တွေကို မဖြစ်မနေ ထည့်သွင်းသင့်သလဲ။

March 9, 2023 635 views
ကန်ထရိုက်တိုက်ဆောက်ဖို့ သဘောတူစာချုပ် ချုပ်ဆိုရာမှာ ဘယ်အချက်တွေကို မဖြစ်မနေ ထည့်သွင်းသင့်သလဲ။

ကန်ထရိုက်တိုက်ဆိုသည်မှာ အဆောက်အအုံဆောက်လုပ်ရန် မြေရှင်နှင့်ကန်ထရိုက်တို့အကြား အကျိုးတူ ပူးပေါင်းပြီး ဆောက်လုပ်သည့် အဆောက်အအုံကို ဆိုလိုခြင်းဖြစ်သည်။ ယင်းကဲ့သို့ အကျိုးတူပူးပေါင်း ဆောင်ရွက်ရာတွင် သဘောတူစာချုပ်ကို မဖြစ်မနေ ချုပ်ဆိုရန် လိုအပ်ပါသည်။ သဘောတူစာချုပ် ချုပ်ဆိုရာတွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် နှစ်ဖက်စာချုပ်ဝင်များအကြား ညှိနှိုင်းပြီး ရရှိလာသည့် သဘော တူညီချက်များကို စာဖြင့် ရေးသားပြီး သဘောတူစာချုပ် ချုပ်ဆိုရာတွင် ထည့်သွင်းချုပ်ဆိုမှသာ အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက စာချုပ်ပါ စည်းကမ်းချက်များအတိုင်း ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။

 

အဆိုပါ အကျိုးတူ ပူးပေါင်း ဆောင်ရွက်မှုဆိုင်ရာသဘောတူစာချုပ် ချုပ်ဆိုရာတွင်..

(က) အကျိုးတူပူးပေါင်းဆောင်ရွက်မည့် မြေကွက် တည်နေရာ၊ အကျယ်အဝန်း

(ခ) ဆောက်လုပ်ရန် သဘောတူညီထားသည့် အဆောက်အအုံ၏ အထပ်အမြင့်

(ဂ) ဆောက်လုပ်ခွင့်ရရှိရန် ဆောင်ရွက်မည့် စာချုပ်ဝင်ပုဂ္ဂိုလ်

(ဃ) BCC ရရှိရန် ဆောင်ရွက်ရမည့် စာချုပ်ဝင်ပုဂ္ဂိုလ်

(င) ဆောက်လုပ်ရေး စတင်မည့်အချိန်

(စ) အဆောက်အအုံဆောက်လုပ်ပြီးစီးရန် ခန့်မှန်း ကာလ

(ဆ) ခန့်မှန်းကာလအတွင်း ဆောက်လုပ်ပြီးစီးခြင်းမရှိပါက သီးခြားအချိန်ကာလ သတ်မှတ်ချက်

(ဇ) နှစ်ဖက်လိုက်နာရမည့် တာဝန်ဝတ္တရားများနှင့် ခံစားခွင့်များ

(ဈ) ပျက်ကွက်ပါက ပေးဆောင်ရမည့် နစ်နာကြေး အစရှိသည်တို့ကို ထည့်သွင်းချုပ်ဆိုသင့်ပါသည်။

Credit to original uploader

Related Posts