What is a computer?
What is a computer?
A computer is electronic device. ဒီအချိန်မှာ electronic device ဖြစ်တယ်ဆိုတာနဲ့မလုံလောက်တော့ပါဘူး။ ဒါဆို လုံလောက်တဲ့အဖြေကဘာလဲ?
Hardware (ထိတွေ့ကိုင်တွယ်နိုင်သောအရာ) နှင့် Software (ထိတွေ့ကိုင်တွယ်၍မရနိုင်သောအရာ) တို့ ပေါင်း စပ်ဖွဲ့စည်းထားသောကိရိယာကို Computer ဟုခေါ်သည်။ အဲ့ဒိနောက်မှာ Hardware ဆိုတာဘာလဲ?
Software ဆိုတာဘာလဲ?သိထားသင့်ပါတယ်။
Hardware
ထိတွေ့ကိုင်တွယ်နိုင်တဲ့ ကိရိယာတန်စာပလာတွေသည်Hardware ဖြစ်တယ်။
(1) Input Device များဖြစ်ကြတဲ့
(a) Keyboard
(b) Mouse
(c) Scanner
(2) Output Device များဖြစ်ကြတဲ့
(a) Monitor
(b) Printer
(3) Main Memory (RAM)
(4) Secondary Memory
(a) Hard disk
(b) DVD/CD ROM
(5) CPU
(6) သူတို့တွေကို တစ်ခုနဲ့တစ်ခုပို့ဆောင်ပေး တဲ့ Bas စသည်တို့ပါဝင်ပါတယ်။
Software
ထိတွေ့ကိုင်တွယ်၍မရနိုင်သော Programs (ညွှန်ကြားချက်များ) နှင့် လုပ်ဆောင်သောအရာတွေသည်
Software ဖြစ်တယ်။
ဥပမာ-
(1) Photoshop
(2) Microsoft Office စသည်တို့ဖြစ်ကြတယ်။
Hardwareနဲ့Softwareကိုနှိုင်းယှဉ်ကြည့်ကြပါဆို့
- Hardware သည်အလုပ်သမားနှင့်တူပြီး Software သည်ပညာရှင်နှင့်တူသည်။
- Hardware တွင်မှတ်ဉာဏ်သာရှိပြီး အသိဉာဏ်မရှိ။Software တွင်အသိဉာဏ်ရှိသည်။
ဥပမာ -
1 နဲ့ 2 ပေါင်းမယ်ဆိုကြပါဆို့ ဒီအတိုင်းသူတို့ပေါင်းမရပါဘူး။
အပေါင်း လက္ခဏာ + ရှိမှပေါင်းရပြီး
ညီမျှခြင်းလက္ခဏာ = ရှိမှအဖြေရမှာမဟုတ်လား
1 + 2 = 3
1 နဲ့ 2 က Hardware ဖြစ်ပြီး ပေါင်းဖို့အသိဉာဏ်မရှိတဲ့အတွက်+ အပေါင်းလက္ခဏာဖြစ်တဲ့ Software က ပေါင်းပေးရပါတယ်။ ရရှိလာတဲ့ အဖြေ 3 ကို Hardware က မှတ်ထားပေးမှာဖြစ်ပါတယ်။
ကဲ ဒီလောက်ဆို Hardware နဲ့ Software အလုပ်လုပ်ပုံကွာခြားချက်တွေကို နာလည် သဘောပေါက်ပြီလို့မျှော်လင့်ပါတယ်။
Post လေးကိုဆုံးအောင်ဖတ်ပေးလို့ကျေးဇူးတင်ပါတယ်
Credit…..U Aung Moe Linn
Credit..photo//
လေးစားစွာဖြင့်
NayLinHtet (အိုင်တီလမ်းညွှန်)
ပြန်လည်ကူးယူဖော်ပြပါသည်