Myanmar House Logo

Myanmar House

Real Estate in Myanmar

နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရေး လိုအပ်ချက်များထုတ်ပြန်ထားပြီး လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထားခြင်းကို ငြင်းပယ်နိုင်ကြောင်း DICA ထုတ်ပြန်

October 17, 2022 157 views
နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရေး လိုအပ်ချက်များထုတ်ပြန်ထားပြီး လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထားခြင်းကို ငြင်းပယ်နိုင်ကြောင်း DICA ထုတ်ပြန်

နိုင်ငံခြားသားများ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရရှိရေး လိုအပ်ချက်များ ထုတ်ပြန်ထားပြီး လက်ရှိချမှတ်ထားသောမူဝါဒများနှင့် ကိုက်ညီမှုမရှိပါက လျှောက်ထားခြင်းကို ငြင်းပယ်နိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA)က ထုတ် ပြန်ထားသည်။

စက်တင်ဘာ ၁၄ ရက်ကစတင်၍ DICA အနေဖြင့် နိုင်ငံခြားသားများ ဗီဇာသက်တမ်း တိုးထောက်ခံချက်ကို အောက်ပါစည်းကမ်းချက်များဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

နိုင်ငံခြားသား ဗီဇာသက်တမ်းတိုးရန် တင်ပြသည့်ကုမ္ပဏီသည် မှတ်ပုံတင်ကာလ (၁) နှစ်ပြည့်ပြီးသည့် ကုမ္ပဏီဖြစ်ရမည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (၂၀၁၇) ကို လိုက်နာရန် ပျက်ကွက်ခြင်းကြောင့် ဆိုင်းငံ့ခြင်း (Suspended) ၊ ပယ်ဖျက်ခြင်း (Struckoff) ခံရသောကုမ္ပဏီများသည် ဥပဒေနှင့်အညီ လိုက်နာဆောင်ရွက်ပြီးနောက် (၁)နှစ် ကြာပြီးမှသာ သက်တမ်းတိုး ထောက်ခံခြင်းများ ဆက်လက်ဆောင်ရွက်ပေးမည်။

ကုမ္ပဏီမှ ဗီဇာသက်တမ်းတိုး ထောက်ခံချက်ရယူလိုသည့် နိုင်ငံခြားသားများအတွက် ၎င်း၏ ဗီဇာသက်တမ်းမကုန်ဆုံးမီ အနည်းဆုံး ရက် ၉၀ မှ ၁၂၀ အတွင်း ကြိုတင်လျှောက်ထားရမည်။ နိုင်ငံခြားသား၏ နိုင်ငံကူးလက်မှတ်သက်တမ်းသည် အနည်းဆုံးခြောက်လသက် တမ်းကျန်ရှိရမည်။

နိုင်ငံခြားသား ဗီဇာသက်တမ်းတိုး လျှောက်ထားရန်အတွက် ကုမ္ပဏီသည် ကုမ္ပ ဏီအချက်အလက်အကျဉ်းချုပ်(Updated Company Extract Form)၊ ကုမ္ပဏီ၏ လက်ရှိဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း၊ လိုင်စင်/ပါမစ်/လုပ်ငန်းအထောက်အထား၊ လုပ်ငန်းစာချုပ်၊ ကုမ္ပဏီဒါရိုက်တာအဖွဲ့၏ နိုင်ငံခြားသားနှင့် ပတ်သက်၍ တာဝန်ယူကြောင်း ခံဝန်ချက်တင်ပြစာ၊ ကုမ္ပဏီသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်များအတွက် အခွန်ထမ်းဆောင်ပြီး မှုနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် အခွန်ထမ်းဆောင်ပြီးမှု (သို့မဟုတ်) စာရင်းစစ်အစီရင်ခံစာ (သို့မဟုတ်) ကြိုတင်ဝင်ငွေခွန်ထမ်းဆောင်ထားသည့် အထောက်အထား (ရှိလျှင်) တင်ပြရမည်၊ သက်ဆိုင်ရာနိုင်ငံခြားသား၏ ခြောက်လအတွင်း ရိုက်ကူးထားသည့် ဓာတ်ပုံ၊ ပညာအရည်အချင်း၊ လုပ်ငန်းကျွမ်းကျင်မှု၊ ပြည်ပတွင်နေထိုင်သည့် အမြဲတမ်းနေရပ်လိပ်စာ (ပြည်တွင်းတွင် နေထိုင်သည့်နေရပ်လိပ်စာ)တို့ ပါဝင်သည့် CV Form ၊ နိုင်ငံခြားသား ဝန်ထမ်း၏ကုမ္ပဏီတွင် တာဝန်ထမ်းဆောင်သည့် ရာထူးနှင့်လုပ်ငန်းတာဝန်များ၊ ပြည်တွင်းနေရပ်လိပ်စာ အပြောင်းအလဲရှိပါက ဌာနသို့အကြောင်းကြားရန်၊ နိုင်ငံခြားသားအနေဖြင့် ဒုတိယအကြိမ်သက်တမ်းတိုးတင်ပြပါက အဆိုပါပုဂ္ဂိုလ်၏ တာဝန်ထမ်းဆောင်ခဲ့ပြီးသည့်ကာလများ၏ လစာဝင်ငွေခွန် ထမ်းဆောင်ပြီးသည့် အထောက်အထားစသည်တို့ကို အထောက်အထားခိုင်လုံစွာ ပူးတွဲတင်ပြရမည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့် ပြုမိန့်/အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသော ကုမ္ပဏီများအနေဖြင့် MOVAS(http://movas.dica.gov.mm) တွင်သာ လျှောက်ထားရမည်။ အွန်လိုင်းဗီဇာ သက်တမ်းတိုးထောက်ခံချက် (Recommendation Letter For Visa Extension) (http://visaonline.dica.gov.mm) သို့ လာရောက် လျှောက်ထားပါက လက်ခံဆောင်ရွက်မည် မဟုတ်ပါ။

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာနသည် တင်ပြလာသော ဗီဇာကိစ္စအပေါ် လိုအပ်သောစိစစ်မှုများ ဆောင်ရွက်သော်လည်း လက်ရှိချမှတ်ထားသော မူဝါဒများနှင့် ကိုက်ညီမှုမရှိပါက ယင်းလျှောက်ထားခြင်းကို ငြင်းပယ်နိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit : Eleven Media Group

Related Posts