Myanmar House Logo

Myanmar House

Real Estate in Myanmar

အိမ်ရဲ့ သက်ရှိပန်းချီကားလေးများ ( သို့ ) ပြတင်းပေါက်များ ထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ

October 25, 2022 197 views
အိမ်ရဲ့ သက်ရှိပန်းချီကားလေးများ ( သို့ ) ပြတင်းပေါက်များ ထားရှိခြင်းရဲ့ အကျိုးကျေးဇူးများ

အိမ်တိုင်းအိမ်တိုင်းမှာ ရှိတတ်တဲ့ ပြတင်းပေါက်လေးတွေဟာ ပြင်ပဝန်းကျင်ကို ဘောင်ခတ်ပြီး ကြည့်နေသလိုလေးမို့ သက်ရှိပန်းချီကားလေး တစ်ချပ်လိုပါပဲ။ မီးသီးတွေ မပေါ်သေးတဲ့ ရှေးယခင်ကဆိုရင် အခန်းတွင်း အလင်းရောင် ကောင်းကောင်းရရှိဖို့အတွက် အလင်းပြန်ခြင်း၊ အလင်းယိုင်ခြင်း စတဲ့ ဖြစ်စဉ်တွေကို ဗိသုကာ ပညာရှင်များက သေချာတွက်ချက်ကာ ပြတင်းပေါက်ငယ်လေးများ ထားရှိပြီး ဆောက်လုပ်ကြရလေ့ ရှိပါတယ်။ ယခုခေတ်မှာတော့ အလင်းရောင်ပေးနိုင်မယ့် မီးလုံး၊ ဖန်ချောင်းမျိုးစုံ ပေါ်ထွက်လာပြီ ဖြစ်ပေမယ့် ဒါတွေဟာ အချိန်ကြာလာတာနဲ့အမျှ အိမ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းစေတာကြောင့် သဘာ၀ အလင်းရောင်၊ သဘာ၀ လေထုနဲ့ ထိတွေ့နိုင်ဖို့အတွက် ပြတင်းပေါက်လေးတွေကို မပါမဖြစ် ထည့်သွင်းဆောက်လုပ်ကြရပါတယ်။  အလင်းရောင်ကောင်းကောင်းရရှိခြင်း၊ လေဝင်လေထွက် ကောင်းခြင်း စတဲ့ အချက်တွေကြောင့် အဆောက်အဦးတိုင်းနီးပါးမှာ ပြတင်းပေါက်များ ထားရှိလေ့ ရှိပါတယ်။ အံ့သြစရာ ကောင်းတာကတော့ ပြတင်းပေါက်တွေဟာ ဒီအချက်တွေအပြင် နောက်ထပ်ကောင်းကျိုးတွေလည်း ရှိပါသေးတယ်။ ဘာတွေလဲ ဆိုတာကိုတော့ အောက်မှာဆက်ကြည့်လိုက်ရအောင်....

၁။ စွမ်းအင်ချွေတာရေး

ပြတင်းပေါက်တွေဟာ အိမ်ရဲ့ စွမ်းအင်ချွေတာရေးအတွက် သော့ချက်ကျတဲ့ အခန်းကဏ္ဍမှ ပါဝင်ပါတယ်။ ပြတင်းပေါက်တွေ ဖွင့်ထားခြင်းဖြင့် အခန်းတွင်း အလင်းရောင် ရရှိမှု ကောင်းမွန်စေကာ အခန်းကို နွေးထွေးစေပါတယ်။ အထူးသဖြင့် အေးတဲ့ ရာသီဥတုတွေမှာ အိမ်တွင်း လေထုစိုထိုင်းမှုကို လျော့ကျစေကာ နွေးထွေးစေပြီး ပူပြင်းတဲ့ နွေရာသီလတွေမှာလည်း လေဝင်လေထွက်ကောင်းကောင်း ရရှိတဲ့ ပြတင်းပေါက်လေးတွေဟာ အိမ်တွင်းအပူချိန်ကို လျော့ကျစေလို့ စွမ်းအင်အတွက် ကောင်းမွန်တဲ့ ရလဒ်တွေကို ရရှိစေနိုင်ပါတယ်။ 


၂။ ပြတင်းပေါက်နဲ့ စိတ်ပညာ 

ပြတင်းပေါက်တွေဟာ လူတွေရဲ့ စိတ်ခံစားမှုတွေကိုလည်း တည်ငြိမ်စေပါတယ်။ ဥပမာ စိတ်တိုနေတဲ့ အချိန်၊ စိတ်ညစ်နေတဲ့အချိန် ပြတင်းပေါက်ကနေ အပြင်ကို လှမ်းကြည့်မယ်၊ အပြင်လေကို ရှုရှိုက်လိုက်မယ်ဆိုရင် တင်းနေတဲ့ စိတ်တွေ ပြေလျော့သွားစေတာမျိုးပါ။ လေ့လာမှုတွေအရ အထူးသဖြင့် နေရောင်ခြည်နဲ့ သဘာ၀ လေထု ထိတွေ့မှု နည်းပါးတဲ့ လူတွေဟာ ဒေါသထွက်လွယ်၊ စိတ်ကျလွယ်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှုနည်းပါးတာကို တွေ့ရပါတယ်။ 

၃။  လွတ်လပ်ခြင်း

ပြတင်းပေါက်မရှိတဲ့ နေအိမ်ကို စိတ်ကူးယဉ်ကြည့်မိရင်တောင် အိမ်ဟာ မည်းမှောင်ပြီး ကျဉ်းကျပ်နေတဲ့ ခံစားချက်ကို ခံစားရနိုင်ပါတယ်။ မီးသီး၊ မီးလုံးများနဲ့ အခန်းတွင်းကို လင်းစေလို့ ရပေမယ့် သဘာ၀ အလင်းရောင် မဟုတ်တဲ့အတွက် ပိတ်လှောင်ခြင်း၊ အထီးကျန်ခြင်း စတဲ့ ခံစားချက်တွေကိုတော့ ခံစားရစေပါတယ်။ ဒါကြောင့် စိတ်တွေမွန်းကြပ်နေတဲ့ အချိန်တွေမှာ ပြတင်းပေါက်လေးတွေ ဖွင့်ထားဖို့ မမေ့နဲ့နော်။ 

Credit : Original Uploader 

Related Posts