Myanmar House Logo

Myanmar House

မြန်မာ့ အိမ်ခြံမြေများ

Myanmar House Logo

မိမိဝယ်ယူပိုင်ဆိုင်ထားသောမြေအား ကန့်ကွက်လျှောက်ထားပုံ

April 27, 2023 184 views
မိမိဝယ်ယူပိုင်ဆိုင်ထားသောမြေအား ကန့်ကွက်လျှောက်ထားပုံ

ဒီတစ်ခေါက်မှာတော့ ကန့်ကွက်လျှောက်ထားမှု ပုံစံလေးပြောပြချင်ပါတယ်။ ကြိုတင်ကန့်ကွက်လျှောက်ထားချင်တယ်ဆိုရင်တော့ ဌာနမှူး၊မြို့ပြစီမံမံ ခန့်ခွဲ မှုဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီသို့ လိပ်မူပြီး မိမိဝယ်ယူပိုင်ဆိုင်ထားတဲ့မြေအားမည့်သည့်ရက်နေ့တွင် မိမိဝယ်ယူ ပိုင်ဆိုင်ထားကြောင်းနှင့် သည့်အတွက်ကြောင့် အဆိုပါမြေနှင့် စပ်လျဉ်း၍ အခြားသူတစ်ဦး တစ်ယောက်မှ လျှောက်ထားမှုတစ်စုံတစ်ရာ ပြုလုပ်လျှောက်ထားလာပါက ခွင့်ပြုခြင်းမပြုရန်ဟု လက်မှတ်ရေးထိုးလျှောက်ထားနိုင်သည်။


အဆိုပါလျှောက်လွှာနှင့်အတူ ပိုင်ဆိုင်မှုစာရွက်စာတမ်း မိတ္တူများနှင့် လျှောက်ထားသူ၏ မှတ်ပုံတင်မိတ္တူပူးတွဲ၍ ရုံး၌ မူရင်းများပြသရပါမည်။ 
 

ထို့နောက် တိုက်ဆိုင်စစ်ဆေးမှုများပြုပြီး ဌာနမှူးနှင့်တွေ့ဆုံ၍ ခွင့်ပြုချက်ယူရပါမည်။ ခွင့်ပြုချက်ရပါက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၏ စာဝင်စာထွက်ဌာနမှာ လျှောက်လွှာနှင့် ပူးတွဲစာရွက်စာတမ်းများ တင်သွင်းခဲ့ရုံပါပဲ။


စာဝင်စာထွက်မှ ပြောဆိုလိုက်သော စာဝင်အမှတ်လေးကိုလည်း သေသေချာချာ မှတ်သားထားဖို့လိုကြောင်း သတိပေးလိုက်ပါရစေ။ သို့မှသာ နောင်တစ်ချိန် အဆိုပါကန့်ကွက်မှုအား ဖျက်သိမ်းသည်ဖြစ်စေ၊ စုံစမ်းမှုပြုလုပ်သည်ဖြစ်စေ ထိုအဝင်စာအမှတ်ပြောခြင်းဖြင့် လွယ်ကူစွာဆောင်ရွက်နိုင်မှာဖြစ်ပါတယ်

Credit to original uploader

Related Posts