Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

“ဘိလပ်မြေထားသိုခြင်း”

April 5, 2023 161 views
“ဘိလပ်မြေထားသိုခြင်း”

“ဘိလပ်မြေထားသိုခြင်း”
=================

•စိုထိုင်းမှု (moisture) သည် ဘိလပ်မြေရဲ့ အကြီးမားဆုံး အန္တရာယ်ဖြစ်သည်

•ဘိလပ်မြေများကို ခြောက်သွေ့သောနေရာတွင်ထားရမည်

•ပြတင်းပေါက် တံခါးပေါက်အနီးတွင် မထားရ

•ဘိလပ်မြေအိတ်များကို ကြမ်းပြင်မှ ၆ လက်မ မှ ၈ လက်မ အနည်းဆုံးမြင့်သော သစ်သားခုံပေါ်တွင် ဆင့်၍စီထားရမည် (စီပုံကို အောက်ပါပုံတွင်ကြည့်ရှုရန်)

•ထိုသို့ ဆင့်ထားရာတွင် အမြင့်ကို ၁၀ အိတ်စာအမြင့်ထပ် မပိုသင့်ပါ

•အပြင်နဲ့ထိတွေသောနံရံ (exterior wall) မှ ၁ ပေခွဲ မှ ၂ ပေ အနည်းဆုံး ခွါထားရမည်

•ရေရှည်သိမ်းဖို့ လိုပါက မိုးကာသား ပလတ်စတစ်သား ကဲ့သို့သော ရေလုံအစများဖြင့် သေချာစွာ ဖုံးအုပ်ရမည်

•ဘိလပ်မြေများကို ၂၄ လအထက် ထားပါက ခိုင်ခံ့မှုအားကို ၅၀ ရာခိုင်နှုန်းလျော့ကျစေပါသည်။

•Bulk ဖြင့် သိမ်းဆည်းရာတွင်လည်း ၆ လထက်ပို မထားသင့်ပါ။

•ပုံမှန်ဆောက်လုပ်ရေးလုပ်ငန်းခွင် အတွက် ဘိလပ်မြေများကို ၃လအထက် ပိုမထားသင့်ပါ။

• အရင်ရောက်သော အိတ်ကို အရင်သုံးပါ

• ဘိလပ်မြေများကို ကြာရှည်စွာသိုလှောင်မထားသင့်ပါ

• ဘိလပ်မြေများကို တခြားကုန်ကြမ်းများနှင့်ရောမထားသင့်ပါ ။ (ဥပမာ-သကြား)

(Sugar increases the concentrations of calcium, aluminum and iron in concrete. The sugar molecules combine with these metals to form insoluble chemical complexes that coat the cement grains. Several key chemical processes that harden the concrete are then impeded.)

Collected and submitted by:
Phyo Wai Yan Aung 
21.4.2020

#dayinkauk_construction
#knowledge

Credit   >>>  Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts