Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ကိုးကွယ်ရာဘာသာအလိုက် လင်မယားကွာရှင်းပြတ်စဲခြင်း

April 19, 2023 494 views
ကိုးကွယ်ရာဘာသာအလိုက် လင်မယားကွာရှင်းပြတ်စဲခြင်း

ဗုဒ္ဓဘာသာ လင်မယားကိစ္စတွေကတော့ တော်တော်များများ တင်ပြထားပြီးပြီ
ယခု တခြားဘာသာဝင်များရဲ့ 
ကွာရှင်းနိုင်မည့်အကြောင်းကို ဆက်လက်ဖော်ပြသွားပါမယ်။ 
အစ္စလာမ်ဘာသာ၀င်များဖြစ်ပေါ်လာသောအခြေအနေအရဥပဒေကကွာရှင်းပေးခြင်း
လင်မယားကွာရှင်းခြင်းအကျိုးဆက်
(၁) လင်ဖြစ်စေ၊ မယားဖြစ်စေ သေဆုံးသွားပါက ဥပဒေအရ လင်မယားကွာရှင်းပြတ်စဲပြီး  ဖြစ်သည်။
(၂) ၁၉၅၃ခုနှစ်၊ မွတ်စလင်လင်မယား ကွာရှင်းရေးဥပဒေပုဒ်မ (၄)အရ လင်ဖြစ်စေ၊ မယား ဖြစ်စေ၊ အစ္စလာမ်ဘာသာကို စွန့်လွှတ်သည်နှင့် တပြိုင်နက် ကွာရှင်းပြတ်စဲပြီးဖြစ်သည်။ 
လင်မယားကွာရှင်းခြင်း၏ အကျိုးဆက် -
အထက်ပါ နည်းလမ်း (၄) မျိုးအနက် မည်သည့်နည်းလမ်းဖြင့် ဖြစ်စေ၊ လင်မယား ကွာရှင်းပြတ်စဲပြီးနောက် အောက်ပါတာ၀န်နှင့် လုပ်ပိုင်ခွင့်များသည် အကျိုးဆက်အဖြစ်ပေါ်ပေါက် လာသည်။
(၁) ကွာရှင်းပြတ်စဲပြီးနောက် လင်ဖြစ်စေ၊ မယားဖြစ်စေ နောက်အိမ်ထောင်ပြုခွင့်ရှိသည်။ 
(၂) အမျိုးသမီးက နောက်အိမ်ထောင်ပြုလိုလျှင်- 
(က) ထိမ်းမြားလက်ထပ်ပြီးနောက် ကိုယ်လက်နှီးနှောမှု မရှိခဲ့လျှင် ချက်ချင်း နောက် အိမ်ထောင်ပြုနိုင်သည်။ 
(ခ) ထိမ်းမြားလက်ထပ်ပြီးနောက် ကိုယ်လက်နှီးနှောမှု ရှိခဲ့လျှင် စောင်းဆိုင်းရန် ကုန်ဆုံးမှ နောက်အိမ်ထောင်ပြုခွင့် ရှိသည်။ 
(၃) ထိမ်းမြားလက်ထပ်ပြီးနောက် ကိုယ်လက်နှီးနှောမှု ရှိခဲ့လျှင် အမျိုးသမီးသည် မင်္ဂလာကြေး အားလုံးကို ချက်ချင်းရပိုင်ခွင့်ရှိသည်။ ကိုယ်လက်နှီးနှောမှုမရှိခဲ့ပါက မင်္ဂလာကြေး၏ ထက်၀က်ရ ပိုင်ခွင့်ရှိသည်။
(၄) လင်နှင့်မယား နှစ်ဦးစလုံးသည် ကွာရှင်းပြတ်စဲမှု ပြန်လည် ရုပ်သိမ်း၍ မရတော့သည့် အချိန်အထိ တစ်ဦးနှင့်တစ်ဦး အမွေဆက်ခံပိုင်ခွင့်ရှိသည်။ သို့ရာတွင် ပြန်လည်ရုပ်သိမ်း၍ မရတော့သည့် အချိန်ကျော်လွန်ပြီးနောက် တစ်ဦးနှင့်တစ်ဦး အမွေဆက်ခံပိုင်ခွင့် မရှိတော့ပေ။
(၅) ကွာရှင်းပြတ်စဲခြင်းကို ပြန်လည်ရုပ်သိမ်း၍မရတော့သည့် အချိန်ကာလကို ကျော်လွန်ပြီး နောက် ကိုယ်လက်နှီးနှောမှုပြုလုပ်ပါက တရား၀င် ပြန်လည်ပေါင်းသင်းခြင်းမမည်ပေ။ ထိုသို့ ကိုယ် လက်နှီးနှော မှုအပေါ်ရရှိသော သားသမီးများသည် တရား၀င်သော သားသမီးများအဖြစ် သတ် မှတ်ခြင်းမပြုပေ။
(၆) တာလတ်(ခ်) နည်းဖြင့် ကွာရှင်းကြောင်း (၃)ခါကြေညာပြီး ကွာရှင်းခြင်းမှလွဲ၍ ကျန်ကွာ ရှင်းနည်းအရ ကွာရှင်းပြတ်စဲခဲ့သော လင်မယားသည် ပြန်လည် ထိမ်းမြားလက်ထပ်နိုင်သည်။
(၇) တာလတ်(ခ်) နည်းဖြင့် ကွာရှင်းကြောင်း (၃)ကြိမ် (၃)ခါကြေငြာပြီးကွာရှင်းခြင်းဖြစ်ပါက လင် ယောကျာ်းသည် ဇနီးအား ပြန်လည် ထိမ်းမြားလက်ထပ်ခြင်းမပြုနိင်ပေ။ သို့ရာတွင်ဇနီးသည် နောက် အိမ်ထောင်ပြု၍ ထိုသူနှင့်ကိုယ်လက်နှီးနှောမှု ရှိခဲ့ပြီး တရား၀င်ကွာရှင်းပြတ်စဲလျှင် ပထမ လင်ယောကျာ်းနှင့် ပြန်လည်ထိမ်းမြားလက်ထပ်ခြင်းသည် တရား၀င်သည်။
မှတ်ချက်။ ။ ဤသတ်မှတ်ချက် ပြဌာန်းထားခြင်းမှာ လင်ယောကျာ်း၏ မစဉ်းစား မဆင်ခြင်ဘဲ အလွယ်တကူ ကွာရှင်းပြတ်စဲမှုများကို တားဆီးနိုင်ရန်အတွက်ဖြစ်သည်။

ဟိန္ဒူဘာသာဝင်များ လင်မယားကွာရှင်းရေး
======================

သမရိုးကျ ဟိန္ဒူဘာသာတရားဥပဒေက လင်မယားကွာရှင်းမှုကို တားမြစ်သည်။ မြန်မာနိုင်ငံတွင် ဟိန္ဒူဘာသာ ဝင်များ ထိမ်းမြားမင်္ဂလာပြုပါက ဟိန္ဒူဘာသာအရ ပြုလုပ်ခြင်းဖြစ်လျှင် မယားကွာရှင်းရန်ကိစ္စ မဖြစ်နိုင်ပါ။

သို့ရာတွင် ဇာတ်မတူသူ ဟိန္ဒူအချင်းချင်း အထူးထိမ်းမြားခြင်းအက်ဥပဒေအရ မင်္ဂလာဆောင်ကြလျှင် မြန်မာ နိုင်ငံလင်မယားကွာရှင်းရေးအက်ဥပဒေအရ လင်မယားကွာရှင်းခြင်းကို ခွင့်ပြုနိုင်သည်။

မုဆိုးမနောက်အိမ်ထောင်ပြုရေး
===============

သမရိုးကျဟိန္ဒူဘာသာတရားဥပဒေအရ ဟိန္ဒူမုဆိုးမတစ်ဦး၏ နောက်အိမ်ထောင်ပြုရေးမှာ မဖြစ်နိုင်ချေ။ သို့ရာတွင် ၁၈၅၆ ခုနှစ် ဟိန္ဒူဘာသာဝင်မုဆိုးများ၏ နောက်အိမ်ထောင်ပြုရေးအက်ဥပဒေအရ မုဆိုးများ နောက်အိမ်ထောင်ပြုခြင်းကို တရားဝင်အဖြစ်သတ်မှတ်ထားသည်။

(ဦးဗကြိုင် (ဘီအေ၊ဘီအယ်လ်) ၊ ခရစ်ယာန်လာသာဝင်၊မိုဟာမေဒင်ဘာသာဝင် ၊ ဟိန္ဒူဘာသာဝင်တို့နှင့် သက်ဆိုင်သော ဥပဒေသိမှတ်ဖွယ်ရာအဖြာဖြာ၊ စာ ၅၇ ) ။

Related Posts