Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

ဘိလပ်မြေမှို

April 21, 2023 102 views
ဘိလပ်မြေမှို

ဘိလပ်မြေမှို
==========

အမြှုပ်လွှာ_Laitance
---------------------------------

ဘိလပ်မြေမှို/
ဘိလပ်မြေအမြှုပ်လွှာဆိုတာဘာလဲ❓🤔

- ကွန်ကရိ၏ မျက်နှာပြင်ပေါ်တွင် ဖြစ်ပေါ်လာသော ဘိလပ်မြေနှင့် ရောစာနု (သဲ) တို့ ပေါင်းစပ်ပါဝင်နေသည့် အမြှုပ်အလွှာဖြစ်သည်။😳

- ထိုကဲ့သို့ ဖြစ်ပေါ်လာရခြင်းမှာ သွန်းလောင်းပြီးသော ကွန်ကရိမျက်နှာပြင်ကို လွန်လွန်ကြူးကြူး
မျဉ်းရိုက် အချောညှိခြင်းကြောင့်သော်လည်းကောင်း၊ ကွန်ကရိထုကို သိပ်သည်းစေရန် တုန်ခါတံ (vibrator) ဖြင့် လွန်လွန်ကြူးကြူး
သိပ်သည်းစေခြင်းကြောင့် သော်လည်းကောင်း
အနှစ်များစိမ့်တက်ပြီး စုဝေးဖြစ်တည်ခြင်းဖြစ်သည်။🧐

- ကွန်ကရိအသားထည်ထက် အစဉ်သဖြင့် အားအင်ချိနဲ့နေသော ၎င်းအမြှုပ်လွှာကို ဖယ်ရှား တိုက်စားသင့်လှသည်။👌

- "Lai" ဟူသည် ပြင်သစ်ဘာသာစကားဖြင့်
နို့ "milk" ဟု အဓိပါယ်ရပြီး
"-ance" ဟူသော စကားလုံးကို ထပ်မံပေါင်းထည့်ခြင်းဖြင့် နို့နှစ် "Laitance" ဟု သုံးနှုန်းသည်။ 😃

- ဤသို့ဖြင့် "Laitance" ဟူသော ဝေါဟာရမှာ
လတ်လတ်ဆတ်ဆတ်သွန်းလောင်းပြီးသော
ကွန်ကရိမျက်နှာပြင်တွင် ဖြစ်ပေါ်လာသော မှုန့်ညက်သော အမှုန်များ၏ နို့နှစ်ရောင် အစုအဝေးဟု အဓိပ္ပါယ်ရလာသည်။😃

- တစ်ဖန် ဘိလပ်မြေပါဝင်သောဆောက်လုပ်ရေးလုပ်ငန်းသုံး အစိတ်အပိုင်းများကို ရေစိမ်ရသောအခါ
(ဥပမာ- သဲနှင့် ဘိလပ်မြေစပ်ပြီး ဖန်တီးရသော ကာဗာဘလောက်တုံးများ (cover blocks) ကို
အင်အားပြည့်ရန် ရေစိမ်ရသောအခါ )
အဖြူဖတ်ကလေးများ ရေပေါ်တွင် ပေါ်လာခြင်းကိုလည်းကောင်း၊ ဘလောက်တုံးတွင် ကပ်ငြိနေခြင်းကိုလည်းကောင်းတွေ့ရှိရတတ်သည်။ 👍👍👍

၎င်းသည် Laitance ပင် ဖြစ်ပေသည်။

Concrete သို့ Laitance ၏ အကျိုးသက်ရောက်မှု
====================================

- ကွန်ကရိခင်းပြင်/ လမ်း
တည်ဆောက်ရာတွင် Laitance ဖြစ်ပေါ်လာခဲ့ပါမူ
၎င်းခင်းပြင်၏ အပေါ်ယံမျက်နှာပြင်သည် အပွန်းစားခံနိုင်ရည်စွမ်း ကျဆင်းလာတတ်ပါသည်။ 😲

ထို့ကြောင့် တာယာဘီးတို့၏ ပွတ်တိုက်စားမှုကို ခံနိုင်ရမည်ဖြစ်သည့် "Wearing Quality" အားနည်းသွားတတ်ပါသည်။😯

- လမ်းတွင် ထိုကဲ့သို့ ဖြစ်ပွားသည့်အခါ နွေရာသီတွင် အမှုန်ကြွ ဖုန်ထတတ်ပြီး မိုးရာသီတွင် (အနည်းငယ်) ရေနှူး ဗွက်လူးတတ်ပါသည်။😐

- တစ်ဖန် အဆောက်အဦတွင်ဖြစ်စေ၊
လမ်းတည်ဆောက်ရေးတွင်ဖြစ်စေ
ကွန်ကရိမျက်နှာပြင်တွင် ကျုံ့မှုဆိုင်ရာ အက်ကြောင်းငယ်များ (Shrinkage Cracks) ဖြစ်ပေါ်တတ်ပါသေးသည်။🏢🏗️🏛️

- သွန်းလောင်းသည့် ကွန်ကရိတိုင်းတွင် တစ်ခါလောင်းတိုင်း တစ်ခါဖြစ်ခဲ့ပါကတစ်လွှာနှင့်တစ်လွှာကြား အားမကောင်းသည့် မျက်နှာပြင်အလွှာ
(a plane of weakness) ဖြစ်တည်လာစေပြီး
တွယ်ကပ်အား (bond) လည်း အထိုက်အလျောက်ကျဆင်းတတ်ပါသည်။🙄

ဆရာကျော်ဇင်ဟိန်း (TU)

Credit...OriginalWriter

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည်

Related Posts