Keyboard ခဲတို့ခြင်း အနုပညာ

Keyboard ခဲတို့ခြင်း အနုပညာ
ပထမဦးဆုံး ပြောချင်တာ ကတော့ လေကောင်းလေသန့်ရတဲ့နေရာမှာ လုပ်ပါ မဟုတ်ရင် တော်တော်ညှော်ပါတယ်။
ဒီ keyboard ကိုခဲတို့ ဖြစ်သွားတာကတော့ အရင်က ဝယ်ထားတဲ့ Ajazz Banana switch ကို lube ပြီး တခြား keyboard တွေမှာထည့်ကြည့်တော့ အသံမကြိုက်တာကနေစတာပဲ။ အချိန်ပေးပြီး lube ထားတာ ဆိုတော့ မသုံးဖြစ်ရင် နှမြောလဲ နှမြောတယ် အဲ့တာကြောင့် ဒီ Rk61 မှာ လက်တည့်စမ်းကြည့်တာဖြစ်ပါတယ် soldering လုပ်ရတာလွယ်သလောက်။ desolder လုပ်တာ switch ဖြုတ်ရတာတော်တော်ခက်ပါတယ်။ desolder လုပ်တဲ့အချိန်မှာ ခဲတွေက အရည်ပျော်ပြီး switch ရဲ့ pin မှာသွားကပ်တော့ pcb ကိုလဲမထိအောင် switch ကိုလဲမထိအောင် လုပ်ရတဲ့အတွက်ကြောင့် လက်ပေါက်ကပ်ပါတယ်။
Switch တွေဖြုတ်ပြီးတော့ tweezer နဲ့ switch pin အပေါက်လေးတွေကို ထိုးပြီး pcb ကိုစမ်းပါတယ်။ ကျွန်တော်ကတော့ power bank မှာပဲထိုးပြီးစမ်းပါတယ်။ pc သွားဖွင့်ရမှာပျင်းလို့ :3။ တကယ်တမ်း တော့ pc နဲ့စမ်းတာ အကောင်းဆုံးပါပဲ။ ခလုတ် ၃ လုံးလောက်က desolder လုပ်တာ အပူချိန်နည်းနည်း များသွားလို့ pcb နဲ့ switch နဲ့ ဆက်ပေးတဲ့ အပေါက်ဘေးအသားလေးတွေကို ထိမိသွားပါတယ်။ switch တစ်ချို့လဲ နည်းနည်းထိမိလို့ အလယ်က pin အရည် နည်းနည်းပျော်သွားမိတာရှိပါတယ်။
Switch တွေဖြုတ်ပြီး လဲပြီးတဲ့အခါမှာတော့ soldering ပြန်လုပ်တာကတော့ လွယ်လွယ်ကူကူပါပဲ။ pcb switch pin hole အရည်ပျော်သွားတာတွေကိုကျတော့ တခြား switch နဲ့ ပျက်တဲ့ switch ကို jump wire သုံးပြီးကူးလိုက်ပါတယ်။ hotswap တွေပြုတ်ရင်လဲ ဒီနည်းအတိုင်းကူးလို့ရပါတယ်။ နောက်ဆုံး pcb ကို pc နဲ့တစ်ခါစမ်းပြီး keycaps ပြန်တတ်ပါတယ်။ bro တို့လဲ soldering keyboard တွေ ဝယ်ထားပြီး switch လဲချင်တယ်ဘာညာ ဆိုရင် ကျွမ်းကျင်တဲ့သူနဲ့ သွားလဲတာအကောင်းဆုံးပါပဲ။ ကိုယ်တိုင်လုပ်ချင်တယ်ဆိုရင်တော့ ကိုယ်ဖြစ်ကိုယ်ခံပါ အာမ မခံပေးနိုင်ပါဘူး။ ဒါပေမဲ့ ပျော်ဖို့ကောင်းပါတယ်။ keyboard တစ်လုံးရင်းပြီးရတဲ့ ပညာပေါ့ 🤪။ အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ်။ သဘောကျတယ်ဆိုရင်တော့ like and share လေး လုပ်ပေးသွားပါဦး။
#wynf #rk61 #soldering
Credit...Wild Young and Free
Credit..photo//
ပြန်လည်ကူးယူဖော်ပြပါသည်