Myanmar House Logo

Myanmar House

Real Estate in Myanmar

⚜⚜ ရွှေ၏နောက်ခံသမိုင်း ⚜⚜⚜

October 25, 2022 310 views
⚜⚜ ရွှေ၏နောက်ခံသမိုင်း ⚜⚜⚜

⚜⚜ ရွှေ၏နောက်ခံသမိုင်း ⚜⚜⚜

✅ရွှေကို ရှေးနှစ်ပေါင်းများစွာကတည်းက သတ္တုတို့၏ဘုရင်ဟု အသိအမှတ်ပြုခဲ့ကြ၏။ ရွှေသည် အလွန်လေးလံ၍ အဖိုးတန်သော သတ္တုဒြပ်စင်ဖြစ်၏။
တောက်ပသော အဝါရောင်ရှိ၏။ အရောင်မမှိန်နိုင်သော ဂုဏ်သတ္တိရှိ၏။ သယံဇာတအဖြစ် သဘာဝတွင် ရှားရှားပါးပါးတွေ့ရ၍ လူတို့ ပထမဆုံးအသုံးပြုခဲ့သော သတ္တုတစ်ခုဖြစ်၏။ 
-ရှေးအီဂျစ်လူမျိုး၊ အဆီရီယန်လူမျိုး၊ အီထရက်စတန်လူမျိုးတို့ လက်ထက်မှစ၍ ရွှေကိုတွေ့ရှိခဲ့ပြီး အမြတ်တနိုးသုံးစွဲခဲ့ကြ၏။ ရွှေကို ပထမဆုံးတွေ့ရှိခဲ့သူမှာ ဖိနိချင်း ဆိုသူ အီဂျစ်လူမျိုးဖြစ်သည်ဟုဆို၏။ 
-လွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ခန့်က ရွှေဖြင့်ပြုလုပ်ထားသော လူ့အသုံးအဆောင် ပန်းကန်ခွက်ယောက်များကို မက်ဆိုပိုတေးမီးယားပြည် အာမြို့တော်မှာ တူးဖော်တွေ့ရှိခဲ့ကြ၏။ လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ကျော်ခန့်က ဂရိလူမျိုးများ ဝတ်ဆင်သုံးစွဲခဲ့သော ရွှေနားဆွဲ၊ရွှေလက်ကောက်၊ ရွှေလည်ဆွဲ၊ ရွှေလက်စွပ်စသည်တို့ကို ယခုအခါ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ မက်ထရိုပိုလီတန်ပြတိုက်တွင် တွေ့ရှိနိုင်၏။ 
-မြန်မာနိုင်ငံတွင်လည်း သရေခေတ္တရာ၊ ဗိဿနိုး၊ဟန်လင်း၊ပုဂံ၊ ပင်းယ၊ အင်းဝ၊ တောင်ငူ၊ ညောင်ရမ်း၊ကုန်းဘောင်ခေတ် များက ရွှေထည်လက်ဝတ်ရတနာများကို အမျိုးသားပြတိုက်တွင် တွေ့ရှိနိုင်၏။ 
-ဤကဲ့သို့ ကာလကြာညောင်းစွာ ပုံမပျက်၊ ပန်းမပျက်ဘဲ တည်တံ့နေနိုင်ခြင်းမှာ ရွှေ၏ အရောင်မမှိန်နိုင်သည့် ဂုဏ်အပြင် ချေးမတက်တတ်သည့် ဂုဏ်သတ္တိရှိ ခြင်းကြောင့်ဖြစ်၏။

✅ရွှေတွေ့ရှိရသော အရင်းအမြစ်များ...

ရွှေကို အများအားဖြင့် သတ္တုချည်းသက်သက်တွေ့ရှိရတတ်၏။ ကျောက်ရိုင်းအနေဖြင့်လည်း တွေ့ရတတ်၏။ သတ္တုအနေဖြင့် တွေ့ရှိရလျှင် ရာနှုန်းပြည့် ရွှေစစ်စစ်အဖြစ်မဟုတ်ဘဲ အခြားသတ္တုများနှင့် ရောနှောနေတတ်၏။ အများအားဖြင့် ငွေသတ္တုနှင့်ရောနှောနေတတ်၏။ ကြေးသတ္တုနှင့်လည်း ရောနှောနေတတ်၏။ 
-ရွှေကို အထူးသဖြင့် အဝါရောင်သတ္တုကျောက်ရိုင်းတစ်မျိုးမှ ရရှိတတ်၏။ ၎င်းတွင်းထွက်ကျောက်ရိုင်းတွင် ရွှေအများဆုံးပါဝင်တတ်၏။ ၎င်းကျောက်ရိုင်းမျိုးကို Calaverite ကလာဗာရိုက် ဟုခေါ်၏။  
-ရွှေကိုကျောက်တုံးများအတွင်း၌လည်းကောင်း၊ပင်လယ်ရေ၌လည်းကောင်း၊ ပင်လယ်ရေအောက်နုန်းတင်မြေ၌လည်းကောင်း၊မြေကြီးထဲ၌လည်းကောင်း တွေ့နိုင်၏။ လူ၏ခန္ဓာကိုယ်ပေါ်တွင်လည်း ရွှေကိုတွေ့ရ၏။ အလေးချိန် ၁၀တန်ရှိသော ဆံပင်များကို ကျိုချက်ကြည့်သောအခါ ရွှေတစ်အောင်စ ရရှိသည်ဟု သိရ၏။ ပင်လယ်ထဲတွင် ဟိုလိုသူရီယန်(Holothurian) ငါးတစ်ကောင်တွင် ရွှေပါဝင်မှု PPM – 0.024 နှင့် 0.03 ပါဝင်သည်ဆို၏။ (PPM = Part Per Million)

✅ကမ္ဘာ့အကြီးဆုံးရွှေတုံးကြီး...

ကမ္ဘာပေါ်တွင် သဘာဝအလျောက်တွေ့ခဲ့ရသော ရွှေတုံးများအနက် အကြီးဆုံးရွှေတုံးမှာ ၁၈၆၉ ခုနှစ်က သြစတြေးလျနိုင်ငံ ဝိတိုရိယဒေသတွင် ရရှိခဲ့သော အလေးချိန် ၂၂၈၄ အောင်စရှိသည့် Welcome Stranger (ခေါ်) ဧည့်သည်တော်ဟု အမည်တွင်သော ရွှေတုံးကြီးဖြစ်၏။ -အင်္ဂလန်၌တွေ့ရသော ရွှေုတုံးကြီးမှာလည်း ၂၂၁၇ အောင်စရှိ၏။ သြစတြီးယားပြည့်၌လည်း ၁၉ပိဿာ ရှိ ရွှေတုံးကြီးတွေ့ရှိခဲ့၏။

-ဤစာစုကို ကောက်နှုတ် ရေးသားပြုစုပေးသောဆရာ ဦးရဲမာန်အောင် အား လေးစားစွာ crd ပေးပါသည်.. 
(ဆရာကျီးသဲညွန့်နိုင်၏ “ရွှေသုတေသန” ဆောင်းပါးများမှ ကောက်နှုတ်ကူးယူဖော်ပြပါသည် ဟု သိရှိရပါသည်)

လေးစားစွာဖြင့်
Credit....

Related Posts