Myanmar House Logo

Myanmar House

Real Estate in Myanmar

ကားအာမခံထားရှိသော်လည်း လျော်ကြေးမရရှိနိုင်သည့်အချက်များ

October 18, 2022 171 views
ကားအာမခံထားရှိသော်လည်း လျော်ကြေးမရရှိနိုင်သည့်အချက်များ

ကားအာမခံထားရှိသော်လည်း လျော်ကြေးမရရှိနိုင်သည့်အချက်များ

ကားတိုက်မှု့ဖြစ်တယ်။ ကားအာမခံထားလိုက်ရုံလေးနဲ့ အာမခံကုမ္ပဏီက လျော်ကြေးပေးမှာဘဲဆိုတဲ့ အမြင်ရှိရင်တော့ အဲ့အတွေးကို ဖျောက်လိုက်စေချင်ပါတယ်

ထိုးတိုင်းလျော်တဲ့ရွှေဘိုဒိုင် (သို့) လောင်းကစားဒိုင်မဟုတ်တဲ့ အာမခံကုမ္ပဏီများဟာ

ထိုးတာနဲ့ ပေါက်
ပေါက်တာနဲ့လျော် ဆိုပီး မလုပ်ကြပါဘူး။

ကားတိုက်လို့လျော်ကြေးပေါ်ပေါက်ပီဆိုတာနဲ့ အာမခံထားစဉ်က မားကတ်တင်းဌာနက လျော်ပါမယ် လျော်ပါမယ် ဆိုပီး မည်သို့ဘဲပြောခဲ့ပြောခဲ့

Claim Department ဆိုသည့် ဌာနတစ်ခုသည် သက်ဝင်လှုပ်ရှားလည်မည်ဖြစ်ပေသည်

Claim Department မှ အဆိုပါ ကားအား အာမခံကုမ္ပဏီမှ စည်းမျဉ်းစည်းကမ်းနှင့် အညီဘယ်အချက်ကြောင့်လျော်ကြေးမပေးနိုင်သည့် အကြောင်းအရာရှိမရှိကို ရှာဖွေပီး လျော်ကြေးငြင်းဆန်ခြင်းကို ဆောင်ရွက်မှာဖြစ်ပါတယ်

အောက်ပါအခြေအနေတွေဆိုရင်  လျော်ကြေးတစ်ခါမှ ယူမထားဘူးလေ၊ ကားတွေ အများကြီးထားတဲ့ Customer ဆိုပီး၊ FB ဘဲတင်တင်၊ တရားဘဲပြန်စွဲစွဲ အာမခံကုမ္ပဏီက ဂရုလဲစိုက်မှာ မဟုတ်သလို အဖက်လဲ လုပ်မှာမဟုတ်ပါဘူး

AYK ✅
(၁) ကားမောင်းတဲ့လိုင်စင်သက်တမ်းကုန်နေခြင်း (သို့) ယာဉ်မောင်းလိုင်စင်မပါရှိခြင်း

AYK ✅
(၂) ကားလိုင်စင် ( သို့ ) ဝှီးတက် (သို့) ဒစ်စဝိုင်း သက်တမ်းကုန်နေခြင်း

AYK ✅
(၃) မီးနီဖြတ်မောင်းခြင်း

AYK ✅
(၄) တစ်လမ်းမောင်းကိုလမ်းပြောင်းပြန်မောင်းခြင်း

AYK ✅
(၅) အရက်မူးပီး (သို့) လမ်းမလျောက်နိုင်လောက်အောင် မူးခြင်း (သို့) မူးပီးကားမောင်းသည်ကို သိသာစေသော အပြုအမူများပြုမူနေခြင်း

AYK ✅
(၆) မျဉ်းသေအမှတ်သားကို ဖြတ်ကျော်မောင်းနှင်ခြင်း

AYK ✅
(၇) (A) ကုမ္ပဏီတွင် ယာဉ်တိုက်မှု့ (၂) ခါဖြစ်ပီး တစ်ခြား (B) ကုမ္ပဏီသိုပြောင်းလဲရာတွင်

(A) ကုမ္ပဏီတွင် အာမခံထားရှိဘူးကြောင်း လျော်ကြေး (၂) ခါရယူဘူးကြောင်း

(B) ကုမ္ပဏီ ထံသို့ အာမခံထားရှိရာတွင် မပြောမိခြင်း၊ ထိန်ချန်ခြင်း ၊ မရိုးသားခြင်း

AYK ✅
(၈) မြို့တွင်း သတ်မှတ် kilo ထက် ကျော်မောင်း၍ Accident ဖြစ်ခြင်း

အထက်ပါ အဓိကအကြောင်း အရာတွေကို အကြောင်းရှာမရရင်တော့ လျော်ကြေးရရှိမှာဖြစ်ပါတယ်

✅✅ အာမခံထားလျင် ကြားခံ အေးဂျင့်ကိုအသုံးပြပါ

မိမိဘာသာ ကုမ္ပဏီတွင် တိုင်ရိုက် အာမခံထားသည်ထက် ကြားခံအေးဂျင့်တစ်ယောက်မှ တစ်ဆင့် အာမခံထားရှိခြင်းသည် မည်သည့်အပိုကြေးမှ ပေးဆောင်ရခြင်းမရှိတဲ့ အတွက် ကျွမ်းကျင်သောကြားခံအေးဂျင့်တစ်ယောက်အား အသုံးပြပါ။

အေးဂျင့်ဖြင့်အာမခံထားရှိခြင်းဖြင့် Accident ဖြစ်စဉ်များတွင် မိမိဘက်မှ လိုက်ပါကူညီဆောင်ရွက်ပေးမည်သူတစ်ဦးရရှိခြင်း

ချစ်ခြင်းများစွာဖြင့်
#Crd အရည်ကြို

✅✅✅ လျော်ကြေးသေချာပေါက်ရရန် နှင့် အာမခံကုမ္ပဏီနှင့် အငြင်းပွါးရာတွင် အပေါ်စီးမှ နေနိုင်ရန် ယာဉ်တိုက်မှု့ဖြစ်လျင် ဖြစ်စဉ်ကို သေချာစွာ ဓါတ်ပုံသေချာရိုက်ပါ

အထူးမှတ်ချက် -  ကားတိုက်မှု့ ဖြစ်စဉ်ကို ဓါတ်ပုံမရိုက်ထားမိခြင်း၊

ဓါတ်တိုင်နှင့် ကားဝင်တိုက်သော်လည်း ကားနှင့် ဓါတ်တိုင်အားတွဲ၍ ဓါတ်ပုံရိုက်မထားမိခြင်း

( ကာစတန်မာများမှ ကား၏ ဒဏ်ရာများကိုသာ ဓါတ်ပုံရိုက်ထားမိခြင်း)

လူသတ်မှု့တစ်ခုတွင် ဓါးသည် ဘယ်နေရာတွင် လှည့်နေသည် ၊ သေနတ်သည် ဘယ်နေရာတွင် ကျနေသည် ၊

ကားသည် လမ်း၏ အလယ်ကောင်တွင်လား - ဘေးဘက်တွင်လား စသည်ဖြင့် မှု့ခင်းဖြစ်စဉ် အမှား အမှန်ကို မှတ်တမ်း မတင်ထားမိလျင် Case by Case လျော်ကြေးအပြည့်မရှိတော့ဘဲ ငွေကြေးနှုတ်ဖျက်ခြင်းအား ခံရနိုင်မည်ဖြစ်ပါသည်

Photo Credit

Related Posts