zip နဲ့ rar ဖိုင်နဲ့ ဘယ်လိုကွာခြားမှုရှိသလဲလို့သိချင်လို့ပါ။

zip နဲ့ rar ဖိုင်နဲ့ ဘယ်လိုကွာခြားမှုရှိသလဲလို့သိချင်လို့ပါ။
ဖြေပေးပါဦးအစ်ကိုတို့အစ်မတို့ simages.com zip နဲ့ rar format တွေရဲ့ ကွာခြားချက် သဘောတရားကိုအတိုရှင်းရရင် - ZIP format က encryption algorithm ကိုအသုံးပြုထားပါတယ်။ Encryption လုပ်တယ်ဆိုတာ အလွယ်ပြော ရရင် တစ်ခြားသူတစ်ယောက် မသိရှိနိုင်အောင် Cipher လို့ ခေါ်တဲ့Algorithm ကိုအသုံးပြုပြီး Information တွေကိုလျှို့ဝှက် Code တွေအဖြစ် ပြောင်းလဲထားတာကိုခေါ်ပါတယ်။ RAR archives တွေမှာ အသုံးပြုတဲ့ encryption format AES-128 ( Advanced Encryption Standard ) ကတော့ZIP မှာ အသုံးပြုတဲ့encryption format ထက် ပိုပြီး လုံခြုံမှု ရှိပါတယ်။ အဲတာကြောင့်မို့ အရေးကြီး တဲ့အတင်းအချက်အလက်တွေကို encryption လုပ်ဆောင်တော့မယ် ဆိုရင် RAR archive format ကို ပိုပြီး အသုံးပြုသင့်ပါတယ်။
zip, rar format တွေနဲ့ ပတ်သတ်ပြီး နောက်ထပ် သိထားသင့်တာက -
ZIP
Zip 2.0 encryption format က တော်တော်လေး လျော့တိလျော့ရဲ နိုင်ပါတယ်။ ကိုယ်ပေးထားတဲ့ Passwords ကိုတစ်ယောက်ယောက်က Password recovery tools တစ်မျိုးပြီး တစ်မျိုး ပြောင်းသုံးပြီး ဖော် တဲ့အချိန်မှာ ဒီZip 2.0 encryption format က ကိုယ့်Data တွေကိုအပြည့်အဝ ကာကွယ်ပေးထားနိုင်ပါမယ် လို့ ယုံကြည်လို့ မရပါဘူး - တကယ်လို့ ကိုယ်က ကိုယ့်Data တွေနဲ့ ပတ်သတ်ပြီး လုံခြုံရေး ပိုတင်းကျပ်ချင်ြ ပီဆိုရင် ဒီ့ထက် ကောင်းတဲ့တစ်ခြား Cryptography ( ဝှက်စာသွင်းတဲ့နည်းလမ်း ) တစ်ခုကိုရှာဖွေရမှာ ဖြစ် ပါတယ်။
RAR
RAR archives တွေကိုPasswords ပေးတဲ့နေရာမှာ အမှန်တကယ် Security ကောင်းချင်တယ်ဆိုရင် အန ည်းဆုံး characters ရှစ်လုံး အသုံးပြုရပါမယ်။ တစ်ခြား language တွေက စာလုံးတွေကို Passwords ပေး တဲ့နေရာမှာ အသုံးမပြုပါနဲ့ - အကောင်းဆုံးက ဂဏန်းတွေ စာလုံးတွေ ရောပြွန်းထားတဲ့ random passwords ပေးတာမျိုးက ပိုကောင်းပါတယ်။ နောက်တစ်ခု ကွ ျန်တော်တို့ သတိထားရမှာ ကွ ျန်တော်တို့ ပေးလိုက်တဲ့ passwords တွေက case sensitive ရှိပါတယ်။ case sensitive ရှိတယ် ဆိုတာ စာလုံးအသေးကြီး အမှားမခံ ပါဘူး - ဆိုလိုတာ စာလုံးချင်းတူပေမယ့်အကြီးနဲ့ ပေးထားတဲ့passwords ကိုစာလုံးအသေးနဲ့ ရိုက်ပြီး ပြန်ဖြ ည်လို့ မရပါဘူး - အဲလိုလုပ်ရင် encrypted လုပ်ထားတဲ့ဖိုင်တွေကိုပြန်ယူလို့ မရဖြစ်ပါလိမ့်မယ်။ အဆင်ပြေပါစေ -
Credit…KZNT
လေးစားစွာဖြင့်
Credit..photo//
ပြန်လည်ကူးယူဖော်ပြပါသည်