Myanmar House Logo

Myanmar House

Real Estate in Myanmar

ကျွန်းပင်အကြောင်း သိကောင်းစရာ

October 20, 2022 1257 views
ကျွန်းပင်အကြောင်း  သိကောင်းစရာ

ကျွန်းပင်အကြောင်း  သိကောင်းစရာ
######################

၁။သိပ္ပံအမည်              Tectona   Grandis
၂။အရောင်                  အကာသား အဖြူ နှင့်
                              အညိုရောင်အနည်းငယ်စွတ်ပြီး 
                              အဝါရောင်ထိရှိ
၃။ ထိတွေ့မှု                အသားကို ကိုင်ကြည့်လျှင်
                               ဆီသုတ်ထားသလိုချောမွေ့
၄။အနံ                          နံသာဖြူ ကရမက် ယူကလစ် ဆီ များကဲ့သို့               
                                 မွှေးကြိုင်သောအနံရှိ
၅။အလေးချိန်                 ရေငွေ့ ၁၅% ပါဝင်သော 
                                 ကုဗ၁ပေအလေချိန် ၄၃ပေါင်ရှိ
၆။အသားအခြေအနေ        သစ်မျှင်ဖြောင့်တန်း မှိုမတက်
                                 ခြမစား ရေစိမ်ခံ

     ကျွန်းပေါက်ရောက်ရာဒေသ
အိန္ဒီယပြည်၊ ဘုံဘေပြည်နယ်အနောက်မှစ မြောက်ဘက် ဟိမဝန္တာတောင်ခြေထိ၊ တောင်ဘက် ကျွန်းဆွယ်အဆုံးကြာဗန်ပြည်နယ်အဆုံး၊အရှေ့ဘက် မြန်မာပြည်၊ယိုဒယားပြည်၊ကမ္ဘောဒီးယားနယ်စပ် ထိပေါက်ရောက်။ မြန်မာပြည်သည်ကျွန်း၏အလယ်တွင်ရှိသောကြောင့် အကောင်းဆုံးနှင့် အကြီးဆုံးကျွန်းပင်များ အများဆုံးထွက်ရှိ။

    ကျွန်းပင်ပေါက်ရောက်မှု့
အောက်မြေဆီလွှာစိမ့်ဝင်နိုင်ပြီးအပေါ်ယံမြေတွင်သဲနှင့်ရွံှပါဝင်သည့် နုံးမြေသည့်ကျွန်းပင်အတွက် အကောင်းဆုံးဖြစ်။
မိုးရေချိန် လက္မ  ၅၀မှ ၁၅၀ ထိ
အပူချိန် ၄၂' စင်တီဂရိတ်မှ ၁၁ဝံ စင်တီဂရိ တ်တွင်ရှိရမည်။
ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၃၀၀၀ ကျော်မြင့်သော တောင်များတွင် ကျွန်းမပေါက်  ။ပေါက်သော်လည်း အရည်အသွေး စံချိန် မမီပါ။

ကျွန်းပင်၏ ထင်ရှားသော အကျင့်စရိုက်
အသင့်အတင့် ကြီးထွားမြန်သောအပင်ဖြစ် သောကြောင့် (Light Demander )လင်းလုပင်သစ်မျိူးဖြစ်သည်။
ကျွန်းသီးများ များစွာသီးလေ့ရှိပြီး  အသီးအတွင်းအစေ့အိမ် ၃အိမ်မှ၄အိမ် ထိရှိ။ အပြင်း၌မာကြောသောအခွံရှိသောကြောငအသေ့အဆန်အားလုံး့်အပင်ပေါက်ရန် ခဲရင်းသည်။
 အောက်မြန်မာပြည်တွင် အထက်ရွက်ပြတ်ရောနှောတောစို  (MUDU)ကြက်သောင်းဝါး တင်းဝါး တို့ပေါက်သည့်နေရာနှင့် အထက်မြန်မာပြည်တွင် ကြက်သောင်းဝါးအစား ဝါးပိုးမျက်ဆံကျယ် ဝါးဖြူနှင့် တင်ဝါး ပေါက်သောနေရာများတွင်း ကျွန်းပေါက်ရောက်ပြီး  ရောနှောပေါက်သောသစ်မျိူးများမှာ  ပျဉ်းကတိုး၊ဂွေး၊ဒီဒူး၊ ထောက်ကြံ့ ၊ရုံး ၊နဘဲ၊ဘင်ဂ ၊ပိတောက်ပျဉ်းမစသည့်သစ်မျိူးများ

အထက်ရွက်ပြတ်ရောနှောတောခြောက်(MDUMD)
အထက်မြန်မာပြည် မျှင်ဝါးပေါက်ရောက်ရာဒေသ အောက်မြန်မာပြည်သိုက်ဝါးပေါက်ရောက်ရာဒေသ များတွင်ပေါက်ရောက် အနည်းငယ်သေးပြီးအသားကျစ်၍ ပိုးမွားဒဏ်ခံနိုင်

အောက်ရွက်ပြတ်ရောနှောတော(LMD)
တောင်းစောင်းများတွင်မတွေ့ရ မြစ်ချောင်းဘေးမြေပြန်များတွင့်ပေါက်လေရှိပြီး  ကျွန်းတစ်မျိူးထည်းစုပေါက်လေ့ရှိသောလည်း အရည်အသွေးမကောင်းပေ။

ကျွန်းစိုက်ခင်း ထူထောင်လိုလျှင်  အကွာအဝေး ၆ပေ×၆ပေ၊ ၉ပေ×၉ပေ  အကွာအဝေးများစိုက်ပျိူးကြပြီး  ၅နှစ်သားအထိ မီးကာကွယ်ခြင်းလုပ်ဆောင်သင့်ပါသည်။
စိုက်ပြီး ၇နှစ်သား အရွယ် တပင်နှင့်တစ်ပင်ရွက်အုပ်ထိသည့်အချိန်တွင်၁ပင်ကျော်၁ပင်ကြား ပင်ကြပ်နုတ်သင့်ပါသည်။   ပထမအကြိမ်ပင်ကြပ်နုတ်ပြီး ၁၅နှစ်သားတွင် ဒုတိယအကြိမ်ပင်ကြပ်နုတ်သင့်ပါသည်။  တတိယအကြိမ်ပင်ကြပ်နုတ်ခြင်းအား အနှစ်၂၀ နှင့် ၂၅ကြားသင့်လျှော်သလို့ ရွှေးချယ်ပင်ကြပ်နုတ်ခြင်းလုပ်ဆောင်သင့်ပါသည်။

ပညာရှင်မဟုတ်သဖြင့် လိုအပ်ချက်များရှိနေပါမည်။ မိမိလေ့လာသင့်ကြားခဲ့သည်များမှ သိသလောက် မျှဝေခြင်းဖြစ်ပါသည်။
ThitNay Chi
ကျွန်းပင်ပျိုးနည်း

ကျွန်စေ့ကို ဂုန်နီအိတ် (သို့)ပိုက်အိတ် နှင့်ထည့်ပြီး ညကိုရေစိမ်ထားကာ မနက်ကျလျှင် နေဖြန့်လှန်းပါ
၇ ရက်ခန့်လုပ်ပါ
၄ လက်မထုရှိသော သဲကြမ်းဘောင်အတွင်း 
လိုင်းဆွဲ၍ အစေ့ချပါ
ပြီးလျှင်အပေါ်ကအစေ့ဖုံးရုံသဲပြန်ဖြူးပါ
ရေလောင်းလျှင်အပေါက်စိမ့်သောရေပန်း
ရေမှုန်ထွက်သောရေပန်းနှင့်သာနေ့လည်တွင်ရေဖြန်းပေးပါ
၂၅ ရက်မှ ၃၀ ရက်အတွင်းအပင်များပေါက်လာမည်
မင်္ဂလာရွက် ၃ရွက်ရှိလျှင်ပျိုးအိတ်အတွင်းသို့
ပြောင်းပါ
အပင်ပေါင်းသောင်းချီပြီးပျိုးခဲ့တဲ့နည်းပါ ၊ သစ်တောသုတေသနကနည်းပါ
မီးရိူ့သောနည်းကရိူ့တာများသွားလျှင်လောင်သွားနိုင်ပြီးရိူ့တာနည်းရင်လဲအပင်ပေါက်နှုန်နည်းပါတယ်။

တနည်း---
ကျွန်းစေ့သည် အခွံ့မာ အစေ့မျိူးဖြစ်သဖြင့် ပျိူးထောင်ရန် စနစ်တကျပျိူးထောင်သင့်ပါသည်။ ကျွန်းမျိူးစေ့ပျိူးထောင်နည်းများအနက်မှ ရေစိမ်နေလှန်းနည်းအားသိသမျှ  ဝေငှပါသည်။
ကျွန်းသီးများအားအအပေါ်ရံအခွံချွတ်ပြီး အခွံမာအသီးများအား  အိတ်ထည်းတွင်ထည့်ပြီး ရေမြုပ်အောင်တစ်ညလုံးစိမ်ပြီး နောက်တစ်နေ့နေပူချိန်နံနက် ၈းဝနာရီ၉းဝနာရီတွင်နေထုတ်လှန်းရပါမည်။နေထုတ်လှန်ပြီး ညနေ ၃းဝနာရီ၄းဝနာရီတွင်အိတ်ထည်းသို့ပြန်ထည့်ပြီး ရေပြန်၍စိမ်ရပါမည်။ ၎င်းအတိုင်းအနည်းဆုံး ၇ရက် ၁၀ရက်ခန့်ပြုလုပ်ရပါမည်။ ရေစိမ်နေချိန်တွင်သဲကြမ်းဘောင်ပြုလုပ်ထားရပါမည်။သဲဘောင်အား အနံ ၄ပေထက်မကျယ်စေပဲပြုလုပ်ရပါမည်။ သဲဘောင်လုပ်မည်မြေနေရာအားပေါင်းမြက်ကင်ရှင်းအောင်အမှိုက်များပုံပြီမီူနာအောင်ရှို့ရပါမည်။၎င်းးနောက်သဲဘောင်အား ၄လက်မခန့် ဘောင်အတွင်းသို့သဲထည့်ပြီး ရေဖြန်းပါ။ ထိုနောက် ရေစိမ်နေလှန်းပြုလုပ်ထားသောသစ်စေ့များအားဘောင်အတွင်းသို့မြုပ်ယုံထည့်ပြီး သဲဖုန်း၍ရေဖြန်းပါနေပူချိန်တွင်ရေနေစဉ်ဖြန်းပေးရပါမည်။ နောက်အကျဆုံ၂၁ရက် ရှိလျှင် ကျွန်ူစေ့များအစေ့ရွက်ပေါက်လာပါမည်။

အစေ့ရွက် ၂ရွက်ထွက်လျှင်ပျိူးအိတ်ထည်းသို.ကူးနိုင်ပါ     ပြီ  ။        ု

ပုဂ္ဂလိက  သစ်တောစိုကခင်းတည်ထောင်သူများအနေဖြင့်  စိုက်ခင်းတည်ထောက်တော့မယ်ဆိုရင် ဘာအရေးကြီးဆုံးလည်းလို့မေးနေကြလို့  ဖြေပေးလိုက်ပါတယ်။
၁။   မြေနေရာရွေးခြယ်ခြင်း
၂။ ရရှိထားသောမြေအမျိူးစားနှင့်သင့်လျှော်သော  သစ်မျိူးများကိုသာရွေးချယ်စိုက်ပျိူးခြင်း
၃။  မျိူးစေ့စုဆောင်းရာတွင် အောင်လုံ ကောင်းမွန်သော အပင်များ နှင့် သစ်စေ့ထုတ်ဧရိယာများမှ  မျိူးစေ့များကိုပျိူးထောင်ခြင်း။
၄။  တောင်ယာခုတ်ခြင်း  တောရှင်းခြင်းအား  ဒီဇင်ဘာလမှစ၍  ဇနဝါရီလကုန်  သို့ ဖေဖဝါရီ ၁၅ ရက်ထက်   နောက်မကျစေပဲ  တောခုတ်ရပါမည်။
၅။  တောင်ယာခုတ်စနေစဉ်မိုးဦးကျအပင်စိုက်ပျိူးနိုင်ရန်ပျိူးဥယာဉ်ကိုတပြိုင်တည်းဆောင်ရွက်ပျိူးထောင်ရ
ပါမည်။
၆။  တောခုတ်ပြီးနေလှန်ချိန်  ၁လကောင်းစွာရပြီး  မတ်လ  နောက်ဆုံးအပတ်တွင်မီးရှို့ခြင်းလုပ်ငန်းကို  လုပ်ဆောင်ရပါမည်။
၇။   တောင်ယာရှို့ပြီး မီးလောင်ချက်မကောင်းသော သစ်ကိုင်းအစအနများကို  မီးလောင်ပြီး မီးငြိမ်အေးသွား  ချိန် ၁ပတ်အကြာတွင် စုပုံ မီးရှို့ကျွန်းခွေခြင်းဆောင်ရွက်ရပါမည်။
၈။  တောင်ယာခုတ်စဉ်နှင့်ကျွန်းခွေစဉ် လိုအပ်သောပန္နက်အရေအတွက်အားစုဆောင်ထားရပါမည်။
၉။  ကျွန်းခွေခြင်းလုပ်ငန်း  ပြီးဆုံးချိန်  ၅လပိုင်းပထအပတ်နှင့်ဒုတိယအပတ်တို့တွင်ပန္နက်ရိုက်ခြင်းလုပ်ငန်းကို  သတ်မှတ်ထားသည့်အကွာအဝေးအတိုင်း ဖြောင့်တန်းစွာ  ရိုက်မှက်ရပါမည်။ပျိူးဥယျာဉ်မှအပင်များကို  ချမစိုက်မီ  အပင်များသန့်ခြင်း အမြစ်ဖြတ်ခြင်း  နေရောင်ပေးခြင်း ရေဖြတ်ခြင်း စသဖြင့်အပင်များ  ခံနိုင်ရည်ရှိအောင်ကြိုတင်လုပ်ဆောင်ထားရပါမည်။
၁၀။ ကျင်းတူးလုပ်ငန်းဆောင်ရွက်မည်ဆိုလျှင် မေလကုန်အပြီးဆောင်ရွက်ရပါမည်။
၁၁။  မိုးရွာပြီးမြေအစိုဓာတ်ရသည့်နှင့်အပင်များ မြေလုံးမကွဲအောင် စနစ်တကျသယ်ယူစိုက်ပျိူးရပါမည်။
၁၂။ စိုက်ပျိူးပြီးအပင်များအမြစ်စွဲပြီး ၁လသား ရှိလျှင် ပေါင်းရှင်းမြေသြဇာကျွေးခြင်းကို  ၃ကြိမ်  ပြုလုပ်ဆောင်ရွက်ရပါမည်။
၁၃။  အောက်တိုဘာလပိုင်း  နှင့် နိုဝင်ဘာလပိုင်းတွင်စစ်ဆေးရေးလမ်းဖောက်လုပ်ခြင်းများဆောင်ရွက်ရပါမည်။
၁၂လပိုင်းတွင် မီးတာလမ်းဖောက်လုပ်ခြင်း၊မီးကာကွယ်ခြင်းနှင့်အတူ သေပင်ရှင်ရေတွက်ခြင်း များပြုလုပ်  ထားရပါမည်။
၁၄။ မီးကာကွယ်ခြင်းလုပ်ငန်းအား ဇနဝါရီလမှ မေလကုန်မိုးရွာသည်အထိမီးစောင့်များခန့်ထားပြီး   ဆောင်ရွက်ရပါမည်။အောင်မြင်သောစိုက်ခင်းဖြစ်ဖို့အတွက်  ဘယ်အချက်အရေးကြီးဆုံးလည်းဆိုတော့  အထက်ဖော်ပြပါအချက်များအားလုံးအရေးကြီးပါတယ်။

#ADMIN တင်ခွင့်ပြုပါ#
စီးပွားဖြစ် သစ်တောစိုက်ခင်းတည်ထောင်နည်း    
သောင်းညွန့်သစ်(အမျိုးသားစာပေဆုရ)စာအုပ်မှမှီငြမ်း၍ထပ်ဆင့်ဖော်ပြပါသည်။  မန်ဂျန်ရှား(Acacaia Mangium)
မူရင်းဒေသ~ အင်ဒိုနီးရှား၊သြစတြေးလျ၊၊ပါပူပဝါနယူးဂီနီ၊
ပြန်နှံဒေသ- မလေးရှား၊ထိုင်း၊ဗီယက်နာမ်၊တောင်အာဖရိက၊မြန်မာ 
အကြီးမြန်ပြီး၊စက်မှူကုန်ကြမ်း ၊မြန်မာနိုင်ငံ ၁၉၇၀ မလေးရှားနိုင်ငံမှ စတင် ယူဆောင်လာ။၁၉၉၇-၉၈ ဂျပန်နိုင်ငံမှ နီပွန်စက္ကူ ထုတ်လုပ်ရေးကုမ္ပဏီနှင့် မြန်မာနိုင်ငံသစ်တော ဌာန တို့ပူးပေါင်းပြီးစိုက်ခင်းတည်ထောင်ခဲ့ပါသည် ပြည်တွင်းပြည်ပ ဈေးကွက်ကောင်းရှိသဖြင့်စီးပွားဖြင့်စိုက်သင့်သော သစ်မျိုးဖြစ်ပါသည်။ သစ်တောအဖြစ်မြပြီး မြန်မာပြည်ရေမြေရာသီဥတုနှင့်ကိုက်ညီသည်၊ပင်စည်လုံးကြီးမားသည်ဖြောင့်တန်းသည်။အမြင်ပေ ၇၀မှ ၁၀၀ပေအထိကြီးထွားသည်။ စိုက်ပျိုးပြီးတစ်နှစ်အတွင်း ၁၀ပေမှ၁၅ပေခန့်ထိတက်သည်၊၄နှစ်မှ၆နှစ်အတွင်း ရင်စို့တစ်ပေကျော်ထိ ကြီးပြီးလအမြင့်ပေ ၂၀ ထိရှိသည် ၈နှစ်သားကြီးထွားမှူနှေးကွေးသွားပြီး ၁၅နှစ်တွင်လုံးပတ် ၃ပေ ခန့်ထိနှင့် အမြင့်ပေ ၇၀မှ ၁၀၀ပေထိ ရောက်ရှိပြီး ကြီးထွားမှူ ရပ်တန့်သွားလေ့ရှိသည်။ ၁၀နှစ်သားခန့်မှစ၍ သစ်ခွဲနိုင်သည်။ ၆နှစ် ၇နှစ် သားခန့်တွင်စက္ကူပျော့ဖတ်ကုန်ကြမ်းထုတ်လုပ်နိုင်သည် ။

အကျိုးအမြတ်တွက်ချက်မှူ
အရွယ်ရောက်ပြီး ၃ပင်၄ပင်မှသစ်ပျမ်းမျှ တစ်တန် ထွက်ရှိနိုင်သည့်တစ်ဧက အပင်၅၀၀ခန့်တွင် ပျမ်းမျှသစ် ကုဗတန် ၁၂၀ထွက်နိုင်သည် တစ်တန် ၅သိန်းနှူန်းတွက်ပါက တဧက သိန်း၆၀၀ ရနိုင်သည်။ မန်ဂျန်စိုက်ခင်း ၁၀နှစ်သားတစ်ဧက ကုန်ကျစရိတ် ကျပ်သိန်း၁၀၀ခန့် ၁၀နှစ်သား သစ်တန် ၁၂၀ × ၅သိန်း ဈေးဖြင့် ရငွေပေါင်းသိန်း၆၀၀ အသားတင်အကျိုးအမြတ် ၁၀နှစ်သား တစ်ဧက သိန်း၅၀၀ စာရေးသူမှ ၂၀၁၂ ၏ကုန်ကျငွေ သစ်တန်ဖိုးခန့်မှန်းထားခြင်းဖြစ်ပါသည်။ စီးပွားဖြစ်သစ်တောစိုက်ခင်းတည်ထောင်နည်း သောင်းညွန့်သစ် (အမျိုးသားစာပေဆုရ)စာအုပ်အားမှီငြမ်းကိုးကားတင်ပြပါသည် ဖတ်ရှူလေ့လာသူများကို ကျေးဇူးတင်လျက်

ရှင်အောင် စိုက်ပျိုး ၊ ကြီးအောင် ပြုစု ၊ မြဲအောင် ထိန်းသိမ်း"
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx 
(၁) သစ်မျိုးရွေးချယ်ခြင်း။ 
စိုက်ပျိုးမည့် နေရာဒေသ၊ ရာသီဥတုနှင့် မြေအမျိုးအစားပေါ် မူတည်၍ ကိုက်ညီမည့်သစ်မျိုးအား ရွေးချယ်စိုက်ပျိုးသွားရမည်ဖြစ်ပါသည်။ သစ်တောဦးစီးဌာန လူထုဖြန့်ပျိုးဥယျာဉ်များတွင် ပျိုးထောင်ထားရှိသော ပျိုးပင်များကိုလည်း အခမဲ့ ရယူနိုင်မည်ဖြစ်ပြီး ပျိုးဥယျာဉ်မှ ပျိုးပင်အား စိုက်ပျိုးမည့်နေရာသို့ စနစ်တကျ သယ်ယူရန် လိုအပ်ပါသည်။

(၂) မြေပြုပြင်ခြင်း 
(က)   ပန္နက်ရိုက်ခြင်း။ စိုက်ပျိုးမည့် သစ်မျိုးနှင့် မြေနေရာရရှိမှုပေါ်မူတည်ပြီး ပန္နက် အကွာအဝေး (၆' X ၆')  သို့မဟုတ် (၉' X ၉') သို့မဟုတ် (၁၂' X ၁၂') သို့မဟုတ် (၁၅' X  ၁၅') ပန္နက်ရိုက်မှတ်ရပါမည်။  တစ်ဦးချင်းစိုက်ပျိုးခြင်းဖြစ်ပါက ပန္နက်ရိုက်မှတ်ရန် မလိုအပ်ပါ။
( ခ)  မြေလုံးတင်ခြင်း/ကျင်းတူးခြင်း။ ရေဝပ်သည့်နေရာများတွင် စိုက်ပျိုးပါက စိုက်ပင်များ ရေဝပ်သေကြေ  ပျက်စီးမှု မရှိစေရေးအတွက် ပျိုးပင်စိုက်ပျိုးမည့် မြေနေရာတွင် လုံ လောက်သော မြေကိုစုပုံ၍  မြေလုံးတင်ခြင်း၊ တောင်ပေါ်/မြေပြန့်နှင့် အပူပိုင်းဒေသ နေရာများတွင် စိုက်ပျိုးသည့်အပင်များလျင်မြန်စွာ  ရှင်သန်ကြီးထွား ဖွံ့ဖြိုးစေရန် အတွက် ကျင်းတူးခြင်း၊ ရေစီးရေလာမကောင်းမွန်သောနေရာများတွင်  ရေနုတ်မြောင်း ဖော်ခြင်း ဆောင်ရွက်ရပါမည်။
( ဂ)  မြေဆီသြဇာထည့်ခြင်း။ စိုက်ပျိုးမည့် မြေအတန်းအစားပေါ်မူတည်၍ နွားချေး ၊ မြေဆွေးရောစပ်၍  မြေအစားထိုးပြုပြင်ဆောင်ရွက်ရပါမည်။

(၃) စိုက်ပျိုးခြင်း
(က)  ပျိုးအိတ်ခွဲခြင်း။ ပျိုးပင်များ မြေချမစိုက်ပျိုးမီ ပျိုးအိတ်(ပလပ်စတစ်အိတ်)ကို မြေလုံးကျစ်လစ်စေရန်  လက်ဖြင့်ညှစ်ပြီး အိတ်၏ တစ်ဖက်တစ်ချက်ကို ဓါးဖြင့်ခွဲ၍ ပျိုးပင်မြေလုံးမကွဲအောင် သေချာစွာ ဂရုစိုက်၍ 
ပလပ်စတစ်အိတ်အား ဆွဲချွတ်ဖယ် ထုတ်ရပါမည်။
( ခ)  စိုက်ပျိုးခြင်း။ မြေလုံးနှင့်ပျိုးပင်အား မြေကျင်းထဲသို့ မြေချစိုက်ပျိုးရာတွင် မြေလုံးမကွဲစေရန် ဂရုပြုရပါမည်။  မြေပြန်လည်ဖို့ရာတွင် လေဟာမှု မရှိစေရန် စိုက်ပင် ဘေးမှ ပြန်ဖို့သောမြေကိုသိပ်အောင်လက်နှစ်ဖက်ဖြင့်   သေချာစွာဖိပေးရန် လိုအပ်ပါ မည်။ ပျိုးအိတ်မြေလုံးကို မြေပေါ်သို့ ပေါ်မနေစေရန်နှင့် ကျင်းအတွင်းသို့  များစွာမြုပ် မနေစေရန် သတိပြုရပါမည်။

(၄) ပြုစုထိန်းသိမ်းခြင်း
(က)  အမာခံတိုင်စိုက်ထူခြင်း/ခြံစည်းရိုးကာရံခြင်း။ စိုက်ပျိုးပင်များ လေတိုက်ခတ်မှု ကြောင့် ပျိုးပင်များလဲပြိုခြင်း၊  ကျိုးပဲ့ပျက်စီးခြင်း မရှိစေရေးနှင့် ကျွဲ၊ နွား တိရစ္ဆာန် တို့၏ အန္တရာယ်မှ ကာကွယ်နိုင်ရေးအတွက် အမာခံ  တိုင်စိုက်ထူ၍ တွဲချည်ခြင်း၊ တစ်ပင်ချင်း (သို့) အပင်အစုလိုက်အား ခြံစည်းရိုး ကာရံခြင်း  ဆောင်ရွက်ရပါမည်။
( ခ)  ပေါင်းသင်ရှင်းလင်းခြင်း။ စိုက်ပင်များ မြေသြဇာ၊ အစိုဓါတ်နှင့် အလင်းရောင် ပိုမို ရရှိစေရန်၊  ပိုးမွားဖျက်စီးမှုအန္တရာယ် လျော့နည်းစေရန်နှင် နှင့် ရှင်သန်ကြီးထွားမှု ကောင်းမွန်စေရန် ၎င်းတို့နှင့်အတူ  ရောနှောပေါက်ရောက်နေသည့် အခြားမလိုလား အပ်သော အပင်များ၊ ပေါင်းပင်များအား တစ်လ  တစ်ကြိမ်ခန့် ရှင်းလင်းခြင်း ဆောင် ရွက်ရပါမည်။
( ဂ)  မြေတောင်မြှောက်ခါးဆွခြင်း။ လေဝင်လေထွက် ကောင်းမွန်စေပြီး အပင်ရင်း ရေဝပ်ခြင်းမှ  ကာကွယ်နိုင်ရန်၊ မြေအတွင်း အဏုဇီဝ ပိုးမွှားများ၏ လှုပ်ရှားမှုအား ပိုမိုကောင်းမွန်စေရန်နှင့်  အမြစ်အဖွဲ့အစည်း တိုးတက်ကြီးထွားစေပြီး အစာ ပိုမိုစုတ်ယူ စားသုံးနိုင်ရန်အတွက် အပင်၏  တစ်ထောင်ပတ်လည်မှ မြေတောင်မြှောက်ခါးဆွခြင်း ကို မိုးရာသီအတွင်း ဆောင်ရွက်ရပါမည်။
(ဃ)  မြေသြဇာကျွေးခြင်း။ စိုက်ပင်များ အမြစ်စွဲချိန်တွင် ပေါင်းရှင်းခြင်း၊ မြေတောင် မြှောက်ခါးဆွခြင်း  လုပ်ငန်းများနှင့်အတူ မြေဆီသြဇာကျွေးခြင်းအား တွဲဖက်ဆောင် ရွက်ရပါမည်။ သဘာဝမြေသြဇာပြုလုပ်၍  အသုံးပြုပါက ရေရှည်တွင် မြေအဆင့် အတန်း ပိုမိုကောင်းမွန်မည် ဖြစ်ပါသည်။
( င)  သေပင်ဖာထေးခြင်း။ စိုက်ပင်များအားလုံး ရှင်သန်စေရေးအတွက် တစ်ပင်သေ တစ်ပင်ဖာစနစ်ဖြင့်  သေပင်များအား အစားထိုး ဖာထေးစိုက်ပျိုးရပါမည်။ 
( စ)  ရေလောင်းခြင်း/အစိုဓါတ်ထိန်းခြင်း။ မိုးနှောင်းကာလ အစိုဓါတ် လျော့နည်းလာချိန်/ ပူပြင်းခြောက်သွေ့  ချိန်များတွင် စိုက်ပင်များ ရှင်သန်နိုင်ရေးအတွက် ရေလောင်းခြင်း၊ ရေအစက်ချခြင်း၊ မြေအစိုဓါတ်ကို  ထိန်းပေးနိုင်ရန် စိုက်ပင်၏ ပတ်လည်တွင် ပေါင်း သင်ရှင်းလင်းလိုက်သော အပင်များနှင့်  ဖုန်းအုပ်ကာကွယ်ပေးခြင်း ဆောင်ရွက်ရ ပါမည်။
(ဆ)  မီးကာကွယ်ခြင်း။  ပူပြင်းခြောက်သွေ့ချိန်တွင် စိုက်ပင်များ မီးလောင်ခြင်းမှ ကာ ကွယ်နိုင်ရန်  မီးတားလမ်းဖောက်လုပ်ခြင်း၊ လောင်စာအမှိုက်များ ရှင်းလင်းခြင်းစသည် ဖြင့် မီးအန္တရာယ်မှ  ကာကွယ်စောင့်ရှောက်ရပါမည်။

#ကျွန်းစေ့အပင်ဖေါက်ခြင်း
ကိုဇင် အဓိပတိပစ္စယောစိုက်ပျိုးရေးနည်းပညာ အခမဲ့ဝန်ဆောင်မှုအဖွဲ့
ကျွန်းစေ့ အပင်ဖောက်ခြင်း
*******************************

ညီငယ်တစ်ယောက်က ကျွန်းစေ့အပင်ဖောက်နည်း မေးလာတယ် ...
သူတို့ဒေသပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက် ကျွန်းပင်တွေစိုက်ဖို့ တာစူနေကြပြီတဲ့ ...
ဒါပေမယ့် တစ်သက်လုံးလက်နက်ကိုင်လာရတာဖြစ်တော့ ကျွန်းစေ့တွေ အပင်ဖောက်ဖို့ နည်းစနစ်ကောင်းကောင်းမသိဘူးတဲ့ ...
အမှန်အတိုင်းဝန်ခံရရင် ကျနော်လည်း ကျွန်းစေ့ကို အပင်မဖောက်ဖူးဘူး ...
သို့သော် ကျွန်းစေ့ကို အပင်ဖောက်ရတာ အချိန်ကြာတယ် ....
အခွံမာသီးဖြစ်လို့ စိတ်ရှည်ရတယ် ...
အပင်ပေါက်ချိန်မတိုင်သေးဘဲ အတင်းဖောက်လို့ မရဘူးဆိုတာလောက်ပဲ သိပါတယ် ...

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့နော် ...
အင်တာနက်အားကိုး ... စာအုပ်မျိုးစုံအားကိုးနဲ့ အကောင်းဆုံးအကြံဉာဏ်ပေးချင်ပါတယ် ....

အိန္ဒိယမှာတော့ ကျွန်းကို တစ်သျှူးမျိုးပွားနည်းနဲ့ အပင်လွယ်လွယ်ကူကူရအောင် လုပ်နေတာကြာပြီလို့ဆိုပါတယ် ...
ကျနော်တို့မြန်မာနိုင်ငံမှာတော့ ဂရိတ်ဝေါကုမ္ပဏီက ယူကလစ်တစ်သျှူးမျိုးပွားနည်းနဲ့ ပျိုးပင်ပေါက်တွေထုတ်ရောင်းပေးနေပြီး ... နောင်လေးနှစ်ကြာတဲ့အခါ ပြန်ဝယ်တယ်လို့ ဆိုတာပါတယ် ...

ကျွန်းစေ့မျိုးကောင်း
*********************
ကျွန်းစေ့မျိုးကောင်းရဖို့ဆိုရင် အပင်သက်တမ်းအလယ်အလတ်ရှိတဲ့ (၁၀ နှစ်အထက်) ကျွန်းပင်တွေက သဘာဝအတိုင်ကြွေကျတဲ့အသီးမှသာ ကျွန်းပင်ဖောက်တဲ့အခါ အောင်မြင်မှုပိုများပါမယ် ...
သက်တမ်းနုတဲ့ကျွန်းပင်ကမျိုးစေ့ဆိုရင် ပေါက်နှုန်းမကောင်းသလို အပင်အရည်အသွေးလည်းညံ့ပါလိမ့်မယ်တဲ့ ...
ပင်စည်ဖြောင့်ဖြောင့် လုံးပတ်ဝိုင်းဝိုင်း မိခင်ကျွန်းပင်ကအစေ့မျိုးဆို ပိုကောင်းပေါ့ ...
ဗန်မော် ကသာဖက်က ကျွန်းပင်တွေကျတော့ ကျွန်းဝလုံးလို့ပြောရလောက်အောင် ဝိုင်းစက်နေတတ်ပါတယ် ...
ပြည်ဖက်က ရွှေကျွန်းတော ကျွန်းမျိုးဆိုတာလည်း နာမည်ကြီးပါတယ် ...
အုတ်အတွင်းအနောက် ပဲခူးရိုးမ ကျွန်းမျိုးလည်း နာမည်ရပါတယ် ...
ဒါကြောင့် ကျွန်းမျိုးစေ့ကောင်းရဖို့ဆိုရင် စိတ်ကြိုက်အပင်တွေဆီက ကိုယ်တိုင်ရှာဖွေစုဆောင်းနိုင်ရင်စုဆောင်းပါ ...
တဆင့်ဝယ်မယ်ဆိုရင်လည်း အာမခံချက်ရှိပြီး ကျွမ်းကျင်တဲ့ မျိုးစေ့စုဆောင်းရောင်းချသူများဆီက ဝယ်ပါ ...
သစ်တောဌာန ကျွန်းသစ်စေ့ထုတ်ခြံလို နေရာမျိုးတွေနဲ့ ဆက်သွယ်ဝယ်ယူပါတဲ့ ...

အပင်ဖောက်ခြင်း
*******************
ကျွန်းစေ့ကြွေကျပြီးပြီးချင်းမှာ အပင်ဖောက်မယ်ဆိုရင် အထဲကအစေ့ဆံဟာ အပင်ပေါက်လာဖို့ အလုပ်မလုပ်သေးတဲ့အတွက် အချိန်ပိုကြာသွားပါလိမ့်မယ် ... ဒါမှမဟုတ် အစေ့တွေ အလဟသ ဖြစ်ကုန်ပါလိမ့်မယ်တဲ့ ...
ဒါကြောင့် အပင်ကကြွေပြီး သုံးလကျော်လောက်သက်တမ်းရှိတဲ့ ကျွန်းစေ့ကိုသာ မျိုးဖောက်ပါတဲ့ ...
ဒါကြောင့် စုဆောင်းရလာတဲ့ ကျွန်းစေ့တွေကို သန့်ရှင်းရေးလုပ်ပါ ...
အလုံးအဖန်လှပြီး အဝန်းကောင်းတဲ့ အစေ့တွေကို စနစ်တကျရွေးချယ်ပါ ...
အလှေးအမွှား အဖျင်းအမှော်တွေ ဖယ်ပစ်ပါ ...
ဒါပေမယ့် လွှင့်မပစ်နဲ့ ရေမစိုမခြောက်နေရာမှာ ဖြန့်ခင်းပစ်ထားလိုက်ပါ ...
နောက်တော့ ပယ်တဲ့ထဲက အပင်ပြန်ပေါက်ပါသေးတယ် ...
ဒီလိုသန့်စင်ရွေးချယ်ပြီးသား ကျွန်းသစ်စေ့တွေကို တစ်ညရေစိမ် တစ်နေ့နေလှမ်း (နေ့ခင်းမှာ နေလှန်း ညခင်းမှာ ရေစိမ်) စသည်ဖြင့် ဒီနည်းစဉ်အတိုင်း ၂ ပတ် (၁၄ ရက်) ကျော်လောက် လုပ်ရပါလိမ့်မယ် ...
ဒါပေမယ့် အညှောင့်ထွက်လာဦးမှာမဟုတ်ဘူး ...
ဒီလို ၂ ပတ်လောက် ရေစိမ်နေလှမ်းလုပ်ထားတဲ့ ကျွန်းစေ့တွေကို ပျိုးခုံပေါ်တင်ရပါတော့မယ် ...
သဲကြမ်းနဲ့ ဖွဲပြာ ဆတူရောထားတဲ့ ပျိုးခုံပေါ်ကို အစေ့တွေ တစ်စေ့နဲ့တစ်စေ့ မထပ်အောင် ဖြန့်ခင်းပါ ...
နောက် ဖွဲပြာ ၁ လက္မလောက် ကျွန်းစေ့တွေပေါ်က အုပ်ပေးပါ ...
ဖွဲပြာသုံးရတဲ့အကြောင်းရင်းက ဖွဲပြာက အဆွေးမြန်စေတဲ့ဂုဏ်သတ္တိရှိလို့ပါ ...
ကျနော်တို့ ကွမ်းသီးတွေ အပင်ဖောက်ရင် ဒီနည်းလည်းသုံးပါတယ် ...
တချို့ကျတော့ ကျွန်းစေ့တွေမြန်မြန်အပင်ပေါက်အောင် ခြတောင်ပို့ထဲထည့်ပြီး အပေါ်ခွံပါးသွားအောင် စားခိုင်းပစ်တယ် ...
နည်းမှားလို့ထင်ပါတယ် ...
ဒီတော့ ပျိုးခုံပေါ်တင်ပြီး ဖွဲပြာပါးပါးအုပ်ထားတဲ့ မျိုစေ့တွေပေါ် ညနေခင်းမှာ ရေတောက်လျှောက်လိုက်ပေးပါ ...
၁၀ ရက်ကနေ ၁၅ ရက်အတွင်းမှာ Sowing ပြပါလိမ့်မယ် ...
ဆိုလိုတာက ကျွန်းသီးတွေကွဲအက်ပြီး အညှောင့်စို့ထွက်လာပြီပေါ့ ...
ဒီတော့မှ ပျိုးထောင်အိတ်ထဲ ပြောင်းထည့်ပြီး ပုံမှန်သစ်ပင်တွေပျိုးသလို ရေလောင်းပြုစု လုပ်သွားရုံပါပဲ ...

ဒါကတော့ ကျွန်းစေ့အပင်ဖောက်ရုံသက်သက်ပဲပြောတာဖြစ်ပါတယ် ...
ကျွန်းက မြန်မာပြည်မှာပေါသလောက် မာယာများတဲ့သစ်ပါ ...
ကျနော်တို့ များများစိုက် များများလေ့လာရင် သူ့ရဲ့မာယာက ကျနော်တို့လက်အောင် ပြားပြားမှောက်ရောက်လာရမှာပေါ့ဗျာ ...
ကျွန်းသစ်စိုက်ပျိုးသူများ တိုးတက်အောင်မြင်ကြပါစေ ...

ကိုးကား မေးမြန်း လေ့လာ -
ကိုကျော်ထွန်းဝင်း (နံ့သာဖြူ၊ နံ့သာနီ၊ လျှော်ဖြူ၊ ကျွန်း စိုက်နည်းပျိုးနည်း)
ကိုထင်လင်းအောင် (သစ်နေခြည် ပျိုးဥယျဉ် တပ်ကုန်းမြို့)
ကိုကျော်ထင်လတ် (လက်ပံခုံ သစ်တောသင်တန်းကျောင်းနှင့် မျိုးစေ့ထုတ်ခြံ၊ အုတ်တွင်း)
ကိုစိုးဝင်း (ရေးဆင်းတက္ကသိုလ်)

ကျွန်းမျိူးစေ့များ  အပင်  ဖောက်ခြင်း  အလွဲမှားများ

ကျွန်းမျိူးစေ့အပင်  ဖောက်ရန်အတွက်    ကောင်းမွန်  အောင်လုံသောမျိူးစေ့ ရရှိယုံနှင့်မပြည့်စုံပါ။ အချိန်ရာသီ မှန်ပျိူးထောင်တက်ဖို့ လည်းအဓိက ကြပါတယ်။ 
၁။ လွဲှမှားနေသည့်အယူအစများ
ကျွန်  တော်  ကိုယ်တိုင်   နှစ်အတော်ကြာ မျိူးစေ့ရွှေးချယ်မှု့နှင့်  အချိန်ရာသီ  ရွေးချယ်မှု့ အမှား များကိုအမှန်ထင်ပြီးလုပ်  ဆောင်  နေခဲ့သည်များကို  အတွေ့အကြုံအရ ပြန်လည်စမ်းစစ်သည့်အခါ ချိူ့ယွင်းချက်အတော်များများကို  တွေ့ရှိခဲ့ ရပါသည်။
၁။ မျိူးစေ့ရွေးချယ်မှု့  မှားယွင်းခြင်း
ကျွန်းပွင့်  သည်   အပွင့်ပွင်ချိန်မှ  ၆လခန့်ကြာသည့်အခါ  ကောင်းစွာ ရင့်မည့်သောအသီးများ ရရှိပါသည်။  မြန်မာနိုင်ငံတွင်များသောအားဖြင့် ၂လပိုင်း  အချိန်  တွင်  ကောင်းစွာရင့်မှည့်ကြပါသည်။ ကျွန်း  စေ့သည့်အစေ့အိမ်  ပေါ်တွင်  ဖော့သဏ္ဏန်အခွံမာတစ်ထပ်ပါရှိပြီးအခွံမာအထက်မှအခွံအိတ်ဖြင့်ဖုံးအုပ်ထားပါသည်။
ကျွန်းစိုက်ခင်းတည်  ထောင်နိုင်  ရေးအတွက်   အများအားဖြင့် သူထက်ငါကျွန်းမျိူးစေ့များကိုမှာယူပျိူးထောင်ကြပါသည်။  လတ်ဆတ်  သောမျိူးစေ့များရရှိရေးနှင့် အချိန်မှီစိုက်ပျိူးနိုင်  ရေးဦးစားပေးပြီး ဒီဇင်ဘာလတွင်  ပျိူးထောင်နိုင်မှသာ ၆လပိုင်းမိုးနှင့်အတူ ၅လသား ၆လသားပျိူးပင်များကိုစိုက်ပျိူးနိုင်ဖို့ မျိူးစေ့မှာယူသည့်အခါ ကျွန်းပင်မှမကြွေကြမှီမရင့်မည်ှ့မီ အသီးများကိုဝယ်ယူမိကြပါသည်။ အရပ်  ခေါ်  (ဝါးလုံးသီး)

ိုလတ်လတ်ဆတ်ဆတ်ရရှိသောကျွန်းစေ့သည်အပေါ်ယံအခွံဖော့သဏ္ဏန်  ဆွေးရန်  ခဲခက်သဖြင့် သန္ဓေသားလောင်  ပေါက်ရန်ကျန့်ကြာခြင်များကြောင့် အချိန်ခါမီမပေါက်  ရောက်နိုင်ပါ။

၂။အချိန်ရာသီရွေးချယ်ခြင်း

ကျွန်းစေ့သည်အခွံမာသီးဖြစ်ခြင်းကြောင့် ပူအိုက်စွတ်စိုရာသီဥတုကိုနှစ်သက်ပါသည်။ အများအားဖြင့် ကျွန်းစေ့များအား မရင်မှည့်မှီဒီဇင်ဘာလတွင်စုဆောင်းပျိူးထောင်ခြင်းကြောင့် အပင်  ပေါက်နှုံး အလွန်နည်းပါးခြင်း ခန်ု့မှန်ထားသောအရေတွက်မပြည့်မှီခြင်းများတွေ့ကြုံကြရပါသည်။

ကျွန်းစေ့ပျိူးထောင်မည်ဆိုလျှင်   အထူးသဖြင့်သစ်  တောဝန်ထမ်းများရင်မမောရစေဖို့
မိုးမကုန်ခင်အချိန်  ၈လပိုင်း ၉လပိုင်း ၁၀လပိုင်းအအေးဓာတ်မဝင်ခင်အချိန်တွင်    ဖေဖော်ဝါရီလတွင်စုဆောင်းထားသောမျိူးစေ ကျွန်းမျိူးစေ့များအား Seed bed များတွင်  ပျိူးထောင်ထားသင့်ပါသည်။  မျိူးစေ့များပေါက်အားကောင်းခြင်း ပျိူးပင်ကူးရာတွင်  အပူချိန်သက်သာခြင်း များအပြင်   စိုက်ပျိူးချိန်တွင်  ပျိူးသက်  ၇လ ၈လ အချိန်ရခြင်းကြောင့်ကြံမာသန်စွမ်းပြီးအမြင့် ၁ပေ ၁ပေခွဲပျိူးပင်များ ကိုမြေချစိုက်ပျိူးနိုင်ခြင်းကြောင့်  ဒီဇင်ဘာင်ပင်  သေပင်  ရေတွက်ချိန်  တွင်  လူကြီးမင်းများ၏ ကျွန်းပင်အမြင့်များ  အနိမ့်ဆုံး ၄ပေ ၅ပေ  သေချာပေါက်  ရရှိနေမှာဖြစ်ပါတယ်။

ThitNay Chi
မျိူးစေ့နှင့်ပျိူးပင်  ရောင်းဝယ်  ရေး။၀၉၂၅၄၁၆၀၀၄၉။၀၉၇၉၇၆၉၃၁၁၈

ကျွန်းစေ့ပျိုးထောင်နည်း

ပျိုးနည်းအမျိုးမျိုး ရှိပါတယ်။
ပုံမှန် တလလောက်အချိန်ယူရပါတယ်။
တစ်ချို့လဲ10ရက်နဲ့ ပေါက်အောင် အက်ဆစ်နဲ့ အပေါ်ခွံကိုစိမ်တာလဲတွေ့ရတယ်။
အနည်းငယ် မီးရှို့တာလဲတွေ့ရပါတယ်။
သစ်တောမှာလဲ နည်းအမျိုးမျိုးနဲ့ပျိုးကြတယ်။

ကျမ ခြံမှာပျိုးထောင်နည်းကိုပြောပါမယ်။

1..  မျိုးစေ့အရင့်ကို နေလှန်းပြီးအခွံချွတ်ပါ    ဝယ်ယူတဲ့အစေ့ဆိုရင် ချွတ်ထားပြီးသား။

2..အခွံချွတ်ပြီး မျိုးစေ့ကို          ညပိုင်းရေစိမ်။နေ့ပိုင်း သိပ်မပူလွန်းသောနေရာတွင်ဖြန့်လှန်းပါ။
ထိုနည်အတိုင်း 6ရက်လုပ်ပါ။

3...ပျိုးထောင်မည့် နေရာသည် တနေကုန်နေပူသော အရိပ်မကျသောနေရာကိုရွေးချယ်ပါ။

4 ... ပျိုးဘောင် မြေသားမွနေအောင်ပေါက်ပါ။ ပေါက်ပြီးသဲ။ဖွဲ ဆတူထည့်ပါ။အောက်ခံမြေသားအပေါ် သ ဲဖွဲ
ဆတူ 1လက်မထုရအောင်ထည့်ပါ။

5... ရေစိမ်နေလှန်း 6ရက် လုပ်ထားသေားမျိုးစေ့အား ပျိုးဘောင်သို့ ထည့်ပါ။တစေ့နှင့်တစေ့လက်မတစ်ပြားစာ သို့2cm ခန့်ခွာ၍ ထည့်ပါ။အပေါ်ယံမြှုပ်ရုံလေး သဲဖြူးပါ။

6... ရေတရက်တခါ ရွဲအောင်လောင်းပေးပါ။
ရေလောင်းချိန် နံနက် 10နာရီမှ နေ့ခင်း3နာရီ အတွင်း။ပထမ တရက်ရေလောင်းပြီး အစေ့ပေါ်နေပါက သဲထပ်ဖြူးပေးပါ။ပျိုးဘောင်မှာ  အစေ့အနည်းငယ်ပေါ်နေလို့ရပါတယ်။
လုံးဝ ပေါ်နေတာ ။အောက်ထဲမြှုပ်နေတာမဖြစ်ရပါ။

7... ပျိုးထောင်ချိန်သည် ဆောင်းကုန် နွေဦး ဖေဖေါ်ဝါရီလကုန် အကောင်းဆုံးပါ။အေးတဲ့အချိန် သို့ မိုးတွင်းမကောင်းပါ။25 ရက်မှ 30ရက်အတွင်း
အပင်ပေါက်လာပါမယ်။အရွက် 4ရွက် ထွက်လျင် အသင့်ပြင်ထားသော ပျိုးအိတ်အတွင်း ညနေခင်းအချိန်တွင်ပြောင်းပါ။နေရိပ်တွင်ထားပါ။နေ့စဉ်ရေလောင်းပါ။ရွဲနစ်အောင်မလောင်းရတော့ပါ။
Crd#
 

Related Posts