Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကျူးကျော်သစ်ကိုင်းခုတ်လို့ရ၊ မရ ပြဿနာ

March 20, 2023 40 views
ကျူးကျော်သစ်ကိုင်းခုတ်လို့ရ၊ မရ ပြဿနာ

#ကျူးကျော်သစ်ကိုင်းခုတ်လို့ရ၊ မရ ပြဿနာ

မေး - တစ်ဖက်ခြံက ကုက္ကိုပင်ရဲ့ အကိုင်းတစ်ကိုင်းဟာ ကျွန်တော့်ခြံဖက် ကျူးကျော်နေပါတယ်။ အကိုင်း ဖြတ်ပေးဖို့ တစ်ဖက်ခြံက ပိုင်ရှင်ထံ သွားပြောတော့ တိုင်ချင်ရာ တိုင်လို့ ပြောပါတယ်။ အဲဒါ ဘယ်လိုလုပ် ရမလဲဆိုတာ သိပါရစေ။

ဖြေ - ဒီလိုရှိပါတယ်။ တစ်ဖက်ခြံက သစ်ပင်ရဲ့ အကိုင်းဟာ မိမိခြံအတွင်း ကျူးကျော်ခြင်းကြောင့် မိမိရဲ့ အဆောက်အဦး တွေပျက်စီးမယ်၊ သစ်ပင်ပန်းပင်များ ပျက်စီးနစ်နာမယ်ဆိုရင် ရှေ့ဦးစွာ ရပ်ကွက် ကောင်စီရုံး (ယခု အုပ်ချုပ်ရေးမှူး ရုံး)မှာ ညှိနှိုင်းကြည့်ပါ။ မပြေလည်ရင် သက်ဆိုင်ရာ မြို့နယ်စည်ပင် သာယာ အုပ်ချုပ်ရေးမှူးထံ တိုင်ပါ။ အဲဒါမှ မလိုက်လျောဘူး ဆိုရင်တော့ သက်ဆိုင်ရာ တရားရုံးမှာ  ကျူးကျော်နေတဲ့ သစ်ကိုင်းကို ဖြတ်ပေးရန်နှင့် နောက်ထပ်သစ်ကိုင်းများ ထပ်မံမကျူးကျော်စေရန်အတွက် အမြဲတား၀ရမ်းထုတ်ပေးဖို့ တရားမကြောင်းနဲ့ တရားစွဲဆိုရမည်ဖြစ်ကြောင်း ပြန်ကြားအပ်ပါတယ်။

#Credit to Original uploader

Related Posts