Myanmar House Logo

Myanmar House

Real Estate in Myanmar

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက် နည်းလမ်း

October 20, 2022 295 views
လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇ အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက် နည်းလမ်း

လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ-၇  
အမည်ပြောင်းဆောင်ရွက်မည့်သူများအတွက် 
နည်းလမ်း
ပုံစံ-၁၀၃ လျှောက်လွှာပုံစံ
၁။ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင် ပုံစံ-၁၀၃ လျောက်လွှာတင်ပြီး အရောင်းအဝယ်စာချုပ်ချုပ်ဆိုရန် မြေစာရင်း ပုံစံ ၁၀၅/၁၀၆ လျောက်ထား ကူးယူပါ။
၂။ အဆိုပါ ၁၀၅/၁၀၆မြေပုံရလျှင် မိမိမြေနေထိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွင် တံဆိပ်ခေါင်းခွန်ထမ်းဆောင်ရန်အတွက် ဇုံအလိုက်သတ်မှတ်နှုန်းထား ဘယ်လောက်သတ်မှတ်တယ်ဆိုတာ သွားရောက်
ကြည့်ရှုပါ။
၃။ သတ်မှတ်နှုန်းထားသိပြီဆိုရင် တန်ဖိုးပေါ်တွင် ၂% အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်အား
မြို့နယ်ပြည်တွင်းအခွန်များဦးစီးဌာနရုံးတွင် သွားရောက်ဝယ်ယူပါ။
၄။ တံဆိပ်ခေါင်းများရလျင် အရောင်းအဝယ်စာချုပ်ရိုက်ပြီး မိမိမြေရှိရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးပါဝင်သော လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ အရှေ့မှောက်တွင် စာချုပ်ချုပ်ဆိုရပါမည်။
၅။ အဆိုပါစာချုပ်အား ရက်ပေါင်း ၁၂၀ အတွင်း မြို့နယ်
လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတွင်
မှတ်ပုံတင်ရပါမည်။ မှတ်ပုံတင်ခမှာ တန်ဖိုးပေါ်တွင် ၀.၅% ပေးသွင်းရပါမည်။
၆။ အဆိုပါမှတ်ပုံတင်စာချုပ်ရပါက စာချုပ်အားအထောက်ထားပြုပြီး ဝယ်သူအမည်ပြောင်းလဲပေးပါရန် အဆိုပါဌာနတွင် ထပ်မံလျောက်ထားရပါမည်။
လိုအပ်သောစာရွက်စာတမ်းများစာရင်း။
(၁) ပုံစံ-၇ မူရင်း
(၂) ၁၀၅/၁၀၆ မူရင်း
(၃) ရောင်းချသူထံမှ မှတ်ပုံတင်ကိုယ်စားလှယ်လွှဲစာယူထားရင် အဆိုပါစာရွက်မူရင်း၊ ပါဝါမရုတ်သိမ်းကြောင်းနှင့် ပါဝါပေးသူသက်ရှိထင်ရှားရှိကြောင်း ကျမ်းကျိန်လွှာမူရင်း
(၄) ရောင်းသူ/ဝယ်သူ မှတ်ပုံတင် သန်ခေါင်စာရင်း
# မူရင်းပို့စ်အား Credit ပေးပါတယ်။
#ဥပဒေရေးရာ 
09262677793

Related Posts