Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချ လှူဒါန်းခြင်းသည် အတည်မဖြစ်ပါ

April 18, 2023 109 views
ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချ လှူဒါန်းခြင်းသည် အတည်မဖြစ်ပါ

ရဟန်းသံဃာတို့အား အိမ်၊ မြေ စသည်တို့ကို ရေစက်သွန်းချ
လှူဒါန်းခြင်းသည် အတည်မဖြစ်ပါ။

မြန်မာဗုဒ္ဓဘာသာများသည် တိုက်တာအိမ်ယာမြေအစရှိသည်တို့ုကို ဿသနာတော်အတွက် ရည်စူး၍ ပုဂ္ဂလိက ပစ္စည်းအဖြစ်သော်လည်းကောင်း ၊ သံဃိကပစ္စည်းအဖြစ်သော်လည်းကောင်း လှူဒါန်းလေ့ရှိကြသည်။

လှူဒါန်း ရာတွင် အချို့လည်းမှတ်ပုံတင်ရုံး၌  မှတ်ပုံမတင်ဘဲ ရေစက်သွန်းချ၍ လှူဒါန်းတတ်ကြသည်။ ဖျက်သိမ်းပြီးဖြစ် သော ၁၃၁၁ ခုနှစ် ၊ ဝိနိစ္ဆရဌာနနှင့်ဝိနိစ္ဆရခုံအက်ဥပဒေ ပုဒ်မ-၃၁ အရ မှတ်ပုံတင်အက်ဥပဒေတွင် မည်သို့ပင် ပါရှိစေကာမူ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတစ်စုံတစ်ရာကို လှူဒါန်းသည့်အခါ သက်ဆိုင်ရာမြို့နယ် ဝိနိစ္ဆယ ဌာနတွင် လှူဒါန်းသည့် စာချုပ်ကို မှတ် ပုံတင်နိုင်ပေသည်။ ယင်းသို့ဝိနိစ္ဆယဌာန၌ မှတ်ပုံ တင်ရာတွင် စာချုပ် စာ တမ်း အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်နှင့် မှတ်ပုံတင်ခကြေးငွေ တစ်စုံ တစ်ရာကို ပေးဆောင်ရန်မလိုပါ ဟု ပြဋ္ဌာန်းခဲ့ဖူးသည်။

   သို့ရာတွင် ၁၉၈၀ ပြည့်နှစ်၊ ပြည်သူ့လွှတ်တော် ဥပဒေအမှတ်-၃ ၊ ဝိနည်းဓမ္မ ကံ အဓိကရုဏ်းမှုခင်းများ ဖြေ ရှင်းရေးဆိုင်ရာလုပ်ထုံးလုပ် နည်းများ ( ပြင်ဆင်ဖြည့်စွက်ချက် ) အခန်း ၉၊ အပိုဒ် ၆၀ အရ ၊ ဿသနာမြေအပ ၌ရှိသော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းတစ်ရပ်ရပ်ကို လှူဒါန်းရာ၌ တည်ဆဲ ဥပဒေပြဋ္ဌာန်းချက်များနှင့် အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ရမည်ဟူ၍လည်းကောင်း၊ ယင်းသို့မှတ်ပုံတင်ထားမှ သာလျှင် ပိုင်ဆိုင် ခွင့်အငြင်းပွားလျှင်သံဃ ဝိနိစ္ဆယအဖွဲ့ဖြင့်စစ်ဆေးဆုံးဖြတ်ခွင့်ရှိသည်ဟူ၍လည်းကောင်း ပြဋ္ဌာန်းထားပါသည်။

 ဝိနည်းဓမ္မကံ အဓိကရုဏ်မှုခင်းများဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ( ပြင်ဆင်ဖြည့်စွက်ချက် ) အပိုဒ် ၆၀ တွင် အောက်ပါအတိုင်းပြဌာန်းထားသည် -

၆၀။    ဿသနာမြေအပ၌ရှိသော မရွှေ့မပြောင်းနိုင်သည့်ပစ္စည်းဘဏ္ဍာများကို ရဟန်း၊ သာမဏေ၊ ဂိုဏ်း၊ သံဃာ၊ စေတီ၊ ကျောင်း၊ ကျောင်း တိုက်၊ နဝကမ္မ၊ ဗုဒ္ဓဘာသာ၊ ဿသနာရေးဆိုင်ရာ အသင်းအဖွဲ့များအား လှူ ဒါန်းရာ၌ တည်ဆဲဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်း ချုပ်ဆို၍မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည် ပြောင်း တို့ကို ပြုလုပ်ဆောင်ရွက်ရမည်။ ယင်းသို့ဆောင်ရွက်ထားသည့် ဿသနာမြေအပရှိ မရွှေ့ မပြောင်းနိုင်သည့် ပစ္စည်း ဘဏ္ဍာများကိုသာ ပိုင်ဆိုင် ခွင့်အငြင်းပွားလျှင် သံဃဝိနိစ္ဆယအဖွဲ့ဖြင့် စစ်ဆေးဆုံး ဖြတ်ခွင့်ရှိသည်။

  အထက်ပါပြဌာန်းချက်တွင် အကျုံးဝင်ရန်အလို့ငှာ၊ ဿသနာမြေအပရှိသော မရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကိုလှူဒါန်းရာ၌ တည်ဆဲဥပဒေပြဌာန်းချက်များနှင့်အညီ စာချုပ်စာတမ်းချုပ်ဆို၍ မှတ်ပုံတင်ခြင်း၊ ဦးပိုင်အမည်ပြောင်းခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပေသည်။

( ဦးဟန်းထွန်းပါ ၄ နှင့် ဦးစံမြပါ ၁၁၊၁၉၉၈ မတစ ၂၈၆ ) ။

( အညွှန်း- ဦးမြစိန်၊ တရားမလမ်းညွှန်းစီရင်ထုံးများ၊ စာ ၁၈၇ ) ။

Related Posts