Myanmar House Logo

Myanmar House

Real Estate in Myanmar

စရံငွေပေးချေပြီးမှ မရောင်းနိုင်တော့ဘူးဆိုရင် လိမ်လည်မှုမြောက်လား

October 21, 2022 71 views
စရံငွေပေးချေပြီးမှ မရောင်းနိုင်တော့ဘူးဆိုရင် လိမ်လည်မှုမြောက်လား

စရံငွေပေးချေပြီးမှ မရောင်းနိုင်တော့ဘူးဆိုရင် လိမ်လည်မှုမြောက်လား
=======================================

မေး။ အိမ်နဲ့ခြံမြေကို ၀ယ်ဖို့အတွက် စရန်ငွေပေးခဲ့ပြီးဖြစ်ပါတယ်။ ငွေအကြေချေဖို့ ရက်ရောက်မှ အဲဒီအိမ်ခြံမြေဟာ အမွေဆိုင်ပစ္စည်းဖြစ်နေလို့ သူ့မောင်နှမတွေက ကန့်ကွက်တဲ့အတွက် မရောင်းတော့ဘူးလို့ပြောပါတယ်။ စရန်ငွေတော့ပြန်ပေးပါတယ်။ ဒါပေမယ့် လိမ်ပြီးရောင်းသလို ဖြစ်တဲ့အတွက် သူ့ကို လိမ်လည်မှုနဲ့ တရားစွဲလို့ရမရ သိလိုပါတယ်။ 

ဖြေ။ ဒါက ပဋိဉာဉ် ဖောက်ဖျက်တာပေါ့။ အရောင်းအဝယ်လုပ်တယ်၊ ပိုက်ဆံ စရန်ယူထားတယ်။ နောက်ကျတော့ မရောင်းတော့ဘူးပြောတယ်။ မရောင်းတာက အကြောင်းအမျိုးမျိုးကြောင့် ဖြစ်နိုင်ပါတယ်။ ခုပြောတဲ့ ကိစ္စကြောင့်လည်းဖြစ်နိုင်တယ်။ အရင်ဝယ်ထားသူထက် စျေးပိုပေးလို့လည်း ဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် ကတိစာချုပ်ကို ဖောက်ဖျက်တဲ့အတွက်ကြောင့် သူက မရိုးမဖြောင့်တဲ့ သဘောမျိုးနဲ့ လုပ်တယ်လို့ပြောလို့မရဘူး။ ဒါနဲ့ပတ်သက်ပြီး မောင်ဖိုးချက် နဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ ၁၉၈၃ မြန်မာနိုင်ငံစီရင်ထုံး၊ စာမျက်နှာ  ၁၃၂ မှာ အဲအတိုင်းဆိုထားပါတယ်။ ဒီဖြစ်စဉ်ကို ကြည့်ရင် ရောင်းစဉ်တုန်းက မရိုးမဖြောင့်တဲ့ သဘောနဲ့ မတရား ငါယူလိုက်မယ်ဆိုတဲ့ ရည်ရွယ်ချက်ရှိလား၊ မရှိဘူးလား.. ဒါက အဓိကပါပဲ။ တကယ်ရောင်းလို့ပဲ စာချုပ်နဲ့ ချုပ်ကြပြီးတော့ ငွေယူတာလေ။ ဒါပေမယ့် ပျက်ကွက်တဲ့သူက အရောင်းအဝယ် ပျက်ကွက်တယ်ဆိုရင် နှစ်ဆ၊ ဝယ်တဲ့သူ ပျက်ကွက်တယ်ဆိုရင် စရန်အဆုံး ဆိုတာ ရှိပြီးသားပါ။ နှစ်ဆ သူကလျော်မယ် ပြောထားတော့ လိမ်လည်မှု မမြောက်ပါဘူးလို့ပဲ ဖြေချင်ပါတယ်။
ပြန်လည်ကူးယူဖော်ပြပါသည်။

Related Posts