Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အ‌ရောင်းအဝယ်ပြုလုပ်သော ကိစ္စများတွင် အမည်ငှားဖြင့် ဝယ်ယူခဲ့ခြင်း ရှိ မရှိ သုံးသပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

March 13, 2023 172 views
အ‌ရောင်းအဝယ်ပြုလုပ်သော ကိစ္စများတွင် အမည်ငှားဖြင့် ဝယ်ယူခဲ့ခြင်း ရှိ မရှိ သုံးသပ်ရာတွင် ထည့်သွင်းစဉ်းစားရမည့်အချက်များ

ယုံမှတ်အပ်နှံခြင်းအက်ဥပဒေပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်အရ ငွေစိုက်ထုတ်ပေးသူသည် လွှဲပြောင်း ရရှိသူ၏ အကျိုးငှာ ငွေစိုက်ထုတ်ဝယ်ယူခြင်းမဟုတ်လျှင် ပစ္စည်းကိုလွှဲ ပြောင်းရရှိသူသည် ငွေပေးသူ၏ အမည်ငှားအနေဖြင့် ထိုသူ၏ အကျိုးငှာ လက်ရှိထားခြင်းဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ 

ငွေရှင်သည် ပိုင်ရှင်ဖြစ်သည်ဟု တရားသေကောက်ယူပါလျှင် ယုံမှတ်အပ်နှံခြင်းအက်ဥပဒေ ပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်နှင့် ဆန့်ကျင်မည်ဖြစ်သည်။ ငွေရှင်က စာချုပ်၌ လွှဲပြောင်းရရှိသူဟု ဖော်ပြထား သူအား အပိုင်ဝယ်ပေးလိုသော ရည်ရွယ်ချက် ရှိ မရှိသည် အဓိကအချက်ဖြစ်သည်။ ထိုရည်ရွယ်ချက် မရှိပါက ငွေရှင်သည် ပိုင်ရှင်ဖြစ်မည် ဖြစ်သည်။ 

ဒေါ်အစူရာဘီ (ခ)ဒေါ်ချစ်တီးယားနှင့် ဒေါ်ဖာတူး (ခ) ဒေါ်မြမြဝင်း ၁၉၆၉ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်ထုံး၊ စာမျက်နှာ-၁၄၈ တွင် ဘီနာမီ (ခ) အမည်ငှားဖြင့် အရောင်းအဝယ်ပြုလုပ်သောကိစ္စများ၌ အောက်ပါအချက်များအပေါ် မူတည်၍ စဉ်းစားသင့်ကြောင်း သုံးသပ်ဆုံးဖြတ်ထားသည်- 

(၁) အမည်ငှားစနစ်ဖြင့်အရောင်းအဝယ်ပြုလုပ်ရန်အကြောင်း ရှိ မရှိ၊ 

(၂) နာမည်ငှားများနှင့်တကယ်တမ်းဝယ်ယူသူတို့ ဆက်စပ်နေပုံအရ တကယ်တမ်းဝယ်ယူသူက ထိုနာမည် ငှားများကိုရွေးချယ်ရန်အကြောင်း ရှိ မရှိ၊ (၃) ပစ္စည်းပိုင်ဆိုင်မှုနှင့် စပ်လျဉ်းသည့် စာချုပ်စာတမ်းများ မည်သူ့ထံတွင် ရှိသနည်း၊ (၄) ပစ္စည်းသည်မည်သူ့လက်ဝယ်တွင်ရှိသနည်း၊ (၅) မည်သူ့ထံမှအဖိုးငွေကို ရရှိသနည်း။ 

အလားတူ ဒေါ်အေးတင်ပါ ၂ နှင့် ဦးခေးဝှက် (ခ)ဦးစိန်တင် ၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရား စီရင်ထုံး၊ စာမျက်နှာ- ၈၁ တွင်လည်း အထက်ပါ စီရင်ထုံးကိုလိုက်နာလျက်ဆုံးဖြတ်ခဲ့သည်။ ယုံမှတ်အပ်နှံခြင်းဆိုင်ရာဥပဒေ ပုဒ်မ ၈၂ ပါ ပြဋ္ဌာန်းချက်နှင့် ညီညွတ်ရန်အတွက် ဘီနာမီ (ခ) အမည်ငှားဖြင့် အရောင်းအဝယ်ပြုလုပ်သောကိစ္စများ၌ အထက်ဖော်ပြပါ စဉ်းစားရမည့် အချက် (၅) ချက် အပြင် အောက်ပါအချက်ကိုပါထည့်သွင်းစဉ်းစားရမည်ဖြစ်သည်- 

(၆) ငွေပေးသူကလွှဲပြောင်းရရှိသူဟု ဖော်ပြထားသူ၏ အကျိုးငှာ ငွေပေးချေရန် ရည်ရွယ်ခဲ့ခြင်း ရှိမရှိ။
အထက်ဖော်ပြပါ အကြောင်းချင်းရာများအပေါ် သုံးသပ်ပြီးမှသာ အ‌ရောင်းအဝယ်ပြုလုပ်သော ကိစ္စများတွင် အမည်ငှားဖြင့် ဝယ်ယူခဲ့ခြင်း ရှိ မရှိ ကို ဆုံးဖြတ်နိုင်မည် ဖြစ်ပါသည်။

Credit: Original Uploader

Related Posts