Microsoft Edge browser

Microsoft Edge browser
--------------------------------------------
ဒီနေ့တော့ Windows တွေမှာ Built-in ပါလာတဲ့ Microsoft Edge Browser အကြောင်းကိုဗဟုသုတအနေနဲ့မျှဝေပေးလိုက်ပါတယ်..Microsoft Edge ဆိုတာဟိုးအရင်ခေတ်က Internet Explore(ie)ကို Update လုပ်လာတာဖြစ်ပါတယ်..UI , Themes နဲ့ search engine တွေကို update လုပ်ထားတာဖြစ်လို့အသုံးပြုရတော်တော်အဆင်ပြေစေတဲ့ Browser တစ်ခုဖြစ်လာပါတယ်..Chromium base browser ဖြစ်လာတော့ chrome လိုမျိုး search engine ကမြန်လာပါတယ်..Chrome မှာလိုမျိုး extension အကုန် စိတ်ကြိုက် add လုပ်လို့ရလာပါပြီ..Browser ကိုလဲ မိမိစိတ်ကြိုက် Customize လုပ်လို့ရတဲ့အတွက်အဆင်ပြေစေပါတယ်..ဒါ့အပြင် Edge မှာ မိမိအမြဲဝင်ကြည့်ဖြစ်တဲ့ website တွေကို app အနေနဲ့ install လုပ်လို့ရတယ်ဆိုတော့ click တချက်နှိပ်လိုက်တာနဲ့ ထို website ကိုတန်းရောက်သွားမှာပါ..အချိန်ကုန်မြန်စေတာကြောင့် ဒီအချက်က Microsoft Edge ကိုအသုံးပြုဖို့သင့်တဲ့အကောင်းဆုံးအချက်ဖြစ်ပါတယ်..မိမိအမြဲဝင်ကြည့်နေကြ website ကိုရောက်လျင် setting menu ထဲက Apps ဆိုတာကိုနှိပ်လိုက်ပါ..ပီးလျင် install this site as an app ဆိုတာကိုရွေးလိုက်ပီး install ထပ်နှိပ်ပါ..Box တစ်ခုထပ်ပေါ်လာလျင် pin to taskbar, create desktop shortcut အစရှိသဖြင့်ပေါ်လာပါလိမ့်မယ်..Taskbar မှာ app အနေနဲ့ထားချင်လျင် taskbar, Desktop ပေါ်မှာ shortcut အနေနဲ့ထားချင်လျင် Desktop Shortcut ဆိုတာရွေးပါ..နောက်တခါ ထို website ကိုသွားချင်လျင် browser ထဲဝင်စရာမလိုတော့ပဲ Shortcut or App ကိုနိပ်လိုက်တာနှင့် ထို website ထဲတန်းရောက်သွားမှာပါ..(ဒီအချက်က Microsoft Edge ကိုကြိုက်တဲ့အချက်မှာထိပ်ဆုံးကပါ )တခြား အသုံးဝင်တဲ့ features တွေ Edge မှာအများကြီးရှိပါသေးတယ်..Edge မှာ Microsoft account sign in လုပ်ပီးသုံးထားမယ်ဆိုလျင် မိမိ phone, PC, ios, mac မှတဆင့် အသုံးပြုသမျှကို sync လုပ်ပေးထားနိုင်ပါတယ်..Browser သုံးပီးအလုပ်လုပ်ရတဲ့သူတွေအတွက်လဲ Microsoft Edge ကအသုံးပြုသင့်တဲ့ Browser တစ်ခုဖြစ်မှာပါ.
#itrepair မှကူးယူဖော်ပြလိုက်ပါသည်။
Credit >>> Original Uploader
Credit..photo//
ပြန်လည်ကူးယူဖော်ပြပါသည်