Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြေပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ကန့်ကွက်လွှာများတင်ပြလာမှုအပေါ် စစ်ဆေးခြင်း

March 21, 2023 94 views
မြေပိုင်ဆိုင်မှုများနှင့်ပက်သက်၍ ကန့်ကွက်လွှာများတင်ပြလာမှုအပေါ် စစ်ဆေးခြင်း

မြို့မြေဂရန် လျှောက်ထားမှုအရပ်ရပ်တို့တွင် ကန့်ကွက်လွှာများကို လက်ခံစစ်ဆေးရာတွင် အောက်မြန်မာပြည် မြို့နှင့်ကျေးရွာ မြေများအက်ဥပဒေအရ အခွန်တော်အရာရှိအား အောက်ပါအတိုင်း ဆောင်ရွက်ခွင့်အာဏာများ ရှိသည်။

(၁) အခွန်တော်အရာရှိတစ်ဦးသည် မိမိလက်ဝယ်ရောက်ရှိသော အမှုတစ်စုံတစ်ရာအတွက် လာရောက်ရန် သင့်လျော်သည်ဟု ထင်မြင်သူ မည်သူ့ကိုမဆို ဆင့်ခေါ်သမ္မာန်စာချ၍ ဆင့်ဆိုခွင့်ရှိသည်။ထိုကဲ့သို့ ဆင့်ခေါ်သည့် သမ္မာန်စာကို တရားမကျင့်ထုံးတွင် ဖော်ပြပါရှိသည့် သမ္မာန်စာချရန် ပြဌာန်းချက်များနှင့်အညီ ဆောင်ရွက်ရမည်။

(၂) သမ္မာန်စာချအပ်ခြင်းခံရသူ မည်သူမဆို သမ္မာန်စာတွင် ဖော်ပြပါရှိသည့်အချိန်တွင် သတ်မှတ်သည့် နေရာသို့ ၎င်းကိုယ်တိုင်ဖြစ်စေ၊ ၎င်း၏တရားဝင်ကိုယ်စားလှယ်ဖြစ်စေ၊ ၎င်း၏ရှေ့နေ အကျိုးဆောင်ဖြစ်စေ လာရောက်ရန် တာဝန်ရှိပေသည်။

အခွန်အရာရှိက ထုတ်ဆင့်ခံရသည့် သမ္မာန်စာအရ လာရောက်ရသူ မည်သူမဆို မိမိထွက်ဆိုအစစ်ဆေးခံသည့် မည်သည့်မှုခင်းတွင်မဆို မှန်ကန်စွာထွက်ဆို အစစ်ဆေးခံရန် တာဝန်ရှိပါသည်။ထို့ပြင် အခွန်အရာရှိက တင်ပြရန် ဆင့်ဆိုသည့် စာချုပ်စာတမ်းအပါအဝင် အမှုနှင့်သက်ဆိုင်သည့် အခြားမည်သည့်အရာကိုမဆို တင်ပြရန်တာဝန်ရှိပါသည်။ (မြို့နှင့်ကျေးရွာ မြေများအက်ဥပဒေပုဒ်မ- ၃၈(က))

သို့ဖြစ်၍ အောက်မြန်မာပြည်တွင် မြို့များမှ မြေဂရန်လျှောက်ထားမှုများတွင် လျှောက်ထားသူများ၊ ကန့်ကွက်သူများ၊ သက်သေများနှင့် အခြားလိုအပ်သည်ဟု ထင်မြင်သူများကို တရားမတရားရုံးသဖွယ် စစ်ဆေးရန်အခွင့်အာဏာ အပ်နှင်းထားပါသည်။ ဥပဒေနှင့်အညီ စစ်ဆေးရာမှ ထွက်ဆိုချက်များကို စာဖြင့်ရေးသား မှတ်တမ်းတင်ရာတွင် စာပုံစံများ ဂရုပြုရပါမည်။

ထွက်ဆိုချက်များကို မရေးသားမီ ထွက်ဆိုသူ၏အမည်၊ အသက်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ လူမျိုး၊ ကိုးကွယ်သည့်ဘာသာ၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်၊ မိဘအမည်တို့ကို ရှေးဦးစွာ ရေးသားဖြည့်သွင်းရပါမည်။ ထို့နောက်မှ ထွက်ဆိုချက်များကို ရေးသားရပါသည်။ထွက်ဆိုချက်များပြီးစီးပါက “ဖတ်ပြရာ မှန်ကန်ကြောင်းအောက်တွင် ဝန်ခံလက်မှတ်ရေးထိုးပါသည်”ဟူသော ထွက်ဆိုချက်အောက်တွင် ထွက်ဆိုသူကို လက်မှတ်ရေးထိုးစေရပါမည်။ ထို့နောက် ၎င်းအောက်တွင် “ကျွန်ုပ်ရှေ့တွင်”ဟူသည့် စာသားရေးသားကာ စစ်ဆေးသူအရာရှိ၏ ရာထူးကိုဖော်ပြပြီးလက်မှတ်ရေးထိုးရပါမည်။

Credit Original Uploader

Related Posts