Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

DD ဘာကြောင့် ပျက်ရတယ်။

March 21, 2023 105 views
DD ဘာကြောင့် ပျက်ရတယ်။

DD ဘာကြောင့် ပျက်ရတယ်။

ကဲ့ A+ သမားများ အသေချာဖတ်ကြည့်ပါ။ စာဖတ်မပျင်းကြပါနဲ့။
သင်တန်းတက်ပြီးရင် ဒီလိုလည်း တစစလေ့လာကြရပါမည်။

HDD ဘာဆိုတာ သိပြီးသားလို့ ထင်ပါတယ်။ HDD ဆိုတာ Hard Disk ကို ပြောတာပါ။ Hard Disk ဘာကြောင့် ပျက်တတ်သလဲ။ သိထားသင့်တဲ့ အချက်ပါ။ Hard Disk ထဲမှာ သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကွန်ပျူတာက Access လုပ်လို့ မရနိုင်တော့ဘူးဆိုလျင် Hard Disk ပျက်တယ်လို့ ပြောနိုင်ပါတယ်။ အဲလိုပျက်ရတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ။ အဲလိုသိထားမယ်ဆိုလျင် ကိုယ်က သတိထားလို့ရတာပေါ့။
Hard Disk ပျက်စီးစေနိုင်တဲ့ အချက်အလက်တွေကတော့
(၁) Firmware တစ်ပိုင်းတစ်စပျက်ခြင်းနှင့် လုံးဝပျက်ခြင်း
(၂) Electronic ပိုင်းက Failure ဖြစ်ခြင်း
(၃) Mechanical ပိုင်းက Failure ဖြစ်ခြင်း
(၄) Logical ပိုင်းက Failure ဖြစ်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။
Data Lost ဖြစ်တာကို အဓိကထားပြောချင်တာကြောင့် Logical Failure ကိုပါ ထည့်သွင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သုံးလို့မရနိုင်လောက်အောင် ပျက်စီးသွားတဲ့ Hard Disk ရှိသလို၊ Bac Sector ဖြစ်လို့ Data တွေ ဆုံးရှုံးသွားတဲ့ အကြောင်းကိုပါ ခြုံငုံပြီးတော့ ဖော်ပြပေးမှာ ဖြစ်ပါတယ်။
Firmware ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Hard Disk ရဲ့ Firmware ဆိုတာ ဘာကိုပြောတာလဲ။ ကွန်ပျူတာကနေ Hard Disk ကို ချိတ်ဆက်အသုံးပြုတဲ့နေရာမှာ တိကျမှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့ Information တွေ သိမ်းထားတဲ့နေရာ ဖြစ်ပါတယ်။ ဒီတော့ တကယ်လို့များ Hard Disk ရဲ့ Firmware က တစ်ပိုင်းတစ်စပဲဖြစ်ဖြစ်၊ အကုန်လုံးပဲဖြစ်ဖြစ် ပျက်သွားခဲ့လျင် ကွန်ပျူတာကနေ Hard Disk ကို လှမ်းပြီး ချိတ်ဆက်တဲ့အခါ မှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်မှာ မဟုတ်တော့ပါဘူး။
ဒီလို Hard Disk ရဲ့ Firmware က ဘာကြောင့် ပျက်ရတာလဲ။
အခုနောက်ပိုင်း Hard Disk တွေမှာ Spindle အတွက် Fluid Bearing နည်းပညာကို အသုံးပြုလာပါတယ်။ ထို့ကဲ့သို့ Fluid Bearing နည်းပညာကို အသုံးပြုခြင်းကပဲ Firmware ကို ပျက်စီးစေတဲ့ အကြောင်းအရင်းပဲလို့ ပြောရမလားပါပဲ။ Fluid Bearing အကြောင်းကို အကြမ်းဖျင်းလောက် ရှင်းပြပေးပါမယ်။
ယနေ့ခေတ် Hard Disk ထုတ်လုပ်သူအများစုက Fluid Bearing ကို Spindle အဖြစ် အသုံးပြုလာခြင်းဟာ အရင်တုန်းက Hard Disk တွေမှာ အသုံးပြုခဲ့တဲ့ Ball Bearing ထက် ပိုကောင်းတာတွေ ရှိပါတယ်။ ၎င်းတို့ကတော့
(၁) Ball Bearing ထက် ပိုမိုကောင်းမွန်တဲ့ Shock Resistant ကို ပေးနိုင်တယ်။
(၂) အသံမကျယ်ဘူး။ ဆူညံမှုနည်းတယ်။
ဒါပေမယ့် Fluid Bearing မှာ Hard Drive ကို စဖွင့်လိုက်တဲ့အချိန်မှာ သူရဲ့ Motor အစိတ်အပိုင်းတွေက အေးနေတယ်ဗျ။ Bearing အတွင်းမှာရှိတဲ့ Fluid က Hard Drive ကို အကောင်းဆုံး Performance မျိုးရအောင် လိုအပ်တဲ့ အခြေအနေမျိုးရောက်ဖို့ အချိန်ယူရသေးတယ်။ ၎င်းကို Warm Up လုပ်နေတဲ့ အချိန်လို့ ခေါ်ပါတယ်။
အဲလို Warm Up လုပ်နေတဲ့အချိန်လေးမှာ Hard Drive ရဲ့ Platters တွေဟာ ဒေါင်လိုက်တုန်ခါမှု Vertical Vibration ဖြစ်နေတယ်ဗျ။ အဲလိုဖြစ်ပေါ်နေတဲ့ တုန်ခါမှုတွေကြောင့် Read/Write Error တွေ ဖြစ်ပေါ်စေပါတယ်။ Hard Drive တွေ Fail ဖြစ်ရခြင်းတွေထဲက အချက်တစ်ချက်ပေါ့။ ဒါကလည်း အမြဲတမ်းဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။ သို့ပေမယ့် ဒေါင်လိုက်တုန်ခါမှုကြောင့် Hard Drive တွေရဲ့ Firmware တွေနဲ့ Service Area တွေ ပျက်စီးရတာ ဖြစ်ပါတယ်။ Vertical Vibration ဖြစ်ပေါ်မှု အများဆုံးနေရာဟာ Disks ရဲ့ အပြင်ဘက်ဆုံး Area ဖြစ်ပါတယ်။ ၎င်း Area ဟာလည်း Hard Disk ရဲ့ Service Track ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။ Service Track ဆိုတာကလည်း Hard Disk ရပ်နေတဲ့အချိန်ကနေ ရုတ်တရက် စက်ဖွင့်လိုက်လျင်ဖွင့်ခြင်း အလုပ်စလုပ်ရတာဆိုတော့ ကြာလာတဲ့အခါ Service Track မှာရှိတဲ့ အကြောင်းအရာ(Firmware)တွေ တဖြည်းဖြည်း Lost ဖြစ်လာတာ ဖြစ်ပါတယ်။
နောက်ထပ်ဘာတွေ ဖြစ်လာနိုင်သေးသလဲဆိုတော့
(၁) Service Track ဖတ်လို့မရလျင် Read/Write Head ဟာ သူ့ဝင်ရိုးတစ်လျှောက် ဂတ်ဂတ်မြည်အောင် ဖတ်နေလိမ့်မယ်။ ပြီးလျင် မဖတ်တော့ဘဲ Parking သွားထိုးလိမ့်မယ်။
(၂) Read/Write Head မှာပါတဲ့ အစိတ်အပိုင်းထဲက (ထောက်တိုင်) သဘောမျိုး အစိတ်အပိုင်းက ကွေးလာတတ်တယ်။
(၃) အဲ့သလို ကွေးလာတတ်လျင် နောက်တစ်ခါမှာ Head ဟာ မျက်နှာပြင်မှာ ပွတ်တိုက်သွားတတ်တယ်။
အဲဒီတော့ ဒီလိုမပျက်ရလေအောင် ဘယ်လိုလုပ်ရမလဲ။
ဒါက ပျက်ရိုးပျက်စဉ်တွေထဲက သဘောတစ်ခုပါ။ အချိန်ကြာလာလျင် ဖြစ်လာတတ်တာကို ပြောပြတာပါ။
Electronic ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Hard Disk ရဲ့ Electronic အပိုင်းဆိုတာဘာပါလဲ။ Hard Disk ရဲ့ အောက်ဖက်က Circuit Board လေးပဲ ဖြစ်ပါတယ်။ အခုတင်ပြနေတဲ့ Hard Disk ရဲ့ Electronic ပိုင်း Fail ဖြစ်တယ်ဆိုတာ အဲ့ဒီ Circuit Board ထိခိုက်သွားတာပဲ ဖြစ်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုလျင်တော့ ရှင်းပါတယ်။ Power ကြောင့်ပဲ ဖြစ်ပါတယ်။ Voltage မတည်ငြိမ်တဲ့အခါတွေမှာ၊ Voltage ဆောင့်တက်တဲ့အခါမျိုးတွေမှာ ဘယ်လိုမျိုးပဲဖြစ်ပါစေ Electrical နှင့် ပတ်သက်ပြီးတော့ပဲ ဖြစ်တတ်တာ ဖြစ်ပါတယ်။
ဒါမျိုးကတော့ များသောအားဖြင့် Circuit Board မှာ Physically ထိခိုက်သွားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်ဒီလိုမျိုးဖြစ်သွားဖူးတဲ့ Hard Disk တွေကို တော်တော်လေးတွေ့ဖူးပါတယ်။ ဒါပေမယ့် ကောင်းတဲ့အချက်က Circuit Board ကို ဖြုတ်လဲလိုက်လို့တော့ ရပါတယ်။ Data တော့ မဆုံးဘူးပေါ့။ ဒါပေမယ့် လုပ်တာမှားသွားလျင်လည်း Data ပါ Lost ဖြစ်သွားနိုင်ပါတယ်။
Mechanical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Mechanical ပိုင်း ပျက်တာက Electrical ပိုင်းပျက်တာထက် ပိုဆိုးတယ်ဗျ။ ဘာလို့လဲဆိုတော့ Hard Disk ပျက်ပြီဆိုကတည်းက Hard Disk တစ်လုံးထပ်ဝယ်ရမှာပဲလေ။ Data တွေ ပြန်ရဖို့အတွက်ကြတော့ ဘယ်လိုလုပ်မလဲ။ Mechanical ပိုင်းပျက်တာက Hard Disk မှာ Electronic ပိုင်းပျက်တာထက် Data ပြန်ရဖို့ သိပ်မလွယ်ဘူးဗျ။ နောက်ပြီး Mechanical ပိုင်းပျက်တာက ပျက်ပြီဆိုတာနဲ့ချက်ချင်းသိလျင်သိ၊ မသိလျင်တော့ ကြာလေ Data တွေ ပို Lost ဖြစ်နိုင်လေပဲ။
Hard Disk တွေရဲ့ Mechnical ပိုင်းပျက်တယ်ဆိုတာက အမျိုးမျိုးဖြစ်နိုင်ပါတယ်။ ဥပမာပြောရလျင် Motor ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ Read/Write Head တွေ ပျက်သွားတာလည်း ဖြစ်နိုင်တယ်။ အများဆုံးဖြစ်ကြတာကတော့ Head Crash ဖြစ်တာပါပဲ။ Head Crash ဖြစ်တယ်ဆိုတာကလည်း Head ကြီးက Hard Disk ရဲ့ မျက်နှာပြင်ပေါ်မှာ တစ်ချက်ကလေးသွားထိတာလည်း ဖြစ်နိုင်သလို၊ တောက်လျှောက်တစ်ရွက်တိုက် ဆွဲချသွားတာလည်း ဖြစ်နိုင်တယ်။
ဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့-
(၁) Shock ဖြစ်၍သော်လည်းကောင်း
(၂) ကွန်ပျူတာအရွှေ့အပြောင်း၌ အခန့်မသင့်၍သော်လည်းကောင်း
(၃) Static Charge (Electricity) ကြောင့်သော်လည်းကောင်း
(၄) Power မတည်ငြိမ်မှုကြောင့်လည်းကောင်း
(၅) Read Write Head က ချွတ်ယွင်းလာသောကြောင့်လည်းကောင်း ဖြစ်တတ်ကြပါတယ်။
အဲ့သလိုဖြစ်လျင် ဖော်ပြမယ့်လက္ခဏာကတော့ ကတောက် ကတောက်ဆိုပြီး အသံတွေ မြည်လာတတ်ပါတယ်။ အကယ်၍ သင်ဟာ Hard Disk ထဲက Data တွေအတွက် အရေးတကြီး စိုးရိမ်ပူပန်ခဲ့မယ်ဆိုလျင် ကွန်ပျူတာကို ဆက်လက်မသုံးသင့်တော့ပါဘူး။
Logical ပိုင်းပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
Logical ပိုင်းပျက်တယ်ဆိုတာ Hard Disk ကကောင်းနေပြီး အထဲက Data File တွေ ပြန်ခေါ်လို့ မရတော့တဲ့ ပျက်ခြင်းမျိုးကိုပြောတာ ဖြစ်ပါတယ်။ ဒီပြဿနာက ခုနကပြောခဲ့တဲ့ ပြဿနာတွေထက် ပိုလွယ်လိမ့်မယ်လို့တော့ ပြောလို့မရဘူး။ ပြောရမယ်ဆိုလျင် အလွယ်ကူဆုံး အခြေအနေကနေ အခက်အခဲဆုံး အခြေအနေထိ ပြဿနာက ကျယ်ပြန့်တယ်။ ဥပမာ-ဖိုင်တွေ Frag ဖြစ်တာများပြီး ဖွင့်လို့မရတော့တာမျိုး၊ Directory Structure Error ဖြစ်ပြီး ဖတ်မရတာမျိုး စသည်ဖြင့်ပေါ့။ ဒါပေမယ့် Data ကို အရေးမကြီးတဲ့သူတွေအတွက်ကတော့ ပြဿနာမရှိပါဘူး။ Hard Disk ကို Partition ပိုင်း Format ချပြီး ပြန်သုံးလို့ရတာပဲ။ ဘာလို့လဲဆိုတော့ Hard Disk ဘက်က Physically ပျက်တာမှ မဟုတ်တာ။ ဒီလိုအခြေအနေမျိုးမှာ Hard Disk ပေါ်က Data တွေ ပြန်ရဖို့ Recovery Software တွေ အများကြီး ဝယ်ပြီးအသုံးပြုလို့ရနေတာပဲ။
ဒါပေမယ့် သတိထားရမှာက မလုပ်တတ်လျင် Data တွေကို Recovery ပြန်လုပ်လို့ရနေတဲ့ အခြေအနေကနေ လုပ်လို့မရတော့တဲ့ အခြေအနေမျိုး ဖြစ်သွားတတ်တယ်။ အထူးသဖြင့် ဒီလိုအခြေအနေမျိုးဖြစ်လာလျင် အမြဲတမ်း Scandisk Run ခြင်း၊ Chkdsk Run ခြင်းတို့ဟာ မှန်တယ်လို့ တရားသေပြောလို့ မရပါဘူး။

Credit – someone
လေးစားစွာဖြင့်
NayLinHtet (အိုင်တီလမ်းညွှန်)

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်
 

Related Posts