Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော်

October 21, 2022 239 views
အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် ဒါတွေကြိုသိထားမှဖြစ်မယ်နော်

အိမ်လေး၊ခြံဝန်းလေးအပြောင်းအလဲဖြစ်အောင် အလဲအထပ်လုပ်ဖို့ စိတ်ကူးနေပြီလား။ ဒါဆိုရင်တော့ လိုအပ်တဲ့အချက်ကလေးတွေ သိထားဖို့လိုတယ်နော်။

အိမ်ခြံမြေအလဲအထပ်လုပ်တော့မယ်ဆိုရင် သိထားဖို့လိုအပ်တဲ့အချက်တွေကတော့…
 
(၁) အိမ်ခြံမြေပေါက်ဈေးကိုစုံစမ်းပါ

အိမ်ခြံမြေနဲ့ မနီးစပ်ဘူးဆိုရင်တောင် ကိုယ့်ရဲ့အိမ်ဟာ လက်ရှိဘယ်လောက်ပေါက်လဲဆိုတာ အရင်ဆုံးစုံစမ်းပါ။အဲ့ဒါမှ ကိုယ့်အိမ်ပေါက်ဈေးနဲ့ အလဲအထပ်လုပ်နိုင်မယ့်အိမ်ကို အလွယ်တကူ စုံစမ်းနိုင်မှာဖြစ်သလို အိမ်ပေါက်ဈေးတန်ဖိုးအောက် လျော့နည်းပြီး ပေးတာမျိုးလည်း ကြုံရမှာမဟုတ်ပါဘူး။

(၂) နားလည်တတ်ကျွမ်းသူတွေနဲ့အလုပ်လုပ်ပါ

ကိုယ့်နယ်မြေမှာဘယ်လောက်ကျွမ်းကျွမ်း သူများနယ်မြေသွားတော့မယ်ဆိုရင်တော့ တတ်သိနားလည်တဲ့သူရှိဖို့လိုပါတယ်။ဒါကြောင့် အိမ်ခြံမြေအကြောင်းနားမလည်ပဲနဲ့ တစ်ယောက်တည်း ညိနှိုင်းဆွေးနွေးတာမျိုးမလုပ်ပါနဲ့။အိမ်ခြံမြေဥပဒေအကြောင်း သေချာနားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး အလဲအထပ်လုပ်နိုင်မယ့်အိမ်ကို ရှာဖွေစုံစမ်းညှိနှိုင်းပါ။

(၃) အိမ်အလဲအထပ်နဲ့ပတ်သက်တဲ့ဥပဒေတွေလေ့လာထားပါ

အိမ်အလဲအထပ်လုပ်တာနဲ့ပတ်သက်ပြီး လွှဲပြောင်းရမယ့်စာရွက်စာတမ်းတွေအကြောင်း ၊ ညှိနှိုင်းဆောင်ရွက်ရမယ့်ဥပဒေတွေအကြောင်းကြိုတင်လေ့လာထားပါ။အဲ့ဒါမှ အလဲအထပ်လုပ်တဲ့အခါ ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်ပြီး အရှုပ်အရှင်းမရှိမှာဖြစ်ပါတယ်။



(၄) တစ်ဖက်အိမ်အကြောင်းစုံစမ်းပါ

ကိုယ်အလဲအထပ်လုပ်လိုက်တဲ့အိမ်က ကိုယ်စာချုပ်ချုပ်လိုက်တဲ့လူမဟုတ်ပဲ တခြားလူတစ်ယောက်ရဲ့အိမ်ဖြစ်နေမယ်ဆိုရင် ဥပဒေကြောင်းအရ အလုပ်ပိုရှုပ်ပါလိမ့်မယ်။ ဒါကြောင့် အလဲအထပ်မလုပ်ခင် ကိုယ်စာချုပ်ချုပ်မယ့်လူက အိမ်ပိုင်ရှင်စစ်မှန်ရဲ့လား။ အိမ်ပိုင်ရှင်နဲ့ပတ်သက်ရာပတ်သက်ကြောင်းမှန်ကန်ရဲ့လား။ ဥပဒေနဲ့ညီမညီဆိုတာ အရင်ဆုံးလေ့လာစုံစမ်းသင့်ပါတယ်။ 

(၅) သက်ဆိုင်ရာစာချုပ်စာတမ်းများလွှဲပြောင်းယူပါ

အိမ်အလဲအထပ်လုပ်တော့မှာသေချာပြီ ကြိုက်ဈေးတွေ့ပြီဆိုရင် သက်ဆိုင်ရာအိမ်ဂရန်စာချုပ်တွေ၊ အမည်ပေါက်စာရွက်စာတမ်းတွေ လွှဲပြောင်းပေးဖို့၊ လွှဲပြောင်းယူဖို့စီစဉ်ပါ။ လိုအပ်တဲ့စာရွက်စာတမ်းတွေကို ကျွမ်းကျင်သူတွေဆီမေးပြီး တောင်းယူပါ။

(၆) ကိုယ်အလဲအထပ်လုပ်ချင်တဲ့ အိမ်ပတ်ဝန်းကျင်ကိုစုံစမ်းပါ

အိမ်ကိုဘယ်လောက်ပဲကြိုက်ကြိုက် ပတ်ဝန်းကျင်အနေအထားကိုလည်း အရင်စုံစမ်းဖို့လိုပါတယ်။ အိမ်ရဲ့နောက်ကြောင်းရာဇဝင်ကိုလည်း လေ့လာပါ။ ပတ်ဝန်းကျင် ရေခံမြေခံကောင်းမကောင်း၊ သာယာအေးချမ်းမှုရှိမရှိကစလို့ စီးပွားရေးလုပ်မယ်ဆိုရင်လည်း အဆင်ပြေနိုင်မပြေနိုင် အစစအရာရာစုံစမ်းပြီး လုံးဝအဆင်ပြေတယ်၊ ကြိုက်တယ်ဆိုတော့မှ စာချုပ်စာတမ်း အပြည့်အစုံ၊ သက်သေအပြည့်အစုံနဲ့ အလဲအထပ်လုပ်သင့်ပါတယ်။

ဒါတွေကတော့ အိမ်ခြံမြေအလဲအထပ်မလုပ်ခင် ကြိုသိထားသင့်တဲ့ အချက်ကလေးတွေပဲ ဖြစ်ပါတယ်။ မိတ်ဆွေတို့ရော အိမ်အလဲအထပ်လုပ်တာနဲ့ ပတ်သက်ပြီး ဘယ်လိုသဘောထားအမြင်မျိုးရှိမလဲ။ အိမ်အလဲအထပ်လုပ်တဲ့အခါ ဒီအချက်တွေအပြင် အခြားအရေးတကြီးလိုအပ်တဲ့ အချက်မျိုးတွေ၊ သတိထားစရာတွေ ရှိရင်လည်း ဝေမျှပေးခဲ့ကြပါဦးနော်။ 

Credit : Original Uploader

Related Posts