Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

Wi-Fi ကို ကျန်းမားရေး ရှုထောင့် မှ နေ ဘယ်လို အသုံးပြု မလဲ?

April 7, 2023 106 views
Wi-Fi ကို ကျန်းမားရေး ရှုထောင့် မှ နေ ဘယ်လို အသုံးပြု မလဲ?

Wi-Fi ကို ကျန်းမားရေး ရှုထောင့် မှ နေ ဘယ်လို အသုံးပြု မလဲ?

အင်တာနက် သည် မြန်မာနိုင်ငံ တွင် သာ မက တကမ္ဘာ လုံးတွင် အလွန် ခေတ်စား ပါတယ်၊ ယခု ခေတ်တွင် အင်တာနက် ရရှိ အောင် လုပ်ဆောင်နည်း များ ထဲ တွင် Wi-Fi ကို အသုံးပြုခြင်း သည် အလွယ်ဆုံး နှင့် အဆင်ပြေ ဆုံး ဖြစ်သည် ကို ငြင်း မရပေ၊ အထူး သဖြင့် Home network များ တွင် Wi-Fi များ ကို တွင်ကျယ်စွာ အသုံးပြုလာ ကြပါတယ်၊ သို့သော် ကျန်းမာရေး ရှုထောင့် မှ နေ ၍ Wi-Fi မှ ထုတ်လွှတ်သော radiation သည် လူ၏ ကျန်းမာရေး ကို ထိခိုက် နိုင်၊ မထိ ခိုက် နိုင် အငြင်း ပွား မှု များ လည်း ရှိပါတယ်၊ မည်သို့ ပင် ဆို စေ ကာမူ ယခု ဖေါ်ပြ သော Wi-Fi နှင့် ပတ်သက် သည့် သိ သင့် သည် များ နှင့် ဆောင်ရန် ရှောင်ရန် များ ကို သိထား ခြင်းဖြင့် ကြိုတင် ကာကွယ် နိုင်မှာ ဖြစ်ပါတယ်။

ပထမ ဆုံး သိထား သင့်သည် မှာ Wi-Fi router နှင့် Wi-Fi အသုံးပြု ၍ ရ သော computer/tablet/smartphone အစရှိ သည် တို့တွင် transmitters များ ပါဝင်ကာ၊ ၎င်း transmitters များ သည် radio-frequency radition ကို အသုံးပြုကာ အချက်အလက် များ ကို လေထုထဲ ၌ ဖြတ်ကာ အပြန်အလှန် ပေးပို့ ကြခြင်း ဖြစ်ပေသည်၊ ထို radio-frequency radition သည် သစ်သား၊ အုတ်၊ သံ စသည် တို့ကို ထိုးထွင်း ဖေါက်ထွက် နိုင်သည် ဖြစ်၍ အသုံးပြု သူ၏ ခန္တာကိုယ် ကို လည်း ထိုးဖေါက် နိုင်မည် မှာ မလွဲ ဧကန်ပင် ဖြစ်သည်၊ ကမ္ဘာ့ သိပ္ပံပညာရှင် များ ကလည်း Wi-Fi radition သည် လူ ကို ထိခိုက်နိုင်ကြောင်း ပြောဆို မှု များ အများအပြားပင် ရှိပါတယ်။

Wi-Fi တခု အလုပ်လုပ် တဲ့ frequency သည် 2.4 GHz (သို့) 5 GHz ဖြစ်တာ ကြောင့်၊ RF (radio frequency) radiation မှာ ပါဝင်ပါတယ်၊ သူ့ကို Microwave radition လို့လည်း ခေါ်ပါတယ်၊ အမှန် တကယ်တော့ Microwave radition သည် RF radiation ၏ အခွဲ ပင် ဖြစ်ပါတယ်၊ Microwave radition အတွက် လိုအပ်သော frequency သည် 300 MHz မှ 300 GHz အကြား ဖြစ်ပါတယ်။

Wi-Fi ကို အသုံးပြု နေသူများ အတွက် Wi-Fi နှင့် ပတ်သက်ပြီး သတိထား စရာ များ စွာ ရှိပါတယ်၊ Wi-Fi အသုံးပြု သူ များ သည် Wi-Fi router များ ကို မပိတ်ပဲ၊ ၂၄ နာရီ အသုံးပြုကြတာ များပါတယ်၊ မိမိ ၏ အလုပ်ထဲတွင် လည်း Wi-Fi router များ ရှိ တာ ကြောင့် သူ နှင့် ပါတ်သက် တဲ့ radiation ကို ရနိုင်ပါတယ်၊ မိမိ ၏ နေ အိမ်တွင်း ၍ Wi-Fi router မရှိ သည် ပဲ ထား၊ မိမိ ၏ ပါတ်ဝန်းကျင် တွင် Wi-Fi router များ ရှိပါက၊ ၎င်း Wi-Fi router ၏ signal strength ပေါ် မူတည် ကာ၊ မိမိ အိမ် အတွင်း သို့ Wi-Fi radiation အနည်းအများ ရောက်ရှိ နိုင်ပါတယ်။

Wi-Fi router က ထုတ်လွှတ် တဲ့ signal ကို mW (သို့) dBm ဖြင့် တိုင်းတာ ပါတယ်၊ -40 dBm သည် 0.0001 mW နှင့် ညီပါတယ်၊ မိမိ ၏ အိမ် အတွင်း ရှိ Wi-Fi signal strength ကို ဒီ အပလီကေးရှင်း (https://goo.gl/N5J1Zd) လေးကို အသုံးပြု ရှာဖွေ နိုင်ပါတယ်၊ ၎င်း အပလီကေးရှင်း သည် မိမိ နေအိမ် အတွင်း ရှိ Wi-Fi များ ၏ signal strength dBm ကို ဖေါ်ပြပေး မှာ ဖြစ်ပါတယ်၊ အောက်ဖေါ်ပြပါသည် Wi-Fi signal strength ၏ dBm ပေါ်မူတည် ကာ ကောင်းမကောင်း ပဲ ဖြစ်ပါတယ်။

High quality: 90% ~= -55db
Medium quality: 50% ~= -75db
Low quality: 30% ~= -85db
Unusable quality: 8% ~= -96db

-55 db (သို့) dBm သည် အင်တာနက် အသုံးပြု ၍ အကောင်းဆုံး ဖြစ်ပါတယ်၊ -75db (သို့) dBm သည် အလယ်အလတ် ဖြစ်ကာ၊ -85db (သို့) dBm သည် အနိမ့်ဆုံး ဖြစ်ပါတယ်၊ သတိပြုသင့် သည် မှာ Wi-Fi signal သည် အကာအရံ များ ဖြစ်သော သစ်သား၊ အုတ်၊ သံ များ ကို ဖေါက်ထွင်း နိုင်သော်လည်း၊ ထိုသို့ ဖေါက်ထွင်း ထွက်လာပြီး နောက် သူ၏ signal strength လျှော့ကျ သွားပါတယ်၊ တနည်း ဆို သော် လူကို ဥပါတ်ဖြစ်စေနိုင်သော သူ၏ radiation လျှော့ ကျသွား ခြင်းပင် ဖြစ်ပါတယ်၊ Wi-Fi signal strength သည် အကွာအဝေး ပေါ်တွင် လည်း မူတည် ပါတယ်၊ အကွာအဝေး distance များလေလေ signal strength လျှော့ကျသွားလေလေ ဖြစ်ပါတယ်၊ ထို့ကြောင့် သူ၏ radiation လည်း လျှော့ကျသွားပါတယ်၊

Wi-Fi router, cell phones, cell towers, laptops, tablets, smartphones, microwave ovens တို့ မှ ထွက်လာ တဲ့ radiation ကို တိုင်းတာ ဖို့ အတွက် RF meter ကို အသုံးပြုနိုင်ပါတယ်၊ ဝယ်ယူ လို့ ရပါတယ်၊ သို့မဟုတ် ဒီ အပလီကေးရှင်း (https://goo.gl/EZ2T9M) လေး ကို အသုံးပြုနိုင် ပါတယ်၊ သိပ် အတိအကျ မဟုတ်ပေမယ့် အသုံးပြု နိုင်တယ်လို့ ထင်ပါတယ်၊ ကိန်းဂဏန်း နည်းလျှင် အပြာရောင် ကို ဖေါ်ပြပြီး၊ ကိန်းဂဏန်း အလွန်များ ပါက အနီရောင် သို့ ပြောင်းလည်း သွားပါတယ်၊ သူ့ တွင် country limit ကို လည်း ဖေါ်ပြပေးထားပါတယ်။

Wi-Fi router သာ မက Wi-Fi enabled computer/tablet/laptop/smartphone/smartwatch များ ကို အသုံးပြုပါက အောက်ပါ တို့ကို သတိပြု နိုင်ပါတယ်။

၁။ Wi-Fi router ၏ radiation ထုတ်လွှင့် နိုင်အား၊ ဥပမာ။ ။ high-end Wi-Fi router တခု သည် microwave engry 1 watt လောက်သာ ထုတ်လွှင့် ပါတယ်။

၂။ Wi-Fi router တခု ၏ radiation သည် သူ နှင့် ဘယ်လောက် ကွာဝေး မှု ရှိသလဲ ဆိုတာ မှာ လည်း မူတည်ပါတယ်၊ ပို ၍ ကွာဝေး လေလေ radiation level လျှော့ ကျလေလေ ဖြစ်ပါတယ်၊ အကွာအဝေး ကို လိုက်၍ radiation level လျှော့ကျ မှု နှင့် အသုံးပြု နိုင်သော Wi-Fi signal strength ကို ချိန်ဆ adjust လုပ်ပါ။

၃။ Wi-Fi router ကို အသုံး မပြု သော အခါ power off ထားပါ၊ Wi-Fi router သာ မက Wi-Fi enable devices အားလုံးကို ညအိပ်ချိန် တွင် ပိတ်အိပ် ပါက ကောင်းပါတယ်။

၄။ မိမိ နေထိုင် ရာ ဝန်းကျင် တွင် ရှိသော radiation level ကို တိုင်းတာ ပါ၊ အန္တရယ် မရှိ နိုင်သော level တွင် ရှိ ပါစေ။

၅။ ၁၀ ပေ ပတ်လည် အခန်းတွင် Wi-Fi router နှစ်ခု၊ သုံးခု အသုံးပြု နေမည့် အစား၊ တခုတည်းကို သာ အသုံးပြုသင့်ပါတယ်။

၆။ မိမိ တွင် ခလေး ရှိပါက radiation level ပို ၍ ဂရုပြုပါ။

၇။ ယခု ဖေါ်ပြပါ အချက် များ သည် Wi-Fi enabled device အားလုံး အတွက် အကြုံးဝင်ပါသည်။

အားလုံး Wi-Fi radiation အန္တရယ်မှ ကင်းဝေးနိုင်ကြပါစေ။ 
😍😍😍😍😊😊😊

Credit to Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts