ဘက်ထရီရှိနေပြီး Wifiသုံးဖို့နဲ့ ဖုန်းအားသွင်းဖို့..

ဘက်ထရီရှိနေပြီး Wifiသုံးဖို့နဲ့ ဖုန်းအားသွင်းဖို့လောက်ကိစ္စသေးသေးကို အင်ဗာတာတွေဘာတွေပိုက်ဆံကုန်ခံဝယ်ပြီး ငွေကုန်မခံပါနဲ့ဗျား
ဘာနဲ့တူလဲဆိုတော့ ရေပြည့်နေတဲ့ရေတွင်းဘေးမှာ ရေမခပ်ချိုးပဲ ရေကိုအဝေးကြီးသယ်သွားပြီး ရေတွင်းဘေးပြန်ယူလာချိုးသလိုဖြစ်နေတယ်
DCtoAC ပြောင်းနေရိုးနဲ့ကို ကြားမှာinverterကဘက်ထရီအားဖြတ်စားလိုက်ကုန်ပါပြီး ဘက်ထရီအသေးလေးတွေကပိုကုန်မြန်တာပေါ့ သုံးရတာကဘယ်လောက်မှမဟုတ်ပါဘူး
ပုံမှာ ဘက်ထရီ12Vလိုတဲ့ Wifi router ကို 12V ဘက်ထရီနဲ့တိုက်ရိုက်ချိတ်ထားတာပါ (အချို့ router တွေက မီးအဝင်14V/16V အမျိုးမျိုးရှိတတ်တော့ ပုံမှာပြထားတဲ့ step up DC converter(voltage regulator) လေးခံသုံးလိုက်ရုံပါပဲ/ voltချိန်တာကတော့ မီးတိုင်းmeterမရှိရင် ပုံမှာပြထားတာလေးရွေးသုံးနိုင်ပါတယ်)
ဖုန်းအားသွင်းဖို့ကျ car charger လေးတွေကို ဘက်ထရီနဲ့တိုက်ရိုက်သွင်းနိုင်ပါတယ် car charger မှာ ဈေး၁သောင်းတန်ပတ်ဝန်းကျင်လေးတွေသုံးပါ ဒါမှဖုန်းအားပြည့်မြန်ပါတယ် ဖုန်း၂လုံးသုံးတယ်ဆို USB ၂ပေါက်ပါတဲ့ဟာလေးရွေးဝယ်ပေါ့ဗျား
နောက်နေ့ အင်ဗတာမလိုပဲ ဘက်ထရီနဲ့ တိုက်ရိုက် Laptop သုံးတာလေးပြပေးပါဦးမယ် မရှင်းတာရှိရင် cb မှာမေးနိုင်ပါတယ် ပစ္စည်းလိုအပ်တာရှိရှာပေးပါမယ်ဗျား
ငွေမကုန်သင့်တဲ့နေရာမကုန်စေချင်ပါဘူး
(ဒီအကြောင်းတွေသိပြီးသူများ ကျော်သွားနိုင်ပါတယ်ခင်ဗျား)
Credit : Tunsoe BoJook
မူရင်းရေးသားသူအားလေးစားစွာဖြင့် credit ပေးပါသည်။
Credit..photo//
ပြန်လည်ကူးယူဖော်ပြပါသည်