Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

အဆောက်အဦးအဟောင်း ဆေးသုတ်မယ်ဆိုရင်.....

March 16, 2023 133 views
အဆောက်အဦးအဟောင်း ဆေးသုတ်မယ်ဆိုရင်.....

တီချယ် အဆောက်အဦးအဟောင်း ဆေးပြန်သုတ်ရင် ဘာတွေလုပ်ရမလဲ ဘာတွေလိုက်နာဖို့ လိုသေးလဲရှင့်...

အဆောက်အဦး အသစ်များကို ဆေးသုတ်လျှင် လွယ်ကူလျင်မြန်သလောက် အဆောက်အဦးအဟောင်းဖြစ်ပါက ရှေ့ဦး ဆောင်ရွက်ရမည်လုပ်ငန်းများကို သေချာလုပ်ဆောင်မှသာ အဆင်ပြေပါမယ် ။

တိုက်ဟောင်းများဆေးသုတ်မည်ဆိုလျှင် ဆေးဟောင်းများကို သေချာစွာခြစ်ထုတ်ပြီး သံbrush ဖြင့် တိုက်ပြစ်ပါ။ အောက်က ပတ်တီးပါ ပြောင်‌အောင် တိုက်နိုင်လျှင် ပိုကောင်းပါတယ်။

ဖုန်များ သဲများ ကင်းစင်အောင် သန့်ရှင်းရေးပြုလုပ်ပါ။

လိုအပ်ပါက နံရံကို ရေဖြင့် ပတ်ဖြန်း သန့်စင်စေပြီး ခြောက်သွေ့အောင်ထားပါ။

နံရံခြောက်သွေ့မှုမရှိလျှင် ဆေးသုတ်လုပ်ငန်း ဆောင်ရွက်၍ မရပါ။

နံရံများတွင် ရေငွေ့ရိုက်လေ့ရှိသောနေရာများ ရေအသုံးများပါက ရေစိမ့်လေ့ရှိသောနေရာများအား သေချာကြည့်ရှု့ စစ်ဆေးပြီး လိုအပ်လျှင် ရေငွေ့မရိုက်အောင် ရေမစိမ့်အောင် ပြုပြင်ဆောင်ရွက်ရပါမယ်။

တစ်ခါ တရံတွင် ပန်းရံလုပ်ငန်းများဆောင်ရွက်ပေးပြီးမှ ဆေးသုတ် ရတာမျိုးလည်းရှိပါတယ်။

ရေစိမ့်သည့် အကြောင်းအရင်းကို မပြင်ပဲ ဆေးသုတ်ပါက မကြာခင်မှာပဲ ဆေးတွေ‌ ဖောင်းကြွလာပြီး၊ ကွာကျ တက်ပါတယ်။

ဆေးသုတ်ထားတဲ့ ဆေးသားက အပြင်က ရေကိုသာ ခံနိုင်ရည် ရှိပြီး၊ အတွင်းကရေကဆေးသားကို တွန်းတုတ်တဲ့ အတွက် နံရံ ဆေး မှာ ဆေးသား ဆွဲမနေတော့ပါဘူး။

ရေသုံးတဲ့ နေရာ ဆိုရင်တော့ Epoxy ဆေး သုတ်သင့်ပါတယ်။

 

Related Posts