Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင်တင်ပြရမည့်အထောက်အထားများ

March 28, 2023 247 views
စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင်တင်ပြရမည့်အထောက်အထားများ

စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌မြေကွက်အရောင်းအဝယ်မှတ်ပုံတင်စာချုပ်ချုပ်ဆိုရာတွင်တင်ပြရမည့်အထောက်အထားများ

(၁) မြေငှားဂရန်မူရင်း (သို့)မြေပိုင်မြေဖြစ်ကပိုင်ဆိုင်မှုစာချုပ်မူရင်း

(၂) မြို့ပြစီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနမှထုတ်ပေးသည့်တစ်နှစ်သက်တမ်း(Up Date)ရှိအရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်သက်သေခံမြေပုံ(၂)ချပ်နှင့်ရာဇဝင်(၁)မူရင်း

(၃) ကာလတန်ဖိုးစီစစ်ရေးအဖွဲ့မှသတ်မှတ်ထားသည့်ငွေသွင်းချလံမူရင်းနှင့်အခွန်တံဆိပ်ခေါင်းများ

ရုံးခွန်တံဆိပ်ခေါင်းရရှိရေးအတွက်

(က) သက်ဆိုင်ရာကာလတန်ဖိုးစီစစ်သက်မှတ်ရေးအဖွဲ့သို့ဂရန်(သို့)မြေပိုင်မြေပိုင်ဆိုင်မှုစာချုပ်၊အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန်မြေပုံရာဇဝင်၊မြေကွက်ဓာတ်ပုံ(၃)ပုံ(ရှေ၊ဝဲ၊ယာ)ဝယ်ယူသူ၏နိုင်ငံသားကတ်နှင့်အိမ်ထောင်စုစာရင်း၊ခင်ပွန်း(သို့)ဇနီးနှင့်မိဘများကွယ်လွန်ကမှတ်ပုံတင်သွင်းထားသည့်အမွေဆက်ခံပိုင်ဆိုင်ကြောင်းကြေညာစာချုပ်၊အရောင်းအဝယ်အရပ်ကတိစာချုပ်၊ကိုယ်စားလှယ်ဖြင့်ဆောင်ရွက်ကအထူးကိုယ်စားလှယ်လွှဲစာ ယင်းတို့၏မိတ္တူ(၆)စုံတင်သွင်းရပါမည်။

(ခ) တိုင်းကာလတန်ဖိုးစီစစ်သတ်မှတ်ရေးအဖွဲ့မှနှစ်ပတ်အတွင်းမြေကွက်အတွက်တန်ဖိုးသတ်မှတ်ပြီးကသက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနတွင်(၁၃.၈.၂၀၁၂)မှစ၍တံဆိပ်ခေါင်းခွန်(၄%)နှင့်ဝယ်ခွန်၃%ချလံရေးသွင်း၍သက်ဆိုင်ရာဘဏ်တွင်ငွေသွင်းရပါမည်။ယင်းဘဏ်ချလံဖြင့်မြို့နယ်အခွန်ရုံးတွင်တံဆိပ်ခေါင်းများထုတ်ယူရပါမည်။မြို့နယ်အခွန်ရုံးမှဝင်ငွေခွန်ဥပဒေပုဒ်မ ၅၃ အရအခွန်တောင်းခံလွှာ ပတစ (ဝင)-၈ထုတ်ပေးပါသည်။

မှတ်ချက်## မြေတန်ဖိုးသိန်း၁၀၀၀ကျော်ကနေပြည်တော်ရှိသက်ဆိုင်ရာဋ္ဌာန၏အတည်ပြုချက်ရယူရပါမည်။

(၄) မြေကွက်အရောင်းအဝယ်စာချုပ်(၁)စောင်

(၅) ရောင်းသူဝယ်သူသက်သေနှစ်ဦးတို့၏နိုင်ငံသားစီစစ်ရေးကတ်မူရင်း

(၆) ကိုယ်စားလှယ်လွှဲစာဖြင့်ချုပ်ဆိုကပေးအပ်ထားသည့်ကိုယ်စားလှယ်လွှဲစာ(sp/GP)ပေးသူယနေ့တိုင်သက်ရှိထင်ရှားရှိကြောင်းနှင့်ယင်းကိုယ်စားလှယ်လွှဲစာအားပြန်လည်မရုတ်သိမ်းသေးခြင်းမှန်ကန်ကြောင်းတရားရုံးကျမ်းကျိန်လွှာမူရင်း

(၇) ကိုယ်စားလှယ်လွှဲစာအားကန့်ကွက်ချက်မရှိကြောင်းစာချုပ်ရုံးတာဝန်ခံ၏ထောက်ခံချက်

(၈)  ထိုက်သင့်သည့်တံဆိပ်ခေါင်းခွန်မှာရန်ကုန်/မန္တလေးမြို့တော်စည်ပင်သာယာရေးနယ်နိမိတ်အတွင်းဖြစ်ကကာလတန်ဖိုးအပေါ်တံဆိပ်ခေါင်းခွန်(၇%)ထမ်းဆောင်ရန်၊ကျန်ဒေသအားလုံးကာလတန်ဖိုးအပေါ်တံဆိပ်ခေါင်းအခွန်(၅%)ထမ်းဆောင်ရမည်။
(ပြောင်းလဲမှုလဲရှိနိုင်ပါသည်။)

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

 

Related Posts