Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

- ကိုယ့်အိပ်ခန်းကို ♦💜🖤🔶 🌈ဘယ်လိုအရောင်တွေမသုတ်သင့်ဘူးလဲ။

April 25, 2023 100 views
- ကိုယ့်အိပ်ခန်းကို ♦💜🖤🔶 🌈ဘယ်လိုအရောင်တွေမသုတ်သင့်ဘူးလဲ။

- ကိုယ့်အိပ်ခန်းကို ♦💜🖤🔶
🌈ဘယ်လိုအရောင်တွေမသုတ်သင့်ဘူးလဲ။
*************************************
ကျွန်တော်တို့ ကောင်းမွန်သောအိပ်စက်ခြင်း ရခြင်းမရခြင်းက ကိုယ့်အိပ်ခန်းကိုသုတ်ထားတဲ့အရောင်နဲ့ ဆိုင်တယ်ဆိုတာကို သိပါသလား။

ဟုတ်ပါတယ်။ အရောင်တွေက ကိုယ့်ရဲ့စိတ်ခံစားချက်ကိုပြောင်းလဲပေးနိုင်သလို၊ ကိုယ့်ရဲ့အိပ်စက်နိုင်စွမ်းကိုပါပြောင်းလဲပေးနိုင်တဲ့ စွမ်းအားရှိပါတယ်။

တစ်ခါတလေဖြစ်ဖူးမှာပါ။ ဒေါသထွက်တာ၊ စိတ်ညစ်တဲ့အခါ အိပ်မပျော်တာမျိုးကိုပေါ့။

ဒါကြောင့်ကိုယ်က ကိုယ့်ကိုပျော်ရွှင်စေတဲ့၊ စိတ်ကြည်နူးစေတဲ့ အရောင်လေးကိုသာသေချာရွေးပေးရင် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်တဲ့အပြင် နိုးလာတဲ့အခါမှာလည်း လန်းလန်းဆန်းဆန်းနိုးထနိုင်ပါတယ်။

အဲ့ဒီအတွက် ကိုယ့်အိပ်ခန်းကိုဆေးသုတ်တဲ့အခါ အမှားတွေမလုပ်မိစေဖို့အတွက် ကိုယ့်အခန်းကိုဆေးမသုတ်သင့်တဲ့အရာတွေကိုပြောပြပေးလိုက်ပါတယ်

♦အနီရောင်
************
ကျွန်တော်တို့ ဦးနှောက် အနီရောင်ဆိုရင် အန္တရာယ်နဲ့တွဲမြင်တတ်လေ့ရှိပါတယ်။ ပြီးတော့အနီရောင်က ဒေါသ၊ အန္တရာယ်၊ ပြဿနာ အစရှိတဲ့အရာတွေကိုကိုယ်စားပြုတဲ့အတွက် အနီရောင်ကိုမြင်ရင် နှလုံးခုန်မြန်စေတတ်ပြီး အိပ်မပျော်ခြင်းကိုဖြစ်ပေါ်စေပါတယ်။

💜 ခရမ်းရင့်ရောင်
*****************
ခရမ်းရောင်က တီထွင်နိုင်စွမ်းအား၊ အလွန်အကျွံဖြစ်ခြင်း နဲ့ ဆက်နွယ်ပါတယ်။ ဒါကြောင့်ကိုယ်က ခရမ်းရောင်အခန်းထဲမှာအိပ်မယ်ဆိုရင် ကိုယ့်ရဲ့တီထွင်နိုင်စွမ်းအားကိုလှုံ့ဆော်ပေးတဲ့အတွက် အိပ်ပျော်နေတဲ့အချိန် အိပ်မက်တွေအရမ်းမက်တာ၊ အိပ်မက်ဆိုးတွေမက်တာမျိုးကိုကြုံတွေ့ရတတ်ပါတယ်။ ဒါကြောင့်နိုးလာတဲ့အခါမှာ စိတ်ကြည်လင်လန်းဆန်းမှုမရှိ၊ မူးနောက်နေတတ်ပါတယ်။

🖤အမည်းရောင်
****************
အမည်းရောင်ကဘာလို့မသင့်တော်တာလဲဆိုတာမပြောရင် အရင်ဦးဆုံး အမည်းရောင်လို့ ပြောလိုက်ရင် ဘယ်လိုခံစားချက်ကိုမြင်လဲဆိုတာစဉ်းစားကြည့်ပါ။ ဝမ်းနည်းမှု၊ သေဆုံးခြင်း၊ စိတ်ဓာတ်ကျခြင်း အစရှိတဲ့အရာကို အရင်ဆုံးမြင်မိတယ်မလား။ အခုခေတ်မှာ အိမ်အခန်းတွေကိုအမည်းရောင်သုတ်တာတွေခေတ်စားတာမှန်ပေမယ့် ကိုယ်က ဝမ်းနည်းနေတဲ့အချိန်၊ စိတ်ဓာတ်ကျနေတဲ့အချိန် အမည်းရောင်သုတ်ထားတဲ့အခန်းထဲမှာအပန်းဖြေရင် ဝမ်းနည်းမှုကိုပိုဆိုးစေပါတယ်။

🔶 လိမ္မော်ရောင်
****************
လူတွေအများကြီးအုပ်စုလိုက်ရှိတဲ့ထဲမှာဆိုရင် လိမ္မော်ရောင်ဝတ်ထားတဲ့သူကအထင်ပေါ်ဆုံးပါ။ ဒါကြောင့် တစ်ခုခုအရေးပေါ်နဲ့ဆိုင်တဲ့အရာမျိုးတွေဆိုရင် လိမ္မော်ရောင်ကိုအသုံးပြုကြပါတယ်။ လိမ္မော်ရောင်က စိတ်အာရုံကိုဖမ်းစားနိုင်တဲ့ စွမ်းအားရှိတဲ့အတွက် လိမ္မော်ရောင်သုတ်ထားတဲ့အခန်းထဲမှာ ဆိုရင် အိပ်မပျော်ဘဲ မျက်လုံးကြောင်တာမျိုး၊ အိပ်ပျော်သွားရင်တောင် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်တာမျိုးဖြစ်တတ်ပါတယ်။

အပေါ်မှာပြောခဲ့တဲ့အရောင်တွေကတော့ ကိုယ့်အိပ်ခန်းကို မသုတ်သင့်တဲ့အရောင်လေးတွေဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်လည်းကိုယ့်အိပ်ခန်းကို အဲ့အရောင်တွေသုတ်တာမျိုးရှောင်ရင်း ကောင်းသောအိပ်စက်ခြင်းတွေ ပိုင်ဆိုင်နိုင်ကြပါစေဗျာ။

Crd. မှုရင်းရေးသားသူ

Credit..photo// 

ပြန်လည်ကူးယူဖော်ပြပါသည် 

Related Posts