Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မိဘအမွေမဆက်ခံနိုင်သည့်သားသမီးများ

March 17, 2023 449 views
မိဘအမွေမဆက်ခံနိုင်သည့်သားသမီးများ

🔰မိဘအမွေမဆက်ခံနိုင်သည့်သားသမီးများ🔰
*******************

🟢မြန်မာဓလေ့ထုံးတမ်းများတွင် 
မိဘသည် သားသမီးများအား 
အမွေမှ မထုတ်ပယ်နိုင်ပေ။ 
သို့ရာတွင် အောက်ပါ အကြောင်းအရာများကြောင့် 
သားသမီးများသည် 
မိဘအမွေကိုဆက်ခံခွင့်ဆုံးရှုံးရပေသည်။

❗️(၁) မိဘများမှ သူတစ်ပါးအား မွေးစားရန် ပေးအပ်ခံရခြင်း။

❗️(၂) မိဘများ ကွာရှင်းပြတ်စဲကြပြီးသည့်နောက် 
သားသမီးတစ်ဦးဖြစ်သူသည် မိဘတစ်ဦးနှင့် 
အတူနေထိုင်ပြီး ကျန်တစ်ဦးအား 
သားသမီးတို့ ပြုလုပ်သင့်သော
ဝတ်ကြီးဝတ်ငယ်များကို ဆက်လက်မပြုစုခြင်း။

❗️(၃) သားသမီးတို့ကျင့်ဝတ်ပျက်ပြားခြင်း။🟢

🟢အထက်ပါအကြောင်းအရာ (၃)ရပ်အနက် သားသမီးတို့ ကျင့်ဝတ်ပျက်ပြားခြင်းကို ရေးသားဖော်ပြပေးပါမည်။🟢

🟢မိဘသည် သားသမီးတို့အား 
အမွေမှ မထုတ်ပယ်နိုင်သော်လည်း 
အမွေစားအမွေခံဖြစ်သည့် သားသမီးတို့၏ 
ကျင့်ဝတ်ပျက်ပြားမှုကြောင့်သာလျှင် 
မိဘအမွေကို ဆက်ခံခွင့် ဆုံးရှုံးနိုင်ပါသည်။🟢

🟢ဤသည်ပင်လျှင် အပြုအမူကောင်းဖြင့် 
အမွေရနိုင်သော်လည်း အပြုအမူဆိုးဖြင့် 
အမွေဆုံးရှုံးနိုင်သည်ဆိုသည့် 
အမွေဆက်ခံ‌ရေး အခြေခံမူတစ်ရပ် ဖြစ်ပါသည်။🟢

🟢မိဘသဘောမတူသည်နှင့် 
ထွက်ပြေးမှုသည် သားသမီးတို့၏ 
ကျင့်ဝတ်ပျက်ပြားသည်ဟု လုံးဝမဆိုနိုင်ပေ။🟢

🟢ထို့ကြောင့် မိဘသဘောမတူသူနှင့် 
ထွက်ပြေးရုံမျှဖြင့် အမွေမဆုံးရှုံးနိုင်ပါ။🟢

🟢သာစဥ်နာစဥ် စောင့်ရှောက်ရမည့် 
ဝတ္တရားကို သိလျက်နှင့် 
ပျက်ကွက်လစ်ဟင်းကြောင်းနှင့် 
စွန့်ပစ်ထားကြောင်း ထင်ရှားလျှင် 
အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်ပါသည်။ 
မိဘနှင့်အတူမနေထိုင်ခြင်းသည် 
အမွေမှပယ်ထုတ်ရန် 
အ‌ကြောင်းမလုံလောက်ပေ။🟢

🟢သားသမီးတို့၏ ပြုဖွယ်ဝတ္တရားများကို 
မေ့လျော့ပျက်ကွက်ကြောင်း 
ထင်ရှားအောင်ပြလျှင်  
အမွေဆက်ခံခွင့်ဆုံးရှုံးနိုင်သည့်အပြင် 
တရားဥပဒေသည် လင်မယားပါ 
သားသမီးများနှင့်လည်း 
သက်ဆိုင်ပေသည်။🟢

#မူရင်းရေးသားသူအား_Credit_ပေးပါသည်။

Related Posts