Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

🙌🙌🙌ကဲ Computer သုံး တဲ့ သူတွေ computer handing error တွေ အကြောင်း နဲ့ ဖြေရှင်း နည်း လေးပါ။....

March 29, 2023 393 views
🙌🙌🙌ကဲ Computer သုံး တဲ့ သူတွေ computer handing error တွေ အကြောင်း နဲ့ ဖြေရှင်း နည်း လေးပါ။....

🙌🙌🙌ကဲ Computer သုံး တဲ့ သူတွေ computer handing error တွေ အကြောင်း နဲ့ ဖြေရှင်း နည်း လေးပါ။....
ကွန်ပျူတာက ဘာမှ မသုံးရသေးဘူး လေးနေတာမျိုး နည်းနည်းလေး သုံးလိုက်တာနဲ့မလိုအပ်ပဲ အရမ်းလေးနေတာမျိုးဆို ဘယ်လိုလုပ်ကြမလည်း …. 
ကွန်ပျူတာနဲ့ပတ်သတ်ပြီး အရမ်းမသိတဲ့ end user တွေဖို့ရည်ရွယ်ရေးထားတာပါ …. 
Windows 10 နဲ့ပြထားပါတယ် …. ကိုယ့်ဘာသာ လုပ်ကြည့်လို့ရပါတယ်

၁. ကျွန်တော်တို့ဝင်းဒိုးစတက်တာနဲ့တစ်ချို့application တွေက သူ့ဘာသာ နောက်ကွယ်မှာ run နေပါပြီ …. သူတို့က အလုပ်လုပ်နေတဲ့အတွက် ကွန်ပျူတာရဲ့resource တွေ ram တွေ cpu တွေ စတာတွေကို သုံးစွဲနေတာမို့မလိုအပ်ပဲ သူတို့ကိုပေးထားရပါတယ် …. အဲ့တော့ အဲ့လို application မျိုးတွေကို ကိုယ်မသိပဲ နောက်မှာ အလုပ်မလုပ်နေအောင် ပိတ်ထားတာကောင်းပါတယ် …. ဘယ်လိုလုပ်ရမလည်းဆိုရင် ကီးဘုတ်က Ctrl + Shift + Esc ကို ပြိုင်တူတွဲနှိပ်လိုက်ပါ task manager ပွင့်လာပါလိမ့်မယ် …. Startup ဆိုတဲ့ အောက်မှာ application name တွေတွေ့ရပါမယ် ….. အဲ့မှာ မလိုတဲ့ application တွေ right click > disable လုပ်ပြီး ပိတ်ထားပါ …. ကိုယ်သုံးချင်ရင် အချိန်မရွေးဖွင့်သုံးလို့ရတာမို့အဲ့မှာ ပိတ်ထားတာ ဘာမှ မဖြစ်ပါဘူး

၂. ခုနဖွင့်ထားတဲ့ task manager မှာပဲ Process ဆိုတဲ့ အောက်ကို သွားလိုက်ရင် ဘယ် application က ram ဘယ်လောက် cpu ဘယ်လောက် သုံးနေလည်း ဆိုတာ ကြည့်လို့ရပါတယ် …. မလိုအပ်တဲ့ ဟာတွေရှိပိတ်လို့ရပါတယ် တစ်ခါတစ်လေ သုံးနေရင် browser တို့ excel တို့ဟန်းသွားရင်လည်း အဲ့ကနေ right click > end task ဆိုပြီး ပိတ်လို့ရပါတယ် …. ဟန်းနေတာကို click တွေ စွတ်နှိပ်ရင် ပိုဟန်းသွားတတ်ပါတယ် …. Cpu တို့ ram တို့80% ထက်ပိုမသုံးမိပါနဲ့အဲ့လို ၈၀ ၉၀ ဖြစ်နေတာကို ဆက်သုံးရင် လေးနေတတ်ပါတယ် မလိုတာပိတ်ပြီး လိုတာပဲ သုံးတာ ပိုကောင်းပါတယ်

၃. ကွန်ပျူတာက အရမ်းလေးနေပြီဆို ထည့်စဉ်းစားသင့်တာ တစ်ခုကလည်း မလိုအပ်ပဲ သွင်းထားမိတဲ့ software တွေအရမ်းများနေပြီလား ဆိုတာပါ …. တစ်ခါတစ်လေကျ ကွန်ပျူတာဆိုင်တွေက ဆော့ဝဲလ်တွေ အများကြီး သွင်းပေးလိုက်တာမျိုး ရှိပါတယ် …. တစ်ချို့ဟာတွေကျတော့လည်း ကျွန်တော်တို့အတွက် မလိုပါဘူး ….အဲ့လို မလိုအပ်ပဲ သွင်းထားမိတာတွေ ရှိရင် uninstall လုပ်သင့်ပါတယ် …. Windows key နဲ့R ကို တွဲနှိပ်လိုက်ပါ …. ပေါ်လာတဲ့ box ထဲမှာ appwiz.cpl လို့ရိုက်ပြီး enter ခေါက်ပါ …. ဒါဆို ကွန်ပျူတာမှာ install လုပ်ထားသမျ ဆော့ဝဲလ်တွေ တွေ့ရပါလိမ့်မယ် …. မလိုအပ်ဖူးထင်တာတွေကို right click > uninstall ဆိုပြီး လုပ်လိုက်ပါ

၄. ကျွန်တော်တို့ကွန်ပျူတာတွေမှာ software တွေက auto update လုပ်နေတတ်ပါတယ် …. Windows ကလည်းလုပ်မယ် firefox တို့ chrome တို့ဘာညာတွေကလည်း လုပ်မယ် ဒါဆို သူတို့update လုပ်နေတဲ့ အတွက် ကွန်ပျူတာလည်း ပိုအလုပ်လုပ်ရသလို အင်တာနက်လိုင်းလည်း လေးနေတတ်ပါတယ် …. Ph bill နဲ့သာဆို bill လည်း ကုန်တာပေါ့ …. ကိုယ်လိုမှ ကိုယ့်ဘာသာ Update လုပ်တာကောင်းပါတယ် …. ဆော့ဝဲလ်တွေကတော့ တစ်ယောက်နဲ့တစ်ယောက်မတူတာမို့update ပိတ်တာတော့ setting ထဲမှာ ရှာကြည့်ကြပါ …. Windows update ပိတ်တာကို ကျွန်တော်တို့ page မှာ တင်ဖူးပါတယ် …. Firefox က settings ထဲသွား search box မှာ update လို့ရိုက်ရှာ ပေါ်လာရင် never check for updates လို့ရွေးပေးထားပါ …. Chrome အတွက်က နောက်တစ်ဆင့်ကျ တစ်ခါတည်း ပေါင်းပြောပေးပါ့မယ် ….

၅. ကွန်ပျူတာမှာ အလုပ်လုပ်နေတဲ့ widows service application service လေးတွေ ရှိပါတယ် အဲ့ဒါလေးတွေကို မလိုအပ်ရင် ပိတ်ထားလို့ရပါတယ် …. Windows key + R နှိပ် msconfig လို့ရိုက်လိုက်ရင်ပေါ်လာတဲ့ box မှာ services အောက်ကို သွားပါ …. 
အဲ့ box ရဲ့ အောက်နားလေးမှာ hide all Microsoft services ဆိုတာလေးကို အမှန်ခြစ် လုပ်လိုက်ပါ ဒါဆို windows services တွေ ပျောက်ပြီး application service တွေပဲ ကျန်ခဲ့ပါလိမ့်မယ် …. Windows service တွေက မသိပဲ မပိတ်သင့်ပါဘူး ပိတ်မိရင် အယ်ရာတတ်တာတွေ အလုပ်မလုပ်တော့တာတွေ ရှိတတ်ပါတယ် …. ပိတ်သင့်တဲ့ windows service လေးတွေ နောက်တစ်ဆင့်မှာ ပြောပြပါ့မယ် …. အခုကျန်နေတဲ့ application service တွေထဲမှာ မလိုဘူးထင်တာတွေ အမှန်ခြစ် ဖြုတ်ပြီး Ok ပေးလိုက်ပါ …. အဲ့ဒီထဲမှာ google update service ဆိုပြီး ၂ကြောင်း ရှိနေပါ့မယ် ပိတ်လိုက်ရင် google chrome က update မလုပ်တော့ပါဘူး

၆. ကျွန်တော်တို့ဝင်းဒိုးမှာ ဖိုင်တွေ ရှာတဲ့အခါ မြန်မြန် ပေါ်လာအောင် windows search index ဆိုတဲ့ service လေးက ကြိုပြီး file တွေကို လိုက်စုစည်း သိအောင် လုပ်ထားပါတယ် …. ရှာတဲ့အခါ ဘယ်နားမှာ ဘာရှိတယ် ဆိုတာ မြန်မြန်ဆန်ဆန် ထုတ်ပေးလို့ရအောင်ပေါ့ …. ဒါပေမယ့် သူအ့လို အမြဲ ရှာဖွေ စုစည်းနေတာမို့ ကွန်ပျူတာကတော့ အလုပ်ပိုလုပ်ရပါတယ် …. သူကတော့ မလိုရင် ပိတ်သင့်ပါတယ် …. ကိုယ့်အတွက် လိုမလို စဉ်းစားပြီးလို့မလိုဘူး ပိတ်ချင်တယ်ဆို အဆင့် (၅) က hide all Microsoft services ဆိုတာကို ဖြုတ်ပြီး windows search ဆိုတာကို အမှန်ခြစ်ဖြုတ် ပိတ်လိုက်ပါ

၇. ကျွန်တော်တို့အသုံးပြုနေတဲ့ hardisk ကိုလည်း သန့်ရှင်းရေး လုပ်ပေးဖို့လိုပါတယ် …. မလိုအပ်တဲ့ ဖိုင်တွေ ဖျက်ဖို့windows key + R > temp, %temp%, recent တစ်ခုချင်းစီ ခေါ်ပြီး ပေါ်တဲ့ ဖိုင်တွေ ဖျက်ပေးလိုက်ပါ တော်တော်များများ သိပြီးသားဖြစ်မှာပါ …. Prefetch ဖိုဒါကိုတော့ မဖျက်သင့်ပါဘူး ခဏခဏ …. နောက်တစ်ခုအနေနဲ့ hardisk က ဖိုင်တွေ ဖတ်တဲ့အခါ မြန်အောင် ဖိုင်တွေ ပြန်စီပေးဖို့ လိုပါတယ် …. My compuer ကိုဖွင့် C: drive > right click > tools > optimize ကိုနှိပ်လိုက်ပါ …. ပြီးရင် C: drive ကို ရွေးပြီး optimize လုပ်ပေးလိုက်ပါ …. D: E: စတာတွေရှိလည်း လုပ်ပေးလိုက်ပါ …. ဒါက နေ့တိုင်း မလုပ်သင့်ပါဘူး တစ်လ တစ်ခါဆို ကောင်းကောင်း လုံလောက်ပါတယ် …. ဒါလုပ်ရင် နည်းနည်းကြာပါတယ် လုပ်နေတုန်း မသုံးတာပိုကောင်းပါတယ်

၈. တစ်ခါတစ်လေ သုံးနေရင် လေးလာရင် သုံးတာ နည်းနည်းကြာလာရင် restart လုပ်ပေးသင့်ပါတယ် …. ထမင်းစားဆင်းချိန်လောက် restart လုပ်တာမျိုးပဲ ဖြစ်ဖြစ်ပေါ့ ကွန်ပျူတာကို သိသိသာသာ ပေါ့စေပါတယ် အတိုင်းတာတစ်ခုအထိပေါ့

၉. အပေါ်ကဟာတွေလည်း လုပ်တယ် လေးနေတုန်းပဲ ဝယ်ကာစက သုံးခါစက မလေးဘူး နှစ်တွေကြာလာလို့လေးတာမျိုးဆို windows ပြန်တင်တာလည်း ကောင်းပါတယ် …. Windows က သုံးတာများလာရင် လေးလာတတ်ပါတယ် …. စဝယ်တည်းက လေးနေတာမျိုးဆို task manager မှာ cpu usage ram usage ကို ကြည့်ပါ …. အမြဲပြည့်နေတယ်ဆို ယခုလက်ရှိ သုံးတာနဲ့ကွန်ပျူတာနဲ့က မမျတာမို့Upgrade လုပ်ဖို့စဉ်းစားသင့်ပါတယ် …. သူလုပ်နိုင်တာထက် ပိုခိုင်းမယ် ဆိုရင်တော့ လေးမှာပါ.......

၁၀. Computer ပေါ် မှာ file တွေ ဒါ မှ မဟုတ် Browser Tag တွေ များ များ သုံး မယ် ဆို ရင် Ram များ များ စိုက် ထား သင့် ပါ တယ် .........
Pc ရဲ့CPU processiong ဘယ်ခေါက် ထိ လုပ် နှိင်လိုက် နှိင် လဲ ပေါ် မူတည် ပြီး Ram ကို စိုက် သင့် ပါတယ်.....
ဒါ ဆို computer Handing problem ပြဿ နာ လေး တွေ ဖြေ ရှင်း နှိင်ပါ လိမ့် မယ်။........

🙌🙌🙌အားလုံးပဲ အဆင်ပြေကြပါစေ...... 😊😊😊😊😀😀☺☺☺😁
Credit… Road To IT Professional

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts