Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

တိုက်ခန်းအပြီးသတ်အရောင်းအ၀ယ်ပြုလုပ်ပြီးနောက် မူလပိုင်ရှင်(ရောင်းသူ) အား တိုက်ခန်းတွင် ဆက်လက်နေထိုင်ခွင့်မပြုသင့်ခြင်း

March 24, 2023 88 views
တိုက်ခန်းအပြီးသတ်အရောင်းအ၀ယ်ပြုလုပ်ပြီးနောက် မူလပိုင်ရှင်(ရောင်းသူ) အား တိုက်ခန်းတွင် ဆက်လက်နေထိုင်ခွင့်မပြုသင့်ခြင်း

တိုက်ခန်းအပြီးသတ်အရောင်းအ၀ယ်ပြုလုပ်ပြီးနောက် မူလပိုင်ရှင်(ရောင်းသူ) အား တိုက်ခန်းတွင် ဆက်လက်နေထိုင်ခွင့်မပြုသင့်ခြင်း။

တိုက်ခန်းပြသနာများကို များစွာရေးသားတင်ပြဖူးသည်။ သို့သော် ပြသနာများက ရှိမြဲရှိဆဲ။ ထိုပြသနာများထဲမှ တစ်ခုကတော့ ရောင်းသူကို အရောင်းအ၀ယ်ပြုလုပ်သည့်တိုက်ခန်းတွင် အကြောင်းတခုခုကြောင့် (ခေတ္တ) နေထိုင်ခွင့်ပြုရာမှ မဆင်းတော့သဖြင့် ဖြစ်ပေါ်ရသည့်ပြသနာဖြစ်ပါသည်။
ထိုသို့ပြသနာဖြစ်ရခြင်းမှာလည်း မြန်မာလူမျိုးများ၏ အားနည်းချက်တစ်ခုဖြစ်သည့် အားနာသည့်စိတ် နှင့် မိမိစိတ်ကဲ့သို့သဘောထားကာ ကိုယ်ချင်း စာစိတ်ဖြင့် နေထိုင်ခွင့်ပြုကြခြင်းကြောင့်ဖြစ်သည်။

ထိုသို့နေထိုင်ခွင့်ပြုရာတွင် မှန်မှန်ကန်ကန်ဖြင့် ဆင်းသွားသူများရှိသကဲ့သို့ အကြောင်းအမျိုးမျိုးပြ၍ တမင်မဆင်းတော့ပဲ ညစ်နေသူများလည်းရှိသည်။
တိုက်ခန်း၀ယ်ယူကြရာတွင် ၀ယျယူသူအမြားစု သည် ငွေပိုငွေလျံရှိ၍ ၀ယျယူကွခွငျးမဟုတျပဲ မိမိတို့၏ချွေးနည်းစာဖြင့် နေထိုင်ရန်အတွက်၀ယ်ယူကြသူများဖြစ်ကြသည်။

၀ယျယူသူ အများစုသည် တိုက်ခန်းမ၀ယ်ယူမှီတွင် အိမ်ငှား၍ နေထိုင်ကြသူများဖြစ်ကြသည် ။ အိမ်ငှားကာလ မပြည့်မှီ တိုက်ခန်းကို၀ယ်ယူကြခြင်းဖြစ်ပြီး အိမ်ငှား စရိတ်ထပ်မံမကုန်ကြရန်အတွက် အငှားကာလ မပြည့်မှီ တိုက်ခန်းအသစ်သို့ ပြောင်းရွေ့ရန်စိတ်ကူးပြီး၀ယ်ယူကြခြင်းဖြစ်သည်။

ထိုသို့စိတ်ကူးဖြင့်၀ယ်ယူပြီးနောက် ရောင်းသူက အခန်းသစ်ရှာ၍မရသေးသဖြင့် (၃) ရက် သို့မဟုတ် (၁) ပတ်ခန့် နေထိုင်ခွင့်ပြုပါရန်နှင့် ရက်ပြည့်လျင် ဆင်းပေးမည်ဖြစ်ကြောင်းဖြင့် အကူအညီတောင်း တတ်ကြသည်။

၀ယျယူသူကလညျး ၎င်းအနေဖြင့် ငှားရမ်းထားသည့် အိမ်တွင် ရက်မပြည့်သေးသဖြင့် ဆက်လက်နေထိုင်ခွင့်ရနေသေးသဖြင့် ရောင်းသူ၏အခက်အခဲကို စာနာသောအားဖြင့် ရောင်းသူတောင်းဆိုသည့်ခေတ္တနေထိုင်ခွင့်ကို ယုံကြည်စွာဖြင့် ခွင့်ပြုလက်ခံတတ်ကြသည်။

ထိုသို့အခြေအနေတွင် ခေတ္တနေထိုင်ခွင့်ပြုထားသော မူလပိုင်ရှင်က ၎င်း၏ကတိအတိုင်း မှန်မှန်ကန်ကန်ဆင်းသွားလျင် ပြသနာမရှိနိုင်သော် လည်း အကြောင်းအမျိုးမျိုးပြ၍ မဆင်းပဲနေလျင် ၀ယျယူသူထံတှငျ ထိခိုက်နစ်နာစရာကိစ္စရပ်များ ကြုံတွေ့လာရတော့မည်မှာ မလွဲဧကန်ပင်ဖြစ်ပါသည်။
၀ယျယူသူအနဖွေင့ျ ပထမဆုံးကြုံတွေ့ရမည့်ပြသနာမှာ ငှားထည့်အိမ်ခန်းသည် ရက်ပြည့်ပြီဖြစ်၍ ဆင်းရမည်ဖြစ်သည်။ ရက်အနည်းငယ်နေခွင့်ပြုပါရန် တောင်းဆို၍ရသည်မဟုတ်။ ဆက်ငှားပါမှ နေထိုင်ခွင့်ပြုမည်ဖြစ်သည်။ ဆက်လက်ငှားရမ်းရာတွင်လည်း (၁) ပတ် (၁၀) ရက် ငှား၍မရ။ အနည်းဆုံး(၃) လ ငှားရမည်ဖြစ်၍ ကုန်ကျစရိတ် အပိုရှိလာမည်ဖြစ်သည်။

ဒုတိယကြုံရမည့်ပြသနာမှာ ခေတ္တနေထိုင်ခွင့်ပြုထားခြင်းခံရသူက မထွက်ခွာတော့လျင် တရားစွဲဆို ရတော့မည်ဖြစ်သည့်အတွက် အချိန် နှင့် ငွေကြေး ထပ်မံ ကုန်ကျရတော့မည်ဖြစ်သည်။
တတိယပြသနာမှာ ၀ယျယူထားသည့ျအခနျးကလညျး မရသည့်အပြင် စုထားသည့်ငွေကလည်းကုန်ပြီး တရားစွဲရသည့်အတွက် ထပ်မံကုန်ကျစရိတ်များ ရှိသည်ဖြစ်၍ ကိုယ်ဆင်းရဲခြင်း စိတ်ဆင်းရဲခြင်း နှင့် ကြုံတွေ့ရမည်ဖြစ်သည်။

သို့ဖြစ်ရာ ထိုပြသနာများနှင့်မကြုံတွေ့နိုင်စေရန် အတွက် 
၁။         ၀ယျယူသူမြားအနဖွေင့ျ မိမိကိုယ်တိုင် မကျွမ်းကျင်လျင် ရှေ့နေငှားပါ။ ရှေ့နေခမနှမျောပါနှင့် ။ ရှေ့နေခသည် တိုက်ခန်းဖိုး၏ ၁၀၀ ပုံ ၁ ပုံသာ မရှိပါ။ ပြသနာဖြစ်လာလျင် ထို့ထက်မကများစွာ ကုန်ကြရသည့်အပြင်စိတ်ဆင်းရဲရသည့် ဒုက္ခပါ အဆစ်ရပါလိမ့်မည်။

၂။      ရောင်းသူက လက်ရှိနေစရာမရှိသေး၍ လည်းကောင်း ။ သို့မဟုတ် အခြားအကြောင်းတစ်ခုခုဖြင့် လည်းကောင်း ခေတ္တနေထိုင်ခွင့်တောင်းလာပါက ပြတ်သားစွာငြင်းဆိုပါ။

   ငွေအပြေအကြေပေးချေသည့်နေ့တွင် တိုက်ခန်းအားလက်ရောက်ယူပါ။ မူလပိုင်ရှင်ကို မည်သည့်အကြောင်းနှင့်မျ တိုက်ခန်းတွင်ထပ်မထားပါနဲ့။ ခေတ္တနေထိုင်ခွင့်မပြုပါနဲ့။

     အကယ်၍ရောင်းသူမှာ မိမိနှင့်မျက်နှာ နာရမည့်သူဖြစ်၍လည်းကောင်း ။ အားနာသဖြင့်လည်းကောင်း ဆက်လက်ထားလိုပါက အခြားတိုက်ခန်းတစ်ခုအား ငှားပေးလိုက်ပါ။

     ထိုသို့ပြုလုပ်ခြင်းအားဖြင့် ၀ယျသူအနဖွေင့ျ တိုက်ခန်းအားလက်လွတ်ဆုံးရူံးခြင်းမှ ကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

Related Posts