Myanmar House Logo

Myanmar House

Real Estate in Myanmar

AI ( Artificial Intelligence ) ဉာဏ်ရည်တု (AI) အကြောင်းမျှဝေပေးလိုက်ပါတယ်။

April 3, 2023 1193 views
AI ( Artificial Intelligence ) ဉာဏ်ရည်တု (AI) အကြောင်းမျှဝေပေးလိုက်ပါတယ်။

AI ( Artificial Intelligence ) ဉာဏ်ရည်တု (AI) အကြောင်းမျှဝေပေးလိုက်ပါတယ်။
-----------------------------------------------------------

Nokia အီလက်ထရောနစ် Company ဖျက်သိမ်းတော့သူတို့ခေါင်းဆောင်က ပြောတဲ့စကားကမ္ဘာကျော်ခဲ့သည်သူဘာမှ အမှား မလုပ်ခဲ့ပါ"တဲ့သူကတော့ ပုံမှန် ဆောင်ရွက်နေခဲ့တာပါပဲ။

ဒါပေမဲ့ Smart Phone ဘက်ကိုပြောင်းလဲသွားတဲ့ (လူတွေအကြိုက်) ခေတ်ကိုသူမသိကျိုးကျွံ ပြုသောအခါ သူ့ Company ကြီး ရပ်ဆိုင်းသွားခဲ့သည်။

ရလာတဲ့ သင်ခန်းစာက
ခေတ်ရဲ့ပြောင်းလဲခြင်းတွေကိုမျက်ခြေမပြတ်ဖို့ ဖြစ်သည်။

မကြာခင်ရက်များက open AI ကနေ ChatGPT က AI သုံး software တခုကို မိတ်ဆက်ခဲ့သည်။

ဒီမှာသာ လူတွေက ဟိုဟာဒီဟာတွေနဲ့အာရုံများနေတာသူတို့ဆီက 
လူတွေ အကြားမှာ အုတ်အော်
သောင်းတင်းတွေ ဖြစ်ခဲ့သည်။

Chat GPT စတင်မိတ်ဆက်ပြီး၅ ရက်အတွင်းမှာပင်စမ်းသပ်သုံးစွဲသူ တသန်းပြည့်ပြီ ဖြစ်ကြောင်း Open AI က ကြော်ငြာခဲ့သည်။

ဒါဟာ ရက်ပိုင်းအတွင်း စမ်းသပ်သုံးစွဲသူ အများဆုံးဖြင့်ကမ္ဘာ့စံချိန် ချိုးတာပင်အခု တလလောက် အချိန်အတွင်းမှာသူ့ကို သုံးစွဲသူ ဘယ်လောက်များရှိနေပြီ မသိ.။

Chat GPT သည်
စကားပြောတဲ့ ပုံစံနဲ့ သူ့အဖြေတွေကိုထုတ်ပေးသည်သိလိုတာရှိရင် ဝင်မေးကြည့်သူ ပြန်ဖြေမည် ဖြစ်သည်။

ဒါဆိုရင် Google နဲ့ ဘာကွာသလဲလို့ မေးမည်အများကြီးကွာပါသည်ဟု ဖြေရမည်ဖြစ်သည်။

ဥပမာ Google မှာ HR ကိစ္စကို သိလိုလို့ မေးလျှင်Google က HR စာအုပ်ရာပေါင်းများစွာရဲ့link တွေကို ချပေးမည်ဖြစ်သည်အဲ့ဒါတွေထဲက ကိုယ်က လိုက်ဖတ်ပေတော့ပဲ။

Chat GPT ကတော့
အဲ့လိုမဟုတ်ပေ ၊သူက လိုက်ဖတ်ဖို့ Link တွေကို မပေးပဲသူက HR ဆရာ တယောက်လို ရှင်းပြမည်ဖြစ်သည်။
တကယ့် Spoon Feed ဖြစ်သည်။

ကိုယ်က နားမလည်လို့အထက်တန်းကျောင်းသား အဆင့်ဖြင့်ရှင်းပြပါဆိုလျှင်သူက တဆင့်နှိမ့်ပြီး ရှင်းပြမည်ဖြစ်သည်။

အဲ့ဒါမှ နားမလည်သေးဘူး
မူလတန်းကျောင်းသားကို ရှင်းသလို ရှင်းပါဆိုလျှင်သူက နောက်တဆင့် ထပ် နှိမ့်ပြီး ရှင်းမည်ဖြစ်သည်။

တကယ့် Professional ဆရာတယောက်အနားထိုင်ပြီးရှင်းပြသလိုကြီး ဖြစ်သည်။

သာမန်လူက ဦးနှောက်အကန့်အသတ် ရှိသည် AI ရဲ့ ဦးနှောက်က လူဦးနှောက်ထက် များစွာသာသည်မေးပါများလို့ အပြောခံ အငေါက်ခံရတာမျိုး AI မှာမရှိပေ။

ဒါဆိုရင် မေးတာကို ခဏ နားပြီး
နောက်တရက်မှာ အဲ့ဒီမေးခွန်းကိုပဲ ပြန်မေးလျှင်သူက နောက်တမျိုး လှည့်ရှင်းပြမည်ဖြစ်သည်။

ပထမရက် ဖြေတဲ့ စတိုင်နဲ့ဒုတိယရက် ဖြေတဲ့ စတိုင် တူမနေပေအခြေခံ Concept တွေတော့ တူသည်။

Chat GPT သည် အဲ့ဒီမျိုးတွေလုပ်နိုင်သဖြင့်လူတွေအကြားမှာအုတ်အော်
သောင်းတင်းဖြစ်လာတာ မဆန်းလှပေ။

AI ကြောင့် လူလောက အပြောင်းအလဲကြီးနိုင်သည်။

သင်ကြားမှု ပုံစံတွေ ပြောင်းနိုင်သည်လူတွေ လေ့လာမှု ပုံစံတွေ ပြောင်းနိုင်သည်ကိုယ်က မပြောင်းပဲ နေလျှင်ကိုယ်က ကျန်ခဲ့မည်သာ။

AI ဖြင့် သင်တန်းဆရာတယောက် လိုရှင်းသင်တန်းဆရာထက် ပိုသော ဦးနှောက်တွေ သုံးတော့သင်တန်း ဆရာတွေ (အရပ်စကားနဲ့ ပြောရရင်)ထမင်းငတ်နိုင်ပါသည်။

AI ပန်းချီဆရာ ပေါ်လာတော့
အငြင်းပွားချက်တွေ အများကြီး ထွက်သည် Arts ကို လူသားက ဖန်ဆင်းမှ Arts စစ်စစ် လို့ ဆိုချင်သူ ပန်းချီဆရာတွေဒုနဲ့ ဒေးဖြစ်လာမည်။

ဥပမာ ပြောရလျှင် -

အညာရှုခင်းလေး၊နွားပါမယ် လက်ပံပင်ပါမယ်၊တောင်သူပါမယ် ညနေပိုင်း နေဝင်ချိန်လေးလို့ AI ကို command ပေးလျှင် AI ပန်းချီဆရာက မိနစ်ပိုင်းအတွင်း ပန်းချီထုတ်ပေးသည်။

အဲ့ဒါကိုပဲ နောက်တပုံ ဆွဲခိုင်းလျှင်နောက်တပုံ ထုတ်ပေးသည်။

တခုနဲ့တခု ခပ်ဆင်ဆင် ဆိုပေမဲ့ တူမနေပေ(လူသားပန်းချီဆရာ ဆို မိနစ်ပိုင်းအတွင်းအဲ့ဒီလိုရဖို့ မလွယ်လှပါ)။

AI က အဲ့လိုတွေ လုပ်လာနိုင်သဖြင့် ပန်းချီဖြင့် အသက်မွေးသူတွေ ခက်လာသည်။ဒါဆိုရင် ဘာလို့ ပန်းချီ သင်နေမှာလဲဟု ဆိုသူတွေ ရှိလာသည်။

Calculator ပေါ်ကာ စတုံးကကလေးတွေကို အပေါင်းအနှုတ် သင်စရာမလိုတော့ဘူးဟုပြောခဲ့ကြသလိုပင်(တကယ်ပဲ Calculator ပေါ်ပြီး နောက်ပိုင်းမှာမွေးတဲ့ကလေး အများစုဟာအပေါင်းအနှုတ် သိပ်မရကြပါ)။

Chat GPT (AI) သည်
ဗဟုသုတတွေသာ မေးလို့ရတာ မဟုတ် သီချင်းပါ ရေးခိုင်းလို့ ရသည်။မန္တလေးသူ အကြောင်း သီချင်းကို Rap နဲ့ ရေးပါဆိုလျှင်မန်းလေးသူ စက်ဘီးစီးတာပါသည်။ကျုံးအကြောင်းပါသည်။
အသားညိုတာပါသည်။ဈေးချိုသူတွေ ချွဲတာတောင် ပါသေးသည်။တကယ်ကို ကာရန်ကျကျ Rap သီချင်းကိုတမိနစ် မပြည့်ခင် အချိန်မှာသီချင်းအသစ်တပုဒ် ထွက်လာသည်။

အဲ့ဒါကို မှ note တွေ key တွေပါ ပေးပါဆိုလျှင်ပေးသေးသည်။

အဲ့ဒါမှ မကျေနပ်သေးပဲအဆိုအတီး တွဲပြပါဆို၊သူက link တခုကို ပေးသည်အဲ့ဒီ link ထဲလိုက်သွားလျှင်ခုနက ပြောတဲ့ မန္တလေးသူ rap သီချင်းအသစ်စက်စက်ကိုနားဆင်ရမည် ဖြစ်သည်။

ကဲ  ..
အခုတလော_ မြန်မာပြည်ကလူတွေ Chart GPT မှာ အမေးများနေတာကမြန်မာပြည် ဘာဆက်ဖြစ်မှာလဲ ဆိုတဲ့မေးခွန်းဖြစ်သည်။

Char GPT က မြန်မာ့နိုင်ငံရေး အနိမ့်အမြင့်အတက်အကျပါဝင်ပတ်သက်တဲ့ အဖွဲ့အစည်းတွေရဲ့အမူအကျင့်နဲ့ သရုပ်သဏ္ဍာန် နဲ့အတွေးအမြင်တွေကို အခြေခံပြီးအဖြေတခု ထုတ်ပေးသည်။

လတ်တလော Chat GPT သည် မြန်မာဘာသာဖြင့်အဆင်မပြေသေးပါ။သူ့ပြောတဲ့ ဟာတွေသည်
အားလုံးမှန်ပါသည်ဟုအာမခံချက်တော့ မပေးသေးပါ။

သူကစမ်းသပ်အဆင့်မှာပဲ ရှိသေးသည်။

မကြာခင်ကာလမှာ
သူလည်း တကယ့် Version ထွက်လာမည်ဖြစ်သည်။

အခုတောင်သူတို့ နိုင်ငံတွေက ကလေးတွေကို Essay တွေ Opinion Statement တွေရေးခိုင်းလို့ မရတော့ပေ။

ကလေးတွေက AI သုံးပြီး ထွက်တဲ့ Essay တွေကိုယူလာပြီး ဆရာကို ပြကြသည်။

ဆရာက လည်း လူတယောက်သာဖြစ်တာမို့လို့ စစ်ဖို့ မလွယ်ပေကျောင်းက ဒါကို စစ်ဖို့ AI ပြန်သုံးရသည်။

AI မသုံးနိုင်သေးတဲ့ ကျောင်းကကလေးတွေကို AI သုံးခွင့်တွေ ပိတ်ကြသည်။

ကလေးတွေက AI ကရေးတဲ့ essay ကိုနောက်ထပ် AI တခုပေါ် ထပ်တင်တော့ရေးတဲ့ စတိုင် ပြောင်းသွားသည်။

ပြောင်းသွားတဲ့ Essay ကိုကျောင်းက AI နဲ့ စစ်တော့လူရေးတာလား AI နဲ့ရေးတာလားခွဲခြားရန် ခက်လာတော့သည်။

အဲ့ဒါကြောင့် AI ကြောင့်သင်ကြားမှုပုံစံတွေ ပြောင်းလာသည်ဟုပြောကြတာဖြစ်သည်။

ကဲ  ...

သင့် ကလေးအနာဂါတ်အတွက် ဘာလုပ်ကြမလဲ??

အဲ့ဒီ မေးခွန်းက မိဘတွေကို အလွန်ခက်ခဲစေသည်။

ဒါဆိုရင် ကလေးတွေကိုဘယ်လို ပြင်ဆင်ပေးမလဲဆိုတဲ့ မေးခွန်းကလည်းဖြေဖို့ လွယ်မနေပါ။

AI နဲ့ လွတ်တဲ့အလုပ်မှ လုပ်ချင်ရင်လည်းအလုပ်ကြမ်း လုပ်ခိုင်းဖို့သာ ရှိတော့သည်။

( ဉာဏအလုပ်အားလုံး AI က လုပ်နေရင်ကာယ အလုပ်တွေကို လူက လုပ်ရုံသာ ရှိတော့သည်)

အချုပ်ပြောရရင်
ကြီးမားသော အပြောင်းအလဲ တခုဖြစ်ခဲပါသည်ဆိုသောအချက် ဖြစ်သည်။

မျက်ခြေ ပြတ်သွားရင်တော့ Nokia နောက် လိုက်ရမည်ဖြစ်ပြီး Noah ကို လှောင်ပြောင် နေသူသည်ရေကူးရမည် ဟူ၍သာ. . .

----------------------------------------------------
အားလုံးအဆင်ပြေကြပါစေ။
----------------------------------------------------
Credit : Original Writer

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts