Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ရောင်းသွက်သည့် ပါမစ်မြေနှင့် တစ်ခြမ်းထိုး စာချုပ်များ သတိထား

March 22, 2023 102 views
ရောင်းသွက်သည့် ပါမစ်မြေနှင့် တစ်ခြမ်းထိုး စာချုပ်များ သတိထား

အရောင်းသွက်သည့် ပါမစ်မြေနှင့် တစ်ခြမ်းထိုး စာချုပ်များ သတိထား

လွှတ်တော်ရှေ့နေ မောင်ကောင်းဖေ 

ယနေ့ခေတ် အိမ်ခြံမြေ အရောင်းအဝယ် လောက တွင် အရောင်းသွက်ပြီး ချက်ခြင်းပြန်၍ ရောင်း ထွက်နိုင်သည့် ပါမစ်မြေကွက်ဆိုလျှင် ဝယ်ရောင်း ပွဲစားများ အကြိုက်ဆုံးဖြစ်သည်။ ပါမစ်မြေကွက် ဆိုကတည်းက ပါမစ်အမည်ပေါက်မှန်ကန်ဖို့သာ
လိုသည်။ ထွေထွေထူးထူး စာချုပ်မလို၊ ဈေးဆိုင်က
အလွယ်ဝယ်၍ရသည့် စာချုပ်ရှိဖို့သာလိုသည်။
မြေချပါမစ်ဝယ်ရောင်း သမားများ အနေဖြင့် 
ပါမစ်မြေကွက်ကို ဘောလီဘောပုတ်သလို 
ဟိုလူဝယ်ရောင်းလက်ထဲ ရောက်လိုက်၊
သည်ဘက်လူဝယ်ရောင်းပွဲစားလက်ထဲရောက်လိုက်
နှင့် တစ်လက်ပြီးတစ်လက်ပြောင်းနေတတ်သည်။
အချို့ပါမစ်မြေကွက်များဆိုလျှင် ဘယ်နှစ်လက်
ပြောင်းသည်ကိုပင် ခန့်မှန်းရခက်သည်။ ပါမစ်
အမည်ပေါက်က ရောင်းလိုက်သည့် အိမ်ခြံမြေ
အရောင်းအဝယ်စာချုပ်တစ်ခုတည်းသာ တွေ့ရသည်။

တစ်ခြမ်းထိုးစာချုပ်ဆိုတာ ဝယ်သူအမည်မရှိပါ
=================================

စာချုပ်တွင်ပါမစ်အမည်ပေါက် ရောင်းသူ၏
အမည်မှတ်ပုံတင် နေရပ်လိပ်စာနှင့် လက်မှတ်တို့
သာ တွေ့ရသည်။ ဝယ်သူနေရာတွင် မဖြည့်ဘဲ
ကွက်လပ်ချန်ထားသည်။ ဝယ်သူအမည် မှတ်ပုံတင်
မပါသည့် စာချုပ်မှာ အသိသက်သေ(၂)ဦးထိုးဖို့
ဆိုတာ ဝေးလာဝေး။ ဒါကိုဘဲ သူတို့ဝယ်ရောင်း
လောကမှာ တစ်ခြမ်းထိုးစာချုပ်၊ တစ်ခြမ်းလွတ်စာ
ချုပ် ဟု နာမည်ပေးကင်ပွန်းတပ်ထားကြသည်။
ရော့ ပတ္တမြား၊ ရော့ နဂါးဖြစ်စေချင်တာက
ဝယ်ရောင်းတို့ရဲ့ဆန္ဒပါ။
ဤသို့ တစ်ခြမ်းလွှတ်စာချုပ်နှင့် စိမ်းနေသည့်

"မောင်ကောင်းဖေ "နှင့် တွေ့သည့်အခါ ရောင်းသူဝယ်သူကြားမှာ " မောင်ကောင်းဖေ"ခလုတ်ကန်သင်းဖြစ်နေသည်။ ရောင်းသူဖြစ်စေချင်သည်က ရော့ ပါမစ်မူရင်းနဲ့တစ်ခြမ်းထိုးစာချုပ်..... ပေး ရောင်းဖိုးငွေ ...ဆိုသလိုမျိုးဖြစ်နေသည်။ ချက်ချင်းငွေချေစေချင်သည်။ ရှေ့နေပါလာတော့ ရောင်းသူဝယ်သူ အဆက်အစပ်မိအောင် တစ်ခြမ်းထိုး စာချုပ်မှာ ရောင်းသူဘက်ကဖြည့်၊ လက်မှတ်ထိုးစေသည်။ သက်သေ(၂)ဦးပါ လက်မှတ်ထိုးခိုင်းသည်။ ယင်းတစ်ခြမ်းထိုး စာချုပ်ဖြည့်ပြီးမှ ပြန်ရောင်းသည်။ အရောင်းစာချုပ်များမှာလည်းရောင်းသူအနေနှင့်
လက်မှတ်ထိုးနိုင်သည်။ သို့မှသာ စာချုပ်အစပ်မိ
တယ်မဟုတ်လား။ တစ်ခြမ်းထိုးစာချုပ်ရှိနေသ၍
ပါမစ်အမည်ပေါက်ကိုရှာထားဖို့အတွက်အလုပ်ပေးထားသလိုဖြစ်နေပြန်သည်။ ပြဿနာပေါ်လာ လျှင် လည်း ရောင်းသူကိုရှာဖွေ၍ ဖြေရှင်းခိုင်းနိုင်သည်။ အကယ်၍ တစ်ခြမ်းထိုးဖြင့် ဝယ်ယူလိုက်ပါက ယင်းမြေချပါမစ်မှန်ကန်မှုမရှိလျှင် ဒါမှမဟုတ် မြို့တော်စည်ပင်မြေယာဌာနမှာ ကန့်ကွက်ချက်ပေါ်နေလျှင် မည်သူက တာဝန်ယူမည်နည်း။ တစ်ခြမ်းထိုး စာချုပ်မှာပါသည့် ပါမစ်အမည်ပေါက်သူကို လိုက်ရှာဖို့ဆိုတာရော လွယ်ပါ့မလား။ ပျောက်သော သူရှာလျှင်တွေ့ ဆိုပေမယ့် မိမိအမှန်တကယ်ရှာ ကြည့်သည့်အခါ  လိုက်လေ ဝေးလေ အဖြစ်မျိုး နှင့် ကြုံရတတ်သည်။

မြေကွက်အဝယ်စာချုပ်အဆက်အစပ်မိပါစေ
=================================

ကဲ ကောင်းပါပြီ။ မတွေ့ တွေ့အောင်ရှာလို့ တွေ့ပါပြီပဲ ဆိုကြပါစို့။ အဲဒီပါမစ်အမည်ပေါက်သူကတော့ ယခုဝယ်သူရဲ့ လက်ဝယ်မှာရှိတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းပေးမှာလဲ။ အရပ်တွေးပဲတွေးတွေး၊ ဥပဒေအရဘဲပြောပြော သူမှာ တာဝန်မရှိတော့ဘူးလေ။ သူက ကိုယ့်ကိုရောင်းခဲ့တာမှ မဟုတ်ဘဲ။
ကိုယ့်အပူ ကိုယ်ရှာ ဆိုတာ ဒါမျိုးကို ပြောတာ
ထင်ပါရဲ့။ အဲဒါကြောင့်ပြောတာပေါ့။ စာချုပ်
အဆက်အစပ်များချင်ရင် များပါစေ၊ စာချုပ်ကွင်း
ဆက်မပြတ်ဖို့သာ အဓိကပါလို့ ပြောပါရစေ။

အဝယ်စာချုပ်များပါစေကွင်းဆက်မပြတ်ဖို့က အဓိက
========================

စာချုပ်အစပ်များတဲ့ မြေချပါမစ်ဆိုလျင်  ဘယ်
အိုးအိမ်စည်ပင်၊စာချုပ်ရုံး၊ တရားရုံးတို့က လက်မခံ
ဘူးလို့ ဥပဒေပြဋ္ဌာန်းထားတာလည်း မတွေ့မိပါဘူး။
ဒါကိုဘဲ မြေချပါမစ် အရောင်းအဝယ်လုပ်ရင်း
တစ်ခြမ်းထိုး . . . တစ်ခြမ်းထိုးဖြစ်နေကြတာလည်းအံ့ပါရဲ့ ဘယ်ပွဲစားတွေက စတင်တီထွင်လိုက်သလဲမသိပါဘူး။ စာချုပ်အဆက်အစပ်မိမိနဲ့ အရောင်းအဝယ်စာချုပ်ချုပ်ဖို့ ရှေ့နေကပြောရင် အစဉ် အလာမရှိဘူး။ စာချုပ်အဆက်တွေများတာ  မကောင်းဘူးဟု ဆင်ဝှေ့ရန်ရှောင်' ပြောတတ်ကြ
တယ်။

နောင်ခါလား နောင်ခါဈေးဘဲဆိုပြီး ပေါ့ပေါ့မတွေးကြပါနဲ့
==================

ဒီခေတ်ကြီးမှာ အိမ်ခြံမြေကွက်ဝယ်မည်ဆို
ပါက တစ်သိန်းနှစ်သိန်းနှင့် ဝယ်လို့ရသည့်နေရာဆို
တာမရှိတော့ပါ။ (၁၀  ၆ဝ) ပေ မြေကွက်လေး
ဝယ်တာတောင် သိန်း(၅ဝ) သိန်း(၁၀၀၀)ဖြစ်နေ
တာကို သိလျက်သားနှင့်'မျက်နှာလွှဲခဲပစ် လုပ်ပြီး
နောင်ခါလာနောင်ခါဈေး၊ ပေါ့ပေါ့တွေးပြီး ခေါင်းမခံချင်လို့ တစ်ခြမ်းထိုးနဲ့ ရောင်းချင်ကြတာ၊ အဲဒီလို
အရောင်းအဝယ်လုပ်သူများနဲ့ တွေ့လျင် စာချုပ်
အဆက်အစပ်မိမှဝယ်ကြပါ။ အားမနာကြဖို့ အိမ်
ခြံမြေဝယ်လိုသူများသို့ အသိပေးလိုက်ပါသည်။
အားနာလို့ ခါး'ပါပြီ၊ ဗိုက်တစ်လုံးနဲ့ကျန်ခဲ့သည့်
ရုက္ခစိုးနတ်မင်း ရဲ့ပုံပြင်လေးနှင့် သတိပေးလိုက်ပါရစေ။


အတွေ့အကြုံအရသာပြောလိုက်ရသော်လည်း လက်ရှိပါမစ်အရောင်းအဝယ် လောကတွင် တစ်ခြမ်းထိုးစာချုပ်များဖြစ်ပါက ရောင်းသူအနေဖြင့်  စည်ပင်တွင် ပါမစ်အမည်ပေါက်ရှိမရှိ စစ်ကြည့် သည်။ ဝယ်သူတစ်ဦးဦးကကန့်ကွက် ထားခြင်းရှိမရှိစစ်ကြည့်သည်။ ဂရန်သစ်လျှောက်ထားခြင်းရှိမရှိစစ်ကြည့်ကြသည်။ကန့်ကွက်သူမရှိ  ဂရန် သစ်လျှောက်ထားခြင်းမရှိလျင်မြို့ပြမြေစီမံဌာန တွင် အရှုပ်အရှင်းကင်းသည့်အတွက်ပါမစ် အမည်ပေါက်မှန်ကန်ပါက ယခင်က အဆင်ဆင့် တစ်ခြမ်းထိုးစာချုပ်များကိုဖယ်ထုတ်၍ ပါမစ် အမည်ပေါက်ရောင်းသူ၏ တစ်ခြမ်းထိုးစာချုပ်တွင်
နောက်ဆုံးရောင်းမည့်သူ၏အမည်ကိုဖြည့်၍ လက်မှတ်ထိုးကာပြန်ရောင်းကြသည်ကို တွေ့ရ သည်။ ထို့ကြောင့်ပါမစ်မြေဝယ်ယူသူများ အထူး သတိပြုဝယ်ယူကြရန် အကြံပေးလိုက်ရပါသည်။

                             
 

Related Posts