Myanmar House Logo

Myanmar House

Real Estate in Myanmar

သစ်ပင်များကို အစာကျွေးခြင်းဆောင်းပါး

October 21, 2022 252 views
သစ်ပင်များကို အစာကျွေးခြင်းဆောင်းပါး

🌱သစ်ပင်များကို အစာကျွေးခြင်းဆောင်းပါး🌱
=====================================
အပင်များကို အစာကျွေးရာတွင် မှန် (၄) မှန်ရှိသည်။
၁။ အမျိုးအစားမှန်
၂။ အချိန်မှန်
၃။ ပမာဏမှန်
၄။ နေရာမှန် ဟူ၍ဖြစ်သည်။

၁။ အမျိုးအစားမှန်
သီးနှံအမျိုးအစား၊ အပင်၏ကြီးထွားမှု၊ အချိန်ရာသီပေါ်မူတည်၍ အပင်မှ စာသုံးသည့် အာဟာရဓာတ်မှာ ကွာခြားမှုရှိသည်။ 
အပင်မှ အဓိကလိုအပ်သည့် အာဟာရဓာတ် ၁၇ မျိုးအကြောင်းကို ပြီးခဲ့သည့် ခေါင်းစဉ်တွင် အနည်းကျဉ်းဖော်ပြခဲ့ပြီးဖြစ်သည်။ 
ထို့နည်းတူ စိုက်ပျိုးရေးစနစ် ၃မျိုးတွင် ၁မျိုးစီ၏အားသာချက်အားနည်းချက်များနှင့် ၎င်းတို့အပေါ်သုံးသပ်ချက်များကိုလည်း အကျဉ်းမျှ ဖော်ပြပြီးဖြစ်သည်။ 
ထို့ကြောင့် ထိုအချက်များတွင်ပြန်၍ တိုက်ရှုဖတ်ပါလေ။
အဓိကမှာ အပင်မှ တကယ်လိုအပ်သည့်အရာကို တကယ်လိုအပ်ချိန်တွင် အချိန်ကိုက် ပမာဏကိုက်၊ နေရာမှန်၊ အမျိုးအစားမှန် ကျွေးနိုင်ရေးပင်ဖြစ်သည်။

၂။ အချိန်မှန်
အချိန်မှန်ဟုဆိုရာ၌ ရေလောင်းခြင်းမှအစ အစားကျွေးခြင်း၊ ကာကွယ်ဆေး၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးဖြန်းခြင်းတို့ပါ အပါအ၀င် ဖြစ်သည်။
ယေဘုယျအားဖြင့် အပင်ကြီးများအတွက် မြေသြဇာကို တနှစ်လျှင် မိုးဦး၊ မိုးနှောင်းကာလများတွင် အနဲဆုံး ၂ကြိမ် ကျွေးရမည်။ 
ရေလောင်းချိန်ကို နွေရာသီတွင် မနက် ၆-၉နာရီ အတွင်း၊ ဆောင်းရာသီတွင် မနက် ၈-၁၁နာရီ အတွင်း၊ 
ရာသီဥတုနှင့် မြေကြီးအစိုဓာတ်တို့ပေါ်မူတည်၍ မနက်ပိုင်းကိုသာ ရေလောင်းသင့်သည်။ 
နွေရာသီ၌ အပင်များလွန်းလျှင် မနက်ခင်းမနိုင်ပါက ညနေနေအေးချိန်မှာ လောင်းနိုင်သည်။
ထို့နည်းတူ သီးနှံပင်၊ နှစ်ရှည်ပင်အမျိုးအစားပေါ်မူတည်၍ မည်သည့် အချိန်တွင် မည့်သည့်ပိုး၊မည့်သည့်မှိုကျရောက်တတ်သည်ကို ရှေးဦးစွားသိထားနှင့်ပြီး 
၎င်းတို့ကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ဆေးများကြိုတင်ဖြန်းပေးသင့်သည်။ တချို့လဲ ဖြစ်သည့်အချိန်တွင် သိသိချင်းနှိမ်နင်းရသည်လည်းရှိတတ်သည်။

၃။ ပမာဏမှန်
အပင်ငယ်နှင့် အပင်ကြီး အစာမည်သည်က ပိုစားမည်နည်း။ 
တကယ်တမ်း အပင်ငယ်တို့သည် အပင်ကြီးများနှင့် အရွယ်အစား ချင်းနှိုင်းစာလျှင် ပို၍ စားသုံးတတ်ကြသည်။ 
အပင်ကြီးများမှာ ဖူးပွင့်ချိန်၊ အသီးသီးချိန်တို့တွင်သာ လိုအပ်သောဓာတ်ကိုသာ ကျွေးရမည်။ 
ကျန်အချိန်များတွင် အပင်ကြီးထွားရန်အတွက်မူကား အပင်သေးများလောက် မလိုအပ်ပေ။
အဘယ်ကြောင့် ဆိုသော် မြေကြီးထဲရှိအဟာရဓာတ်များကို စွဲယူနိုင်သော အမြစ်များပိုမိုလာ၍ ဖြစ်သည်။ 
အပင်များအစာကျွေးရာ၌ စိုက်ပျိုးရေး လောကတွင် ကြုံတတ်သည့် အမှားတခုမှာ ပမာဏလျှော့ကျွေးခြင်းထက် ပိုကျွေးမိခြင်းက ပို၍ အန္တရာယ်ကြီးပေသည်။

၄။ နေရာမှန်
အထက်ပါအချက်များနည်းတူ နေရာမှန်မှန်ကျွေးနိုင်ခြင်းသည်လည်း အပင်အတွက်အလွန်အရေးပါလှသည်။ 
ယေဘုယျအားဖြင့် အပင်ကြီးမျိုးများ (နှစ်ရှည်ပင်များ)အတွက် အစာကျွေးခြင်းမှာ အစာအမြစ်ရှိသည့်နေရာကို ကျွေးခြင်းဖြစ်သည်။
သို့သော် မြေဆီလွှာအတွင်း အမြစ်များပျံ့နှံ့ပုံအနေအထားမှာ (နှစ်ရှည်ပင်များအတွက်) မြေပေါ်ကိုင်းများ ဖြန့်ထွက်သလောက် အမြစ်များ လည်း ဖြန့်ထွက်တည်ရှိနေသည်။ 
အပင်၏ ဘေးဆုံးအရွက်ဖျား တံစက်မြိတ်အထိ အမြစ်များတည်ရှိသည်။ 
ဆိုလိုသည်မှာ မွန်းတည့် ၁၂နာရီ နေရောင်အပေါ်တည့်တည့်ရှိချိန် အရိပ်ကျသည့်နေရာတဝိုက်အထိ အမြစ်များရှိသည်။ 
ထိုအရိပ်ပြင်တခုလုံးကို အချင်း ၉ပေရှိစက်ဝိုင်းသဏ္ဍာန်မြင်ကြည့်ပါ။ 
ပင်စည်အလယ်မှ ၁ပခွဲအကွာပတ်လည် (အချင်း ၃ပေရှိသော အပင်ခြေမှ စက်ဝိုင်း) အတွင်း အစားများမကျွေးရပါ။ 
ပုံများပြထားသည့်အတိုင်း ကြယ်နေရာသည် ပင်စည်အလယ်ဟုသတ်မှပါက စက်ဝုိင်းငယ်အတွင်း အစားမကျွေးရပါ။ 
မီးခိုးရောင်ပြထားသည့်အတွင်း၌သာ တွင်းငယ်များတူး၍သော်၎င်း၊ 
မြောင်းဖော်၍သော်၎င်း၊ အစာများကျွေး နိုင်ပါသည်။ 
ထိုစက်ဝိုင်းငယ်အတွင်းသည် ပင်စည်နှင့်ကပ်သဖြင့် အကယ်၍မြေသြဇာပြင်းပါက အပင်အတွက် အန္တရာယ်ပင် ဖြစ်စေနိုင်သည်။

crd: စိုက်ပျိုးရေး အထွေထွေ

Related Posts