Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ပိုင်နက်ကျူးလွန်မှု

March 29, 2023 356 views
ပိုင်နက်ကျူးလွန်မှု

ပိုင်နက်ကျူးလွန်မှု - ပုဒ်မ ၄၄၇
ပိုင်နက်ကျူးလွန်တိုင် ရာဇဝတ်မှုမြောက်သလား။ 
မမြောက်နိုင်ပါဘူး ။ ရာဇဝတ်မှုမြောက်ရန် အောက်ပါအချက်အလက်များရှိရပါမည်။
ပိုင်နက်ကျူးလွန်မှုမြောက်ရန် အောက်ပါအချက်များလိုအပ်ပါသည်။ မည်သူမဆို ပြစ်မှုကျူးလွန်ရန် (သို့) ပစ္စည်းလက်ရှိဖြစ်သူကို ခြောက်လှန့်ရန် (သို့) စော်ကားရန် (သို့) ငြိုငြင်စေရန် အကြံဖြင့် သူတစ်ပါး၏ လက်ရှိပစ္စည်းအတွင်းသို့ဖြစ်စေ ၊ အပေါ်သို့ဖြစ်စေ ဝင်ရောက်လျှင်ဖြစ်စေ ဝင်ရောက်သည့် အချိန်က အထက်ပါ ကိစ္စရပ်များကို ပြုလုပ်ရန် မရည်ရွယ်ခဲ့သော်လည်း ဝင်ရောက်ပြီးနောက် ၊ ခြောက်လှန့်ရန် (သို့) စော်ကားရန် (သို့) ငြိုငြင်စေရန် (သို့) ပြစ်မှုကျူးလွန်ရန် အကြံဖြင့် ဥပဒေနှင့် ဆန့်ကျင်ကာ ထိုပစ္စည်း၌ ဆက်လက်၍ နေလျှင် ထိုသူကို ပြစ်မှုမကင်းသော ကျော်နင်းမှုကို ကျူးလွန်သည်ဟု မှတ်ယူရပါမည် ။
ပစ္စည်း၏ ပိုင်ရှင်ဖြစ်ရန်မလိုပါ လက်ရှိဖြစ်လျှင် လုံလောက်ပါသည်။ ထို့ကြောင့် အိမ်ကို ငှားရမ်း နေထိုင်သူ အိမ်ငှားပင်ဖြစ်စေ ၊ အိမ်ရှင်မှ ထိုအကြံဖြင့် ဝင်ရောက်ခဲ့လျှင် ယင်းပုဒ်မမြောက်နိုင်ပါသည်။ 
ပိုင်နက်ကျူးလွန်မှုသည် ပိုင်ဆိုင်မှုနှင့် တိုက်ရိုက်မပတ်သက်ဘဲ လက်ရှိဖြစ်သူကို အကာအကွယ်ပေး သောပုဒ်မဖြစ်ပါသည်။ 
ရဲအရေးပိုင်သည့် အတွက် ရဲစခန်းတွင် တိုင်တန်းနိုင်ပါသည်။ (၃)လအထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ၊ ငါးသောင်းအထိ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စ ချမှတ်နိုင် ပါသည်။ ကျေးအေးခွင့်ရှိသော ပုဒ်မဖြစ်ပါသည်။ ကျေအေးပြီးဖြစ်ပါက နောက်ထပ်ထိုကိစ္စအတွက် တရားစွဲဆိုခြင်း မပြုနိုင်ပေ။ အောက်ပါစီရင်ထုံးများကို လေ့လာကြည့်ပါ။

Related Posts