Myanmar House Logo

Myanmar House

Real Estate in Myanmar

မကြာခင်ကမှ ကားထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့ SKD/CKD ကားတွေအပါအဝင် JDM လို့လူသိများတဲ့ (ဂျပန်တစ်ပတ်ရစ်) ကားဟောင်းတွေကို အကြောင်းစုံလေ့လာသိရှိနိုင်ဖို့ အားလုံးအတွက် မျှဝေပေးလိုက်ပါတယ်⏬

October 17, 2022 317 views
မကြာခင်ကမှ ကားထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့  SKD/CKD ကားတွေအပါအဝင်  JDM လို့လူသိများတဲ့ (ဂျပန်တစ်ပတ်ရစ်)  ကားဟောင်းတွေကို    အကြောင်းစုံလေ့လာသိရှိနိုင်ဖို့ အားလုံးအတွက်  မျှဝေပေးလိုက်ပါတယ်⏬

မကြာခင်ကမှ ကားထုတ်လုပ်မှုရပ်ဆိုင်းထားတဲ့

SKD/CKD ကားတွေအပါအဝင်

JDM လို့လူသိများတဲ့ (ဂျပန်တစ်ပတ်ရစ်)

ကားဟောင်းတွေကို  

အကြောင်းစုံလေ့လာသိရှိနိုင်ဖို့ အားလုံးအတွက်

မျှဝေပေးလိုက်ပါတယ်⏬

၁ #JDM  ( Japanese Domestic Market )

JDM ဆိုတာ ဂျပန်ပြည်တွင်းသုံးဖို့ သီးသန့်ထုတ် လုပ်ထားတဲ့ ဂျပန်နိုင်ငံစက်ရုံထုတ်ကားများဖြစ်ပြီး၊ သူတို့နိုင်ငံမှာ အသုံးပြုခွင့်မရှိတော့တဲ့ကားများ၊  (တစ်ချို့ဆို) ရေနစ်မြှပ်တာတို့၊ မုန်တိုင်းမိတာတို့ စတဲ့ ကားတွေလည်းရှိပါတယ်။ အားလုံးကိုမဆိုလိုပါ။ အဲ့ဒီလိုမဟုတ်ပဲ ကားကောင်း၊ ကားသန့်တွေကတော့များပါတယ်။ အဲ့ဒီလို ကားမျိုးတွေကို မြန်မာနိုင်ငံက မှာယူတင်သွင်းပြီး အခွန်အမျိုးမျိုးပေးဆောင်စေကာ ယနေ့အချိန်အထိ မြန်မာနိုင်ငံမှာ ကောင်းပါတယ်ဆိုတဲ့ နာမည်တစ်လုံးကိုရရှိထားပြီး မြန်မာနိုင်ငံ ယာဉ်အစီးရေအားလုံးရဲ့ ၇၅% ခန့်ရှိသောကားများမှာ JDM လို့ခေါ်တဲ့ ဂျပန်တစ်ပတ်ရစ် Used ကားများပင်ဖြစ်သည်။ (ဥပမာ- Toyota Mark2 ၊ Honda Fit တို့လိုကားအမျိုးအစားတွေပါ)

၂ #SKD  ( Semi Knock Down )

SKD စနစ်နဲ့ ထုတ်လုပ်တင်သွင်းတဲ့နိုင်ငံတွေကတော့
ဂျပန်၊ တရုတ် နဲ့ ထိုင်း နိုင်ငံတို့လောက်သာရှိနေပြီး
ဂျပန်နိုင်ငံထုတ်ဆို အများသိကြတဲ့ Suzuki ၊ Isuzu တို့လိုကားမျိုးတွေကို ဆိုလိုတာပါ။ ၎င်းကားအမျိုးအစားတွေ ဘယ်လိုပုံစံနဲ့ ထုတ်လည်းဆိုရင် သက်ဆိုင်ရာ နိုင်ငံအလိုက် သူတို့ကားကုမ္ပဏီတွေကနေတဆင့် ထုတ်လုပ်မည့်မော်တော်ယာဉ်တစ်စီးလုံးစာ Parts (အစိတ်အပိုင်း) တွေကို ရေကြောင်းမှတစ်ဆင့် မြန်မာနိုင်ငံကိုတင်သွင်းသယ်ဆောင်လာပြီး ရန်ကုန်မြို့ရှိ သီလဝါ Suzuki Myanmar Co.,Ltd တို့လို ကားစက်ရုံတွေမှာ အစ အဆုံး တစ်ခုချင်းစီ အဆင့်ဆင့် ထုတ်လုပ်တပ်ဆင်ပြီး Showroom တွေကနေတစ်ဆင့် ရောင်းချပေးနေတဲ့ ယနေ့ခေတ် Suzuki Swift၊ Suzuki Ciaz၊ Suzuki Ertiga တို့လို Brand New 0 Km ကားမျိုးတွေပဲဖြစ်ပါတယ်။

၃ #CKD  ( Completely Knocked Down )

CKD ဆိုတာကတော့ SKD လို ကားအစိတ်အပိုင်းတွေကိုပြည်ပကနေတင်သွင်းနေစရာမလိုတော့ဘဲ ဒီနိုင်ငံရှိ သက်ဆိုင်ရာ ကားစက်ရုံတွေမှတင် အစိတ်အပိုင်းအားလုံးထုတ်လုပ်ပြီးတပ်ဆင်နေတဲ့
Brand New ကားအသစ်များပင် ဖြစ်ပါသည်။

၄ #CBU  ( Completely Built-Up )

CBU ဆိုတာကတော့ တစ်ကမ္ဘာလုံးမှာရှိတဲ့ မော်တော်ကားကုမ္ပဏီအားလုံးက ထုတ်လုပ်ရောင်းချနေတဲ့ ( US $ ) ဖြင့်ငွေပေးချေရသော လက်ရှိမြန်မာနိုင်ငံမှာ တင်သွင်းခွင့်ပိတ်ထားတဲ့
ပြည်ပတင်သွင်းယာဉ်လို့ လူသိများကြတဲ့ သိန်းထောင်ကျော်တန်  Brand New ကား အသစ် စက်စက် ကြီးတွေကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။
(ဥပမာ- Toyota Landcruiser ၊ BMW/Marcedes / Audi/ Mazda/ Porsche/ Honda/ Chevrolet တို့လိုကားအမျိုးအစားတွေဖြစ်ပြီး၊ Model အားဖြင့် 2020/2021/2022 Model တွေပဲဖြစ်ပါတယ် )

#Add ရေးသားခြင်း #JDM အကြောင်းအရာအတွက် အတွေးအမြင်ကို ထပ်ရေးသားပါမယ်။
မူလရေးတဲ့ထဲ့မှာလည်း JDM မကောင်းကြောင်းမပါပါဘူး။ အပေါ်က JDM စာပိုဒ်ရဲ့ရေးသားခဲ့ထဲမှာ ( အကြောင်းအမျိုးမျိုးကြောင့် ဂျပန်မှာ အသုံးမပြုတော့တဲ့၊ အသုံးပြုခွင့်မရှိတော့တဲ့ဆိုတဲ့အဓိပ္ပါယ်နဲ့)ကတစ်ခု၊ ဥပမာအနေနဲ့တစ်ခု ရေမြှပ်ကားတွေလည်းပါဝင်တယ်ဆိုတာ နမူနာအနေနဲ့ ရေးသားထားခြင်းပါ။
ဖြစ်စဉ်တွေထဲကတစ်ခုကိုပဲ ယူရေးလိုက်ခြင်းပါ။
ကားအားလုံးရေမြှပ်ပြီး၊ မကောင်းဘူးလို့ မဆိုလိုပါ။ပြောရရင် ရေမြှပ်တဲ့ကားဆိုတာလည်းအမှန်တကယ်ရှိတယ်၊ ကားကောင်းတွေကတော့ ပိုများတာပေါ့။ သိသာအောင်ပြောရရင် မြန်မာနိုင်ငံမှာ ကောင်းပါတယ်ဆိုတဲ့ နာမည်တစ်လုံးရပြီးသား လူသုံးအများဆုံးက JDM ပါလို့ ညွှန်းဖွဲ့ဆိုထားပြီးသားပါ။ ဒီစကားလုံးနဲ့တင် ဂျပန်ထုတ်ကားအားလုံးဟာ ကောင်းတဲ့ကား၊ မကောင်းတဲ့ကား၊ ရေမြှပ်ကား၊ မမြှပ်တဲ့ကားတွေ မည်သို့ပင်ရှိစေကာမူ "တကယ်ကောင်းလို့ တကယ်သုံးနေတာပဲ" လူတိုင်းအသိပေမို့ အများကြီးရေးမနေနဲ့တော့ပဲ အလွယ်ရေးလိုက်တာပါ။ သို့ပေမယ်.....။ အဲ့ဒါတွေအသာထားပြီး ထပ်ပြောပါအုံးမယ်။ JDM ကောင်းကြောင်း ဤPage ကနေ အတော်ကြာတုန်းကလည်းရေးသားခဲ့ဖူးပြီးသားပါ။ ကောင်းမှန်းလည်းသိလို့ရေးသားတာပါ။ သူများ JDM မို့ JDM တာမဟုတ်ဘူး။ JDM ကားလောကမှာ ဘယ်အင်ဂျင်နဲ့ ဘယ်ကားတွေက ပိုပြီးကောင်းတယ်၊ကားအမျိုးစားအလိုက် အင်ဂျင်ကိုဂျပန်ကဘယ်လိုသုံးသွားတယ်၊ ဂျပန်ကားတွေထဲမှာ အအောင်မြင်ဆုံးက ဘယ်ကားတွေလဲဆိုတာရယ်၊ ဘာကြောင့်လူကြိုက်များတာလဲဆိုတာကအစ သိရှိနားလည်ပြီးသားပါ။ မိမိကိုယ်ကို ဂုဏ်ဖော်ရေးသားခြင်းမဟုတ်ပါခင်ဗျာ။ တစ်ခါတည်းပြောလိုက်ပါရစေ JDM ကားမကောင်းကြောင်း ရေးခြင်း ဆိုလိုခြင်းမဟုတ်ပါ။ စာအသွားအလာအရဆို ကောင်းကြောင်းကိုအသားပေးညွှန်းဖွဲ့ထားခြင်းပါ။ တကယ်လည်းကောင်းပါတယ်၊ ကောင်းလို့ကောင်းသတင်းကြီးပြီး ကျော်ကြားနေတာပါ။ ဒီလောက်နဲ့တင်မပြီးသေးပါဘူး JDM အကြောင်းကို အခါအခွင့်သင့်တာနဲ့ ထပ်ပြီးရေးသားဖို့လည်းရှိသွားပါပြီ။ ရေးကိုရေးမှာပါ✍ အပေါ်မှာ ရေးသားခဲ့ JDM စာပိုဒ်မှာတော့ လိုရင်းတိုရှင်းနဲ့ ဥပမာတစ်ခုပေးပြီး ရေးသားခဲ့ခြင်းအပေါ် သဘောထားကွဲမှုများလည်းရှိနိုင်လို့ ထပ်ပေါင်းရေးသားခြင်းပင်ဖြစ်ပါသည်။ မည်သူ့ကိုမျှထိခိုက်နစ်နာစေလိုခြင်းမရှိပါ။ အမှန်တရားအတွက် မှန်တာကိုတော့ ဦးတည်ပြီးရေးသားနေတဲ့ Page တစ်ခုသာဖြစ်ကြောင်း တော်တော်များများသိမြင်မယ်လို့ထင်ပါတယ်။ နောက်လည်း သိလာမယ်လို့မျှော်လင့်ပါတယ်။ လက်ရှိအနေအထားမှာ Page ကနေ စီးပွားရေအရသော်လည်းကောင်း၊ ပြည်သူအားလုံးမျှော်လင့်နေတဲ့ ရောင်ခြည်တစ်ခုကို ပျက်ယွင်းစေသောအကြောင်းအရာမျိုး၊ စိတ်အနှောက်အယှက်ဖြစ်စေတဲ့အရာမျိုး ယနေ့ထိတိုင်မတင်ဘူးသေးပါ။ အားလုံးကို အမှန်တရားအတွက်ရည်ရွယ်ပြီး မသိသေးတဲ့သူများလည်း သိအောင် နားလည်သလောက်ကို အားထားပြီး စေတနာသန့်သန့်ဖြင့် ရေးသားမျှဝေပေးနေခြင်းသာဖြစ်ပါသည်။ အားလုံးရဲ့အတွေ့အကြုံများကိုလည်း လေးစားပါတယ်ခင်ဗျာ။

ဒါဆိုရင် မိမိတို့ စီးနေတဲ့ မော်တော်ယာဉ်ဟာ မည့်သည့်အမျိုးအစားထဲတွင် ပါဝင်တယ်ဆိုတာ သိသွားလောက်ပြီလို့ ထင်ပါတယ်။ ( သိပြီးသားသူတွေလည်း များစွာရှိနေမှာပါ ) ဗဟုသုတအဖြစ် ရေးသားမျှဝေခြင်းသာ ဖြစ်ပါသည်။

အားလုံးကိုချစ်ခင်လေးစားလျှက်

#Crd Vehicle_Like_Myanmar

Related Posts