Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဆေးသုတ်နည်းစနစ် မေးထားလို့ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ

April 18, 2023 542 views
ဆေးသုတ်နည်းစနစ် မေးထားလို့ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ

ဆေးသုတ်နည်းစနစ် မေးထားလို့ပြန်မျှဝေလိုက်ပါတယ်ခင်ဗျာ
**********************************************
အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။

**အသုံးမ်ားတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့

၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့်
၂. Local ( မြန်မာ ) မွာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။

အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။

**အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။

2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။

3- Putty ပတ်တီးရိုက်တယ်

4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။

6- ဆေးသား Paint ကို သုတ်တယ်။

7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးမ်ားတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင်  အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။

မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

** အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်

2 - Putty ပတ်တီးရိုက်တယ်

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

4 - Sealer အောက်ခံဆေး သုတ်တယ်။

5 - ဆေးသား Paint ကို သုတ်တယ်။

6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့  အောက်ခံဆေး မခံဘဲ  ပတ္တီး တစ်ခါတည်း ရိုက္တာပါ။ 
ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး  အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ္တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အျခား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

အခုတော့ အဆင့် တစ်ခုချင်းစီကို  နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

2- Putty ပတ်တီးရိုက်တယ် (ဒီနေရာမှာ ပတ်တီးရိုက်ပြီးတိုင်းကော်ပတ်မဖြစ်မနေစားရမှာပါ)
ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ္တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မွာ ရိုက္ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ္တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ ပတ္တီးကေတာ့ ပတ္တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။

အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။  အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး  စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ္တာပါ။  ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စြဲကပ္တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

လိုအပ်သည်များဖြည့်စွက်အသုံးပြုနိင်ပါစေ

crd မူရင်းရေးသားသူ🙏🙏🙏

#TCCBENGINEERING 
Credit to Original Uploader

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts