Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မြန်မာ့ရိုးရာဓလေ့

April 20, 2023 304 views
မြန်မာ့ရိုးရာဓလေ့

နိုင်ငံတိုင်းမှာလူမျိူးးကိုးကွယ်ရာဘာသာအလိုက်မတူကွဲပြားတဲ့လက်ထပ်တာကွာရှင်းတာရှိကြစမြဲပါ

အဲ့ဒီလိုထဲက မြန်မာနိုင်ငံက လက်ထပ်ခြင်း / ကွာရှင်းခြင်းတွေက အရှုပ်ထွေးဆုံး နဲ့ နူးညံ့ညင်သာမှု့အရှိဆုံးလို့ပြောရ မှာပါ …

မြန်မာနိုင်ငံတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဓဘာသာဝင် ( မည်သည့်လူမျိူ:မဆို ) အတွက် လိုက်နာရန်ကတော့ မြန်မာ့ဓလေ့ ထုံးတမ်းဥပဒေပါ …

မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေမှာ လက်ထပ်တာ / ကွာရှင်းတာတွေနဲ့ ပတ်သက်လို့ စီရင်ထုံးများစွာနဲ့ ကိုးကားဖော်ပြထားပေမယ့်အရပ်သား နားလည်သဘောပေါက်အောင်
အရပ်စကားအနေနဲ့ဖော်ပြပေးပါ
မယ်။ 
အများစု အသိချင်ဆုံးသော ကိစ္စဖြစ်တဲ့ အိမ်ထောင်ရေး ကိစ္စတွေထဲက …

( 1 ) လက်ထပ်ခြင်း…

( 2 ) ကွာရှင်းခြင်း…

( 3 ) ကလေးအုပ်ထိန်းခွင့်   …တို့ကို ဖော်ပြပေးသွားမှာပါ

( 1 ) လက်ထပ်ခြင်း …

မြန်မာ့ဓလေ့ထုံးတမ်းအရ ကျား နဲ့ မ ( ၂ ) ဦးဟာ မင်္ဂလာ
ဆောင် / ဆွမ်းကျွေး / လက်ထပ်စာချူ ူ ပ် စတာတွေမလိုဘဲ
ပတ်ဝန်းကျင်က လင်မယားအဖြစ်ပေါင်းသင်းနေထိုင်ပါတယ်
လို့ ခိုင်မာစွာ သက်သေထွက်ဆိုယုံမျှနဲ့ ( လင်မယား ) အရာ မြောက်ပါတယ် …

ရှေ့ / နောက် ၇ အိမ်လောက်သိရင်ပဲ လင်မယားအရာမြောက်ပါတယ် …ဆိုလိုတာက အထင်အရှားပေါင်းသင်းနေထိုင်မှုရှိရမယ် ဆိုတာပါ…

အဲ့ဒီလိုမဟုတ်ဘဲ …

သမီးရည်းစားတွေ ဆိတ်ကွယ်ရာအရပ်တွေမှာ ချိန်းတွေ့ကြ( ချစ်ရယ် မင်းယုံအောင် လက်ထပ်စာချုပ်မှာ ကိုကို လက်
မှတ်ထိုးပါမယ် …စာချုပ် ၂ စောင်လုံး ချစ် ယူထားနော် ) ဆိုပြီး ဘယ်သက်သေမှ မပါဘဲလက်ထပ်စာချုပ်မှာ လက်မှတ်
ထိုး ( ကလေးမက ယုံ )
( အဆင်ပြေလို့ )…
( အဲ့ )…

ကောင်လေးက  နောက်တစ်ယောက်
တွေ့ရင်ဖြစ်စေ ( စားပြီးနားမလည် လုပ်တော့မှ ) ဒီမှာပါရှင့်
လက်ထပ်စာချုပ်ပါ လို့ ပြလို့ မရပါဘူးအထင်အရှားပေါင်းသင်းနေထိုင်တာ မရှိတဲ့အပြင် သက်သေတွေလဲ မပါတဲ့
အတွက် အဲ့ဒီစာချုပ်ဟာ ပျက်ပြယ်ပါလိမ့်မယ်။

ခုခေတ် ကလေးမလေးတွေ လိုင်းပေါ်မှာ ရည်းစားဖြစ်
အပြင်မှာ ချိန်းတွေ့ / ပြီးတော့မှ စာချူ ပ်ပြ / တရားရင်ဆိုင်ရတာပဲ အဖတ်တင် ( အပျိုစင်ဘဝ ) ဆုံးရှုံး စတဲ့နစ်နာမှု့
တွေ များစွာမြင်ကြားနေရလို့ 
မြန်မာ့အမျိုးကောင်းသမီးလေးများ ဘဝမပျက်စေရန် ( sex tiger ) များ ရန်မှ လွတ်စေရန် ရည်ရွယ်တင်ပြတာဖြစ်ပါတယ် …

ဒါကြောင့် …

တရားရုံးမှာ လက်ထပ်တာဟာ တရားဝင်လက်ထပ်ခြင်းပါ( တရားရုံးက ထွက် ) တစ်ယောက်တစ်နေရာစီ နှစ် ၂၀ကြာနေ မပေါင်းသင်းလဲ အဲ့ဒီလက်ထပ်ခြင်းဟာ အလိုအလျောက်မပျက်ပြယ်ပါဘူး …

( 2 ) ကွာရှင်းခြင်း …

အငိုလွယ် / အရှိုက်ခက် ဆိုသလို လင်မယားဖြစ်ဖို့လွယ်ကူသလောက် ( ကွာရှင်းခြင်း ) ဟာ အလွန်ရှုပ်ထွေးခက်ခဲ
ပါတယ် …

အရပ်စကားဖြစ်တဲ့…

၆ လ အတူမနေ / ၁ နှစ်အတူမနေ မပေါင်းသင်းရင် အလိုအလျောက် လင်ခန်း မယားခန်းပျက်တယ်ဆိုတာ မှားပါတယ်…

အကယ်၍သာ …

အဲ့ဒီအဆိုမှန်ခဲ့ရင် ယောင်္ကျားတွေဟာ မိန်းမတစ်ယောက်ယူ
၁လပေါင်း ( တစ်နေရာမှာ ၆ လ ၁ နှစ်နေ )  နောက်တစ်
ယောက်ယူ ကလေးတစ်ယောက်နဲ့ ပစ်ထား ( တစ်နေရာ
မှာ ၆ လ ၁ နှစ်နေ ) နောက်တစ်ယောက်ထပ်ယူ စသဖြင့်
ယောင်္ကျားကောင်း မိန်းမတစ်ထောင်ဖြစ်ကုန်ပါလိမ့်မယ် …

မယုံပါနဲ့ ( အရပ်စကားတွေ )

လင်မယားကွာရှင်းရာမှာ တရားရုံးသွားကွာစရာမလို / သက်သေမလို ( လင်မယား ၂ ယောက်သဘောတူကွာရှင်းလိုတဲ့ လွတ်လပ်သောဆန္ဒ ) သာ အရေးကြီးပါတယ်လို့
စီရင်ထုံးများစွာမှာ ဖော်ပြထားပေမယ့် …

တလင်တမယားစနစ်ကျင့်သုံးရေးဥပဒေ ဆိုတဲ့ အထူးဥပဒေ ( ခုတ်ရာတခြား ရှရာတစ်နေရာ ဥပဒေ ) ပေါ်လာ
တော့ကာ …

ကျုပ်က အဲ့ဒီတုန်းကစိတ်ဆိုးလို့ အိမ်ကဆင်းသွားတာပါဗျာ
တကယ်တမ်း ကျုပ်မယားကိုမပြတ်ပါဘူးဗျာ / ကျမ စိတ်ဆိုး
ပြီး အမေ့အိမ်မှာသွားနေတာပါရှင် ကျမလင်ကို ချစ်လို့ယူ
ထားတာပဲ (.ဘယ်ပျက်ပါ့မလဲတော် ) စသဖြင့် ကွို င်ပူလာ
ရင် ( auto ပြတ်ပြီဆိုကာ နောက်အိမ်ထောင်ပြု ထားသူတွေ
ဦးခေါင်း ဆင်နင်း ) ပါပြီ…

( ဒါဆို ဘယ်လိုကွာရှင်းမလဲ ) ပေါ့ …

ဟုတ်ကဲ့ …ပြောပြပါ့မယ် …

လင်မယားတွေ ကွာရှင်းကြတာဟာ 
ရပ် / ကျေးရုံးတွေမှာများပါတယ် …တရားဝင်သလားပေါ့ ???

ရပ် ကျေးရုံးတွေမှာ ကွာရှင်းတာဟာ အငြင်းပွားစရာဖြစ်လာရင် သက်သေခံအဖြစ် တရားရုံးကို တင်ပြနိုင်ပါတယ်

တရားရုံးမှာကွာရှင်းခြင်းသည်သာ 
( အငြင်းပွားဖွယ်ရာ မရှိ )
သော ကွာရှင်းခြင်းပါ …

(သတိပြုစရာက )

တရားရုံးမှာကွာရှင်းပြီးသော လင်မယားတွေဟာ ပြန်လည်
ပေါင်းသင်းချင်သပဆိုရင် အထင်အရှားပေါင်းသင်းဖို့လိုပါတယ်…

( ဒီလိုမဟုတ်ဘဲ )…

ဆိတ်ကွယ်ရာအရပ်မှာ ပေါင်းသင်းယုံမျှနဲ့ မူလကွာရှင်းတာ
အလိုအလျောက်မပျက်ပြယ်ပါဘူး ( မကြာခဏ ပြဿနာ
ဖြစ်ရတဲ့ case ) တွေပါ …

( 3 ) ကလေးအုပ်ထိန်းခွင့် …

လင်မယားတွေ ကွာရှင်းပြတ်ဆဲကြတော့မယ်ဆိုရင် မြေစာပင်ဖြစ်ရတာက သားသမီးတွေပေါ့ …

အများစုဖြစ်ကြတာက ကလေးအုပ်ထိန်းခွင့်ရလိုတာပါပဲ …

( သား ) ဆို အမေပိုင်တယ် (.သမီး ) ကိုတော့ ဖခင် ပိုင်တယ် ဆိုတာ အရပ်စကားတွေပါ ( လုံးဝ မမှန်ပါဘူး )…

ဒီတော့ကာ ကလေးအုပ်ထိန်းခွင့်ကို ဘယ်လိုဆုံးဖြတ်လဲပေါ့

ကမ္ဘာ့နိုင်ငံအသီးသီးမှာ

လူမျိုး / ဘာသာအရသာ ဥပဒေတွေကွာပြားခြားနားပေမယ့်
ကလေးအုပ်ထိန်းခွင့်နဲ့ပတ်သက်လာရင်တော့ အများအားဖြင့် အောက်ပါအတိုင်းသတ်မှတ်သလို မြန်မာ့ထုံးတမ်းဥပဒေမှာလဲ ထိုနည်းအတိုင်းသာ ဆုံဖြတ်ပေးတာများပါတယ်

( ၁ ) ကလေးရဲ့ ဆန္ဒ…

( ၂ ) မိဘနှစ်ပါးရဲ့ ဝင်ငွေအဆင့်အတန်း…

( ၃ ) ကလေး နေထိုင်ကြီးပြင်းရမယ့် ပတ်ဝန်းကျင်အနေအထား …

( ၄ ) မိဘနှစ်ပါးရဲ့ အကျင့်စာရိတ္တ…

( ၅ ) ကလေးဘဝ ရှေ့ရေးအား လက်ရှိအခြေအနေထက်ပိုမို ကောင်းမွန်အောင် ပြု စုပျိုးထောင်ပေးမည့်သူ

စသဖြင့် တရားသူကြီးက ဆင်ခြင် ဆုံးဖြတ်ပေးပါတယ်…

( သတိပြု ရမှာက ) …

နင့်အကျင့်တွေ ကူးမှာစိုးလို့ / ရှင့်လို အရက်သမား ဖဲသမား
ဖြစ်မှာစိုးလို့ စတဲ့အကြောင်းပြချက်တွေနဲ့ အုပ်ထိန်းခွင်ရသူ
က မရသူကို ကလေးနဲ့ ပေးမတွေ့တာ / တစ်နေရာပို့ထားတာ စတာတွေမလုပ်ပါနဲ့

ရုံးတော်က သတ်မှတ်ပေးထားတဲ့ ရက်တွေမှာ ကလေးကို
ပေးတွေ့ရမှာပါ ( ပေး မတွေ့ဘူး ) ဆိုရင်တော့ မူလချမှတ်
ထားတဲ့ ကလေးအုပ်ထိန်းခွင့် ပြန်လည်ရုပ်သိမ်းခံရပါလိမ့်
မယ် …

(အချူ ပ်အားဖြင့် )…

အငိုလွယ် အရှိုက်ခက်လှတဲ့ ဗုဒ္ဓဘသာဝင်တို့ရဲ့ လင်မယား
လက်ထပ် / ကွာရှင်းတာတွေ …

ကလေး အုပ်ထိန်းခွင့်တွေ အားလုံးကို အရပ်စကားတွေနား
ယောင်ပြီး ဆုံးဖြတ်ချက် လုပ်ရပ် တွေ မမှားရလေအောင်
လေ့လာသိရှိရသလောက်အားဖတ်ရအလွယ်ကူဆုံးသောအရပ်စကား များနဲ့ ရေးသားတင်ပြပေးလိုက်ရပါတယ်။

Related Posts